ကြၽန္ေတာ္ညံ့လို႔ ရႈံးရတဲ့အတြက္ အသင္းေဖာ္မ်ားနဲ႔ ပရိသတ္မ်ားကို ေတာင္းပန္ပါတယ္ဆိုတဲ့ စိုင္းစိုင္းခမ္းလႈိင္

For Zawgyi

ကြၽန္ေတာ္ညံ့လို႔ ရႈံးရတဲ့အတြက္ အသင္းေဖာ္မ်ားနဲ႔ ပရိသတ္မ်ားကို ေတာင္းပန္ပါတယ္ဆိုတဲ့ စိုင္းစိုင္းခမ္းလႈိင္

ပရိသတ္ေတြ စိတ္ဝင္တစားနဲ႔ ေစာင့္ေမွ်ာ္ ၾကည့္ရႈခဲ့ရတဲ့ မႏၲေလးၿမိဳ႕၊ မႏၲလာသီရိေဘာလုံးကြင္းမွာ က်င္းပ ျပဳလုပ္မည့္ Royal Club Cup 2019 အႏုပညာရွင္ေပါင္းစုံ ေလးသင္းပတ္လည္ ဖိတ္ေခၚေဘာလုံးၿပိဳင္ပြဲႀကီးကေတာ့ ေအာင္ေအာင္ျမင္ျမင္နဲ႔ ၿပီးဆုံးသြားၿပီပဲ ျဖစ္ပါတယ္ ။ အႏုပညာရွင္ေတြက ႀကိဳးစားပမ္းစား ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ေနာက္ဆုံးမွာေတာ့ Model FC အသင္းႀကီးက အႏိုင္ရ ဗိုလ္စြဲသြားခဲ့တာ ျဖစ္ပါတယ္ ။

စိုင္းစိုင္းခမ္းလႈိင္ ပါဝင္ကစားခဲ့တဲ့ Music FC အသင္းႀကီးကေတာ့ ပထမေန႔မွာ Model FC အသင္းကို ရႈံးနိမ့္ခဲ့ရၿပီး ဒုတိယေန႔ တတိယေနရာ ဗိုလ္လုပြဲမွာေတာ့ Forever FC အသင္းႀကီးကို ရႈံးနိမ့္ခဲ့ရတာ ျဖစ္ပါတယ္ ။ Music FC အသင္းႀကီးမွာ ဂိုးသမားအျဖစ္ ပါဝင္ကစားခဲ့တဲ့ စိုင္းစိုင္းခမ္းလႈိင္ကလည္း “ဒီေန႔ က်ေနာ္ ညံ့လို႔ ရႈံးရတဲ့အတြက္ အသင္းေဖာ္မ်ားနဲ႔ ပရိသတ္မ်ားကို ေတာင္းပန္ပါတယ္ခင္ဗ်ာ ။” ဆိုၿပီး စိတ္မေကာင္းစြာ ေျပာထားပါတယ္ ။

စိုင္းစိုင္းခမ္းလႈိင္ကေတာ့ Music FC အသင္းႀကီး ရႈံးနိမ့္ခဲ့ရတာ သူ႔ေၾကာင့္ပါဆိုၿပီး စိတ္မေကာင္း ျဖစ္ေနတာပဲ ျဖစ္ပါတယ္ ။ ဒါေပမယ့္ Music FC အသင္းသားေတြနဲ႔ ပရိသတ္ေတြကေတာ့ စိုင္းစိုင္းဘက္က ရပ္တည္အားေပးခဲ့ၾကတာကို ေတြ႕ရပါတယ္ ။ စိုင္းစိုင္းခမ္းလႈိင္ကေတာ့ ဂိုးသမားတစ္ေယာက္အေနနဲ႔ ႏွစ္ရက္စလုံးမွာ အေကာင္းဆုံး ႀကိဳးစားခဲ့တာကို ေတြ႕ျမင္ရပါတယ္ ။ ဒါေပမယ့္ အရႈံးအႏိုင္က အဓိကမဟုတ္ပဲ ယွဥ္ၿပိဳင္ျခင္းသာ အဓိကမို႔ ပရိသတ္ေတြလည္း ထိုပြဲေလးကိုၾကည့္ၿပီး ေက်နပ္ခဲ့ၾကမယ္ ထင္ပါတယ္ေနာ္ ။

Source: Sai Sai Kham Leng’s fb

For Unicode

ကျွန်တော်ညံ့လို့ ရှုံးရတဲ့အတွက် အသင်းဖော်များနဲ့ ပရိသတ်များကို တောင်းပန်ပါတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်မျှော် ကြည့်ရှုခဲ့ရတဲ့ မန္တလေးမြို့၊ မန္တလာသီရိဘောလုံးကွင်းမှာ ကျင်းပ ပြုလုပ်မည့် Royal Club Cup 2019 အနုပညာရှင်ပေါင်းစုံ လေးသင်းပတ်လည် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီးကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ် ။ အနုပညာရှင်တွေက ကြိုးစားပမ်းစား ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံးမှာတော့ Model FC အသင်းကြီးက အနိုင်ရ ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ် ။

စိုင်းစိုင်းခမ်းလှိုင် ပါဝင်ကစားခဲ့တဲ့ Music FC အသင်းကြီးကတော့ ပထမနေ့မှာ Model FC အသင်းကို ရှုံးနိမ့်ခဲ့ရပြီး ဒုတိယနေ့ တတိယနေရာ ဗိုလ်လုပွဲမှာတော့ Forever FC အသင်းကြီးကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ် ။ Music FC အသင်းကြီးမှာ ဂိုးသမားအဖြစ် ပါဝင်ကစားခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ကလည်း “ဒီနေ့ ကျနော် ညံ့လို့ ရှုံးရတဲ့အတွက် အသင်းဖော်များနဲ့ ပရိသတ်များကို တောင်းပန်ပါတယ်ခင်ဗျာ ။” ဆိုပြီး စိတ်မကောင်းစွာ ပြောထားပါတယ် ။

စိုင်းစိုင်းခမ်းလှိုင်ကတော့ Music FC အသင်းကြီး ရှုံးနိမ့်ခဲ့ရတာ သူ့ကြောင့်ပါဆိုပြီး စိတ်မကောင်း ဖြစ်နေတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် Music FC အသင်းသားတွေနဲ့ ပရိသတ်တွေကတော့ စိုင်းစိုင်းဘက်က ရပ်တည်အားပေးခဲ့ကြတာကို တွေ့ရပါတယ် ။ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဂိုးသမားတစ်ယောက်အနေနဲ့ နှစ်ရက်စလုံးမှာ အကောင်းဆုံး ကြိုးစားခဲ့တာကို တွေ့မြင်ရပါတယ် ။ ဒါပေမယ့် အရှုံးအနိုင်က အဓိကမဟုတ်ပဲ ယှဉ်ပြိုင်ခြင်းသာ အဓိကမို့ ပရိသတ်တွေလည်း ထိုပွဲလေးကိုကြည့်ပြီး ကျေနပ်ခဲ့ကြမယ် ထင်ပါတယ်နော် ။

Source: Sai Sai Kham Leng’s fb