Source:Eaindra Kyaw Zin
NORA: CeleGabar
(Unicode ဖြင့်ဖတ်ရန်)
ချစ်စရာကောင်းလွန်းတဲ့ တူမလေးမေတိုးခိုင်နဲ့အတူ Red Carpet Show ကိုတက်ရောက်ခဲ့တဲ့ အူဝဲ
မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က ပရိသတ်အာပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အပြင် တောင့်တင်းတဲ့ ပရိသတ် Army ကြီးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ မြန်မာနိုင်ငံရဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ အပြင် အနုပညာမှာသာမက မိသားစုအရေးမှာပါ ပရိသတ်တွေ စံပြထားရလောက်တဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ပီပီ ပရိသတ်တွေအတွက် အမြဲ သုတ ရသအစုံကို ကိုယ်တိုင်ခံစားသွားစေလောက်တဲ့အထိ ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။
ပရိသတ်တွေက ချစ်စနိုးတဲ့ အူဝဲလို့ ခေါ်ကြတဲ့ သူမက မင်းသား ပြေတီဦးနဲ့အတူ သာယာ ခိုင်မြဲတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မေမေတစ်ယောက်လည်းဖြစ်ပါတယ်။ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေယခုမြင်တွေ့ရမယ့် ပွဲတက်ပုံရိပ်တွေကတော့ လုံးဝကို အပျိုရံှုးလောက်အောင် လှနေတဲ့ အူဝဲရဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။
ယခုပွဲလေးကတော့ “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကိုတက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေမြင်တွေ့ရမှာပါ။ ထူးခြားမှုအနေနဲ့ကတော့ အူဝဲက ချစ်စရာကောင်းတဲ့ တူမလေး မေတိုးခိုင်နဲ့အတူ လက်တွဲပြီး ပွဲတက်ခဲ့တာဖြစ်ပါတယ်။ လူအများကြားမှာ ကိုယ်ရောင်တွေ တောက်ပစွာနဲ့ အရမ်းကိုလှနေတဲ့ အူဝဲတို့ တူဝရီးနှစ်ယောက်ရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။