မဂၤလာ သတင္းၾကားရေတာ့မယ့္ ႏိုင္းဝမ္းတို႔ စံုတြဲ

အဆို​ေတာ္​ ႏိုင္​းဝမ္​းက​ေတာ့ သီခ်င္းေအးေအးေလးေတြနဲ့ ပရိသတ္​​ေတြ​ေႂကြတဲ့ အႏုပညာကို ဖန္​တီးထားႏိုင္​သူတစ္​ဦးျဖစ္​ၿပီး သာယာ​ေပ်ာ္​ရႊင္​တဲ့ အခ်စ္​​ေရးကိုလည္​း ပိုင္​းဆိုင္​ထားသူတစ္​ဦးပါ။ လတ္​တ​ေလာမွာ​ေတာ့ ၁၀ႏွစ္ေက်ာ္ၾကာ တြဲလက္ျမဲခဲ့တဲ့ ခ်စ္သူနဲ႔ မဂၤလာသတင္းအေၾကာင္း ပတ္သက္ၿပီး ျပင္ဆင္ေနတာေတြကို ေျပာျပသြားပါတယ္။

မဂၤလာေဆာင္ဖို႔က နီးေနၿပီ။ အခုက ပိုက္ဆံစုေနတာပါ။ ကြၽန္ေတာ္ကေတာ့ ခမ္းခမ္းနားနားေလးလုပ္ေပးခ်င္တာေပါ့ေနာ္ ဒါေပမယ့္ ကြၽန္ေတာ့္ေကာင္မေလးက အက်ယ္မခ်ဲ့ခ်င္ဘူး အဓိက ကိုယ္တို႔ႏွစ္ေယာက္ ေရ႐ွည္လက္တြဲခိုင္ျမဲဖို႔ဆိုေပမယ့္ ကြၽန္ေတာ္ကေတာ့ ေယာက္်ားေလးဆိုေတာ့ ခမ္းခမ္းနားနားေလးလုပ္ေပးခ်င္တာေပါ့။ ၂၀၂၀ေလာက္ေတာ့ ေဆာင္ျဖစ္မယ္ထင္တယ္ အဲ့အတြက္လည္းႀကိဳးစားေနပါတယ္။ဘဝမွာ အေရးႀကီးဆံုးက အေမနဲ႔သူနဲ႔ပါပဲ။ ၿပီးေတာ့ ကြၽန္ေတာ့္ညီေလး႐ွိတယ္ သူက ေယာက္်ားေလးလည္းျဖစ္တယ္ ၿပီးေတာ့ သူနဲ႔ကြၽန္ေတာ္က အသက္လည္းသိပ္မကြာဘူး။ အားလံုး ကိုယ့္ေျခေထာက္ေပၚကို ရပ္တည္ေနၾကတာဆိုေတာ့ အဓိက အေမနဲ႔သူက က်ြန္ေတာ့္ဘဝအတြက္ အေရးႀကီးတဲ့မိန္းမသားႏွစ္ေယာက္ပါ။ အဲ့ထက္လည္းပိုၿပီး မႏိႈင္းတတ္ေတာ့ဘူး သူနဲ႔အေမ႐ွိလို႔သာ အခုခ်ိန္ထိ အသက္႐ွင္ေနေသးတာပါ။

ကြၽန္ေတာ္ အေမနဲ႔သူကို ေျပာဖူးတယ္ ကြၽန္ေတာ့္ဘဝမွာ သူသာမ႐ွိခဲ့ရင္ မ႐ွိေတာ့ရင္ ရဟန္းခံမွာပါ။ သူမ႐ွိေတာ့တဲ့ေန႔ ကြၽန္ေတာ္ရဟန္းေဘာင္ပဲ ဝင္မွာေပါ့ေနာ္။ သူဆိုတဲ့ သံေယာဇဥ္ေၾကာင့္ ပုထုဇဥ္လူသားတစ္ေယာက္အေနနဲ႔ ဆက္ၿပီး ေနေနတာပါ။ ကြၽန္ေတာ္က ရဟန္းအရမ္းဝတ္ခ်င္တာ သေဘာက်တယ္ ရဟန္းေဘာင္မွာပိုေပ်ာ္တယ္။အေမကလည္းအားေပးတယ္ အေမက ကြၽန္ေတာ္ ရဟန္းခံသြားလည္း ကိစၥမ႐ွိေပမယ့္ သူက်ေတာ့ ကြၽန္ေတာ္သာ သူ႔ေဘးမွာ မ႐ွိေတာ့ရင္ သူ႔ကို တစ္သက္လံုးေစာင့္ေ႐ွာက္မယ့္သူမ႐ွိေတာ့ဘူး။ သူ႔ သံေယာဇဥ္ေလးေၾကာင့္သာ အခုခ်ိန္ထိ သာသနာေဘာင္ထဲမဝင္ျဖစ္တာပါ။

ကြၽန္ေတာ္ တစ္ခါတစ္ေလ ရဟန္းဝတ္ရင္ လနဲ႔ ခ်ီၿပီးၾကာတယ္။ သာသနာေဘာင္မွာ အရမ္းေပ်ာ္တယ္။ ဒါေပမယ့္ သူ႔ကိုေတာ့ ငါသာသနာေဘာင္ထဲမွာပဲေနေတာ့မယ္ဆိုၿပီး လမ္းမခြဲခ်င္ဘူး။ ဒါေပမယ့္ သူ႔ကိုေျပာထားတာေတာ့ ႐ွိတယ္။ ကြၽန္ေတာ္ အသက္ငါးဆယ္ေလာက္ေရာက္ရင္ သူ႔အတြက္လည္း ဘဝတစ္ေလွ်ာက္လံုးအတြက္ အေျခအေနတစ္ခုဖန္တီးေပးၿပီးရင္ ကြၽန္ေတာ္ သာသနာေဘာင္အၿပီးဝင္ျဖစ္ေလာက္တယ္။

သူကအရမ္း႐ိုးသားတယ္။ အဲ့ဒါေၾကာင့္ သူ႔ကိုေႂကြမိတာလည္းပါတာေပါ့ေနာ္။ သူနဲ႔ေတြ႔တာ ၉တန္း ၁၀တန္းအရြယ္ ငယ္ငယ္ေလးထဲကစတြဲတာဆိုေတာ့ အခုခ်ိန္ထိ သူကအရမ္းျဖဴစင္တယ္ ႐ိုးသားတယ္။ ငယ္ငယ္ထဲကခ်စ္ခဲ့ရတဲ့သူပါပဲ။ ဒါေပမယ့္ ၾကားထဲမွာ ၂၀၁၄ေလာက္က ကြၽန္ေတာ္နဲ႔သူ တစ္ႏွစ္ေလာက္ျပတ္သြားေသးတယ္။ အေၾကာင္းအရင္းကေတာ့ ကြၽန္ေတာ္ အရမ္းဆိုးလို႔ပါ။ သူနဲ႔စေတြ႔တာ ၇ရက္ ၉လ ၂၀၀၉မွာဆိုေတာ့ အခုဆို ၁၀ႏွစ္႐ွိပါၿပီ။ ၾကားထဲမွာ ကြၽန္ေတာ့္မိုက္ျပစ္ေတြနဲ႔ ျပတ္သြားတဲ့ဆိုေပမယ့္ အခုခ်ိန္မွာေတာ့ အရာအားလံုးအဆင္ေျပသြားပါၿပီ။ လို႔ သူရဲ႕အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ပရိတ္ေတြကုိ ေျပာျပသြားခဲ့ပါတယ္။

Unicode

အဆိုတော် နိုင်းဝမ်းကတော့ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေကြွေတဲ့ အနုပညာကို ဖန်တီးထားနိုင်သူတစ်ဦးဖြစ်ပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးကိုလည်း ပိုင်းဆိုင်ထားသူတစ်ဦးပါ။ လတ်တလောမှာတော့ ၁၀နှစ်ကျော်ကြာ တွဲလက်မြဲခဲ့တဲ့ ချစ်သူနဲ့ မင်္ဂလာသတင်းအကြောင်း ပတ်သက်ပြီး ပြင်ဆင်နေတာတွေကို ပြောပြသွားပါတယ်။

မင်္ဂလာဆောင်ဖို့က နီးနေပြီ။ အခုက ပိုက်ဆံစုနေတာပါ။ ကျွန်တော်ကတော့ ခမ်းခမ်းနားနားလေးလုပ်ပေးချင်တာပေါ့နော် ဒါပေမယ့် ကျွန်တော့်ကောင်မလေးက အကျယ်မချဲ့ချင်ဘူး အဓိက ကိုယ်တို့နှစ်ယောက် ရေရှည်လက်တွဲခိုင်မြဲဖို့ဆိုပေမယ့် ကျွန်တော်ကတော့ ယောက်ျားလေးဆိုတော့ ခမ်းခမ်းနားနားလေးလုပ်ပေးချင်တာပေါ့။ ၂၀၂၀လောက်တော့ ဆောင်ဖြစ်မယ်ထင်တယ် အဲ့အတွက်လည်းကြိုးစားနေပါတယ်။ဘဝမှာ အရေးကြီးဆုံးက အမေနဲ့သူနဲ့ပါပဲ။ ပြီးတော့ ကျွန်တော့်ညီလေးရှိတယ် သူက ယောက်ျားလေးလည်းဖြစ်တယ် ပြီးတော့ သူနဲ့ကျွန်တော်က အသက်လည်းသိပ်မကွာဘူး။ အားလုံး ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နေကြတာဆိုတော့ အဓိက အမေနဲ့သူက ကျွန်တော့်ဘဝအတွက် အရေးကြီးတဲ့မိန်းမသားနှစ်ယောက်ပါ။ အဲ့ထက်လည်းပိုပြီး မနှိုင်းတတ်တော့ဘူး သူနဲ့အမေရှိလို့သာ အခုချိန်ထိ အသက်ရှင်နေသေးတာပါ။

ကျွန်တော် အမေနဲ့သူကို ပြောဖူးတယ် ကျွန်တော့်ဘဝမှာ သူသာမရှိခဲ့ရင် မရှိတော့ရင် ရဟန်းခံမှာပါ။ သူမရှိတော့တဲ့နေ့ ကျွန်တော်ရဟန်းဘောင်ပဲ ဝင်မှာပေါ့နော်။ သူဆိုတဲ့ သံယောဇဉ်ကြောင့် ပုထုဇဉ်လူသားတစ်ယောက်အနေနဲ့ ဆက်ပြီး နေနေတာပါ။ ကျွန်တော်က ရဟန်းအရမ်းဝတ်ချင်တာ သဘောကျတယ် ရဟန်းဘောင်မှာပိုပျော်တယ်။အမေကလည်းအားပေးတယ် အမေက ကျွန်တော် ရဟန်းခံသွားလည်း ကိစ္စမရှိပေမယ့် သူကျတော့ ကျွန်တော်သာ သူ့ဘေးမှာ မရှိတော့ရင် သူ့ကို တစ်သက်လုံးစောင့်ရှောက်မယ့်သူမရှိတော့ဘူး။ သူ့ သံယောဇဉ်လေးကြောင့်သာ အခုချိန်ထိ သာသနာဘောင်ထဲမဝင်ဖြစ်တာပါ။

ကျွန်တော် တစ်ခါတစ်လေ ရဟန်းဝတ်ရင် လနဲ့ ချီပြီးကြာတယ်။ သာသနာဘောင်မှာ အရမ်းပျော်တယ်။ ဒါပေမယ့် သူ့ကိုတော့ ငါသာသနာဘောင်ထဲမှာပဲနေတော့မယ်ဆိုပြီး လမ်းမခွဲချင်ဘူး။ ဒါပေမယ့် သူ့ကိုပြောထားတာတော့ ရှိတယ်။ ကျွန်တော် အသက်ငါးဆယ်လောက်ရောက်ရင် သူ့အတွက်လည်း ဘဝတစ်လျှောက်လုံးအတွက် အခြေအနေတစ်ခုဖန်တီးပေးပြီးရင် ကျွန်တော် သာသနာဘောင်အပြီးဝင်ဖြစ်လောက်တယ်။

သူကအရမ်းရိုးသားတယ်။ အဲ့ဒါကြောင့် သူ့ကိုကြွေမိတာလည်းပါတာပေါ့နော်။ သူနဲ့တွေ့တာ ၉တန်း ၁၀တန်းအရွယ် ငယ်ငယ်လေးထဲကစတွဲတာဆိုတော့ အခုချိန်ထိ သူကအရမ်းဖြူစင်တယ် ရိုးသားတယ်။ ငယ်ငယ်ထဲကချစ်ခဲ့ရတဲ့သူပါပဲ။ ဒါပေမယ့် ကြားထဲမှာ ၂၀၁၄လောက်က ကျွန်တော်နဲ့သူ တစ်နှစ်လောက်ပြတ်သွားသေးတယ်။ အကြောင်းအရင်းကတော့ ကျွန်တော် အရမ်းဆိုးလို့ပါ။ သူနဲ့စတွေ့တာ ၇ရက် ၉လ ၂၀၀၉မှာဆိုတော့ အခုဆို ၁၀နှစ်ရှိပါပြီ။ ကြားထဲမှာ ကျွန်တော့်မိုက်ပြစ်တွေနဲ့ ပြတ်သွားတဲ့ဆိုပေမယ့် အခုချိန်မှာတော့ အရာအားလုံးအဆင်ပြေသွားပါပြီ။ လို့ သူရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိတ်တွေကို ပြောပြသွားခဲ့ပါတယ်။