ခေတ်သစ် မင်းသမီးလေးတွေရဲ့ကြော်ငြာရိုက်ကွင်းကပုံတွေ ဝေမျှပေးလိုက်တဲ့ မထက်

မန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးသော အနုပညာရှင်တွေထဲက နှစ်ဦးဖြစ်တဲ့ အဆိုတော် လင်းလင်းနဲ့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေတို့ ဇနီးမောင်နှံရဲ့အမြွာသမီးလေးတွေဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ ညီအမနှစ်ဦးကတော့ အချစ်တွေအပြည့်အဝရရှိဖို့ မွေးဖွားလာတဲ့ လူသားလေးတွေဆိုလည်း မမှားပါဘူး။

လတ်တလောမှာတော့ မိတ်ကပ် မထက်က ချစ်စရာ မင်းသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ရဲ့ကြော်ငြာရိုက်ကွင်းက ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ခေတ်နဲ့ သစ်လေးကတော့ မိဘနှစ်ပါးနဲ့တူရင် အောင်မြင်တဲ့ အနုပညာရှင်တွေ ဖြစ်လာမှာ အသေအချာပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ငယ်ငယ်လေးကတည်းက ကြော်ငြာတွေ ရိုက်ကူးနေရတဲ့ မင်းသမီးချောလေး ခေတ်နဲ့ သစ်တို့ရဲ့ ကြော်ငြာရိုက်ကွင်းက ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မထက်ကတော့ “သဲခေတ်လေးသစ်လေးကြော်ငြာရိုက်မှာ♥” ဆိုပြီး အကျီင်္ဆင်တူလေးနဲ့ ကြော်ငြာရိုက်နေတဲ့ ချစ်သုဝေတို့ရဲ့အမြွာ သမီးလေးနှစ်ယောက်ရဲ့ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။ အဆိုပါကြော်ငြာရိုက်ကွင်းမှာတော့ ခေတ်နဲ့သစ်က ဖေဖေကြီး လင်းလင်းရယ်၊ မေမေချစ်သုဝေရယ်နဲ့အတူ ရိုက်ကူးနေကြတာပဲဖြစ်ပါတယ်။

အကျီင်္ဆင်တူလေးတွေနဲ့ ကြော်ငြာရိုက်ကူးနေတဲ့ ခေတ်နဲ့ သစ်လေးတို့ရဲ့ဗီဒီယို

သမီးတွေကို အသေးစိတ်ကအစ ဂရုတစိုက်နဲ့ သေချာပြုစုပျိုးထောင်နေတဲ့ မေမေချစ်သုဝေကတော့ သမီးလေးတွေအတွက် ဘာပဲဖြစ်ဖြစ် သူမကိုယ်တိုင် လုပ်ပေးရမှ ကျေနပ်တဲ့ မိခင်တစ်ဦးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချစ်သုဝေက အနုပညာအလုပ်တွေလုပ်ရင်း စီးပွားရေးကိုလည်း ကြိုးစားလုပ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း နွေးထွေးမှုအပြည့်နဲ့ ကြော်ငြာရိုက်ကူးနေတဲ့ လင်းလင်းတို့ မိသားစုလေးကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Htet Htet Htet’s Facebook