ေထာက္ပံ့ေၾကးရဖုိ႔အတြက္ ဆုတံဆိပ္ေတြရေအာင္ ၾကဳိးစားေနရတယ္ဆုိတဲ့ သက္ထားသူဇာ

ပရိသတ္အခ်စ္ေတာ္ နိုင္ငံဂုဏ္ေဆာင္ ျမန္မာ့ၾကက္ေတာင္ အားကစားမယ္ သက္ထားသူဇာဟာႏုိင္ငံအတြက္ အက်ိဳးျပဳၿပီးဆုတံဆိပ္ေတြကုိ ရယူထားႏုိင္ေပမယ့္လည္း ႏုိင္ငံေတာ္ရဲ႕ ေထာက္ပံ့မႈေတြက နည္းေနတယ္လုိ႔ ေျပာဆုိေနၾကပါတယ္။ သက္ထားသူဇာအေနနဲ႔ကလည္း ႏုိင္ငံေတာ္ရဲ႕ ေထာက္ပံ့ေၾကးေတြရေအာင္လုိ႔ ဆုတံဆိပ္ေတြကုိရေအာင္ ၾကဳိးစားေနရတယ္လုိ႔ ေပၚျပဴလာရဲ႕ အင္တာဗ်ဴးတစ္ခုမွာေျပာသြားခဲ့ပါတယ္။

သက္ထားသူဇာက “Coach မရ႐ွိဘဲနဲ႔ဆုိေတာ့ အဓိကေတာ့ ဥပမာေျပာရမယ္ဆုိရင္ ဂရိပြဲမွာဆုိရင္ မေလး႐ွားကစားသမားနဲ႔႐ုိက္တယ္ေပါ့ေနာ္။ သူကက်ေတာ့ နည္းျပအေနာက္ကေန အျမဲတမ္းပါတယ္။ တစ္ခုခုမွားသြားရင္ နည္းျပက ေထာက္ပံ့ေပးတယ္ ေျပာေပးတယ္ Idea ေလးေတြေပးတယ္။

ညီမအတြက္က ညီမမွားရင္ ညီမဘာသာစဥ္းစားၿပီးေတာ့ ျပင္ရတယ္လုပ္ရတယ္ဆုိေတာ့ အရင္တုန္းကလည္းဒီအေ႐ွ႕ပြဲေတြမွာ တစ္ေယာက္တည္းသြားရတာေတြလည္း႐ွိတယ္တစ္ေယာက္တည္းသြားၿပီးေတာ့ ပထမရတာေတြလည္း႐ွိတယ္။ ဒါေပမဲ့ အရမ္းအရမ္းခက္ခဲတဲ့ပြဲေတြဆုိရင္ အေနာက္ကေန နည္းျပမဟုတ္ဘူးေပါ့ေနာ္ တစ္ေယာက္ေယာက္က ညီမကုိ Idea ေလးနည္းနည္းေပးကုိ ညီ္မအတြက္က အဆင္ေျပမယ္ ရလဒ္ပုိၿပီးေတာ့ ေကာင္းမယ္လုိ႔ထင္ပါတယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

ျပဳိင္ပြဲကာလအတြင္းကုိ ေခါက္ဆြဲျပဳတ္ပဲစားတယ္ဆုိတာနဲ႔ပတ္သက္ၿပီး “ေခါက္ဆြဲျပဳတ္စားတာက ေန႔တုိင္းျပဳတ္စားတာ မဟုတ္ပါဘူး ညီမတျခားအင္တာဗ်ဴးေတြမွာလည္း အရင္တုန္းကေျဖၿပီးသြားၿပီေပါ့ေနာ္။ ညီမျပဳိင္ပြဲသြားတုိင္း ေခါက္ဆြဲထုတ္က အျမဲပါသြားတယ္။ ၿပီးေတာ့ အျခားအစားအေသာက္ေတြပါသြားတယ္။ ကုိယ့္ဘာသာ Training လုပ္ရတာျဖစ္လုိ႔ ကုိယ့္ဘာသာ ခ်က္စားတယ္။

မနက္ပုိင္း Breakfast ကုိကုိယ့္ဘာသာအခန္းထဲမွာစားတယ္။ ၿပီးေတာ့ lunch ကက်ေတာ့ သူတုိ႔ေကြၽးတာကုိ စားျဖစ္တယ္ေပါ့ေနာ္။ ၿပီးေတာ့ Dinner ကက်ေတာ့ Sandwich တစ္ခုပဲေကြၽးတာဆုိေတာ့ ညီမအတြက္ အဆင္မေျပဘူးေပါ့။ အဲ့တာေၾကာင့္ Dinner ကုိ ကုိယ့္ဘာသာခ်က္စားတယ္ အခန္းထဲမွာ။ တစ္ခါတစ္ေလ အရမ္း Training ပင္ပန္းရင္ မခ်က္စားခ်င္ဘူး အဲ့တာေၾကာင့္ ေခါက္ဆြဲျပဳတ္ေလာက္ပဲ ျဖစ္သလိုပုံစံမ်ိဳးစားျဖစ္တာေပါ့။ ေန႔တုိင္းႀကီး ေခါက္ဆြဲ ျပဳတ္စားတယ္ေတာ့မဟုတ္ပါဘူး။”လုိ႔ေျပာသြားခဲ့ပါတယ္။

ႏုိင္ငံေတာ္ကေရာ ေထာက္ပံ့ေပးလား “ဟုိလုိမ်ိဳးႀကီးမေထာက္ပံ့ေပးတာေတာ့မဟုတ္ပါဘူး သူတုိ႔လည္း အတတ္ႏုိင္ဆုံးေတာ့ ေထာက္ပံ့ေပးပါတယ္။ တစ္ခါတစ္ေလက်ရင္လည္း သူတုိ႔ရဲ႕ ဘက္ဂ်က္အရ မေထာက္ပံ့ေပးႏုိင္တာလည္း႐ွိတယ္ေပါ့ေနာ္။ အဲ့တာကုိနားလည္ပါတယ္။ အရင္တုန္းက ေထာက္ပံ့ေပးမႈေတြက နည္းတယ္ အခုေနာက္ပုိင္းက်ေတာ့အခုဆုိညီမကုိ ႏွစ္တုိင္းႏွစ္တုိင္းဆုခ်တယ္ေပါ့ေနာ္။

အားကစားမွာ ေအာင္ျမင္တဲ့ကစားသမားေတြကုိ ဆုခ်တာေတြလည္း႐ွိလာတယ္။ ၿပီးေတာ့ေထာက္ပံ့တာေတြလည္းပုိၿပီးေတာ့ရလာတယ္။ အဲ့တာကလည္း ရလဒ္ေကာင္းေတြနဲ႔ဆုေတြရလာလုိ႔လည္းျဖစ္တယ္ေပါ့ေနာ္။ ဆုေတြမရလာရင္ ဘယ္သူမွမေထာက္ပံ့ဘူးဆုိေတာ့ အဓိကေတာ့ ညီမကုိယ္တုိင္ၾကဳိးစားၿပီးေတာ့ ဆုေတြရလာရမယ္ ရလဒ္ေကာင္းေအာင္လုပ္ရမယ္ အဲ့တာမွလည္း ေထာက္ပံ့ေပးမႈေတြ ရမွာျဖစ္တာေၾကာင့္ ညီမကုိညီမပဲ ၾကဳိးစားၿပီး လုပ္ရမွာေလ အဲ့တာမွ ေထာက္ပံ့ေၾကးရလာမွာဆုိေတာ့။”လုိ႔ေျပာသြားခဲ့ပါတယ္။

Unicode

ပရိသတ်အချစ်တော် နိုင်ငံဂုဏ်ဆောင် မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာဟာနိုင်ငံအတွက် အကျိုးပြုပြီးဆုတံဆိပ်တွေကို ရယူထားနိုင်ပေမယ့်လည်း နိုင်ငံတော်ရဲ့ ထောက်ပံ့မှုတွေက နည်းနေတယ်လို့ ပြောဆိုနေကြပါတယ်။ သက်ထားသူဇာအနေနဲ့ကလည်း နိုင်ငံတော်ရဲ့ ထောက်ပံ့ကြေးတွေရအောင်လို့ ဆုတံဆိပ်တွေကိုရအောင် ကြိုးစားနေရတယ်လို့ ပေါ်ပြူလာရဲ့ အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ပါတယ်။

သက်ထားသူဇာက “Coach မရရှိဘဲနဲ့ဆိုတော့ အဓိကတော့ ဥပမာပြောရမယ်ဆိုရင် ဂရိပွဲမှာဆိုရင် မလေးရှားကစားသမားနဲ့ရိုက်တယ်ပေါ့နော်။ သူကကျတော့ နည်းပြအနောက်ကနေ အမြဲတမ်းပါတယ်။ တစ်ခုခုမှားသွားရင် နည်းပြက ထောက်ပံ့ပေးတယ် ပြောပေးတယ် Idea လေးတွေပေးတယ်။

ညီမအတွက်က ညီမမှားရင် ညီမဘာသာစဉ်းစားပြီးတော့ ပြင်ရတယ်လုပ်ရတယ်ဆိုတော့ အရင်တုန်းကလည်းဒီအရှေ့ပွဲတွေမှာ တစ်ယောက်တည်းသွားရတာတွေလည်းရှိတယ်တစ်ယောက်တည်းသွားပြီးတော့ ပထမရတာတွေလည်းရှိတယ်။ ဒါပေမဲ့ အရမ်းအရမ်းခက်ခဲတဲ့ပွဲတွေဆိုရင် အနောက်ကနေ နည်းပြမဟုတ်ဘူးပေါ့နော် တစ်ယောက်ယောက်က ညီမကို Idea လေးနည်းနည်းပေးကို ညီ်မအတွက်က အဆင်ပြေမယ် ရလဒ်ပိုပြီးတော့ ကောင်းမယ်လို့ထင်ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

ပြိုင်ပွဲကာလအတွင်းကို ခေါက်ဆွဲပြုတ်ပဲစားတယ်ဆိုတာနဲ့ပတ်သက်ပြီး “ခေါက်ဆွဲပြုတ်စားတာက နေ့တိုင်းပြုတ်စားတာ မဟုတ်ပါဘူး ညီမတခြားအင်တာဗျူးတွေမှာလည်း အရင်တုန်းကဖြေပြီးသွားပြီပေါ့နော်။ ညီမပြိုင်ပွဲသွားတိုင်း ခေါက်ဆွဲထုတ်က အမြဲပါသွားတယ်။ ပြီးတော့ အခြားအစားအသောက်တွေပါသွားတယ်။ ကိုယ့်ဘာသာ Training လုပ်ရတာဖြစ်လို့ ကိုယ့်ဘာသာ ချက်စားတယ်။

မနက်ပိုင်း Breakfast ကိုကိုယ့်ဘာသာအခန်းထဲမှာစားတယ်။ ပြီးတော့ lunch ကကျတော့ သူတို့ကျွေးတာကို စားဖြစ်တယ်ပေါ့နော်။ ပြီးတော့ Dinner ကကျတော့ Sandwich တစ်ခုပဲကျွေးတာဆိုတော့ ညီမအတွက် အဆင်မပြေဘူးပေါ့။ အဲ့တာကြောင့် Dinner ကို ကိုယ့်ဘာသာချက်စားတယ် အခန်းထဲမှာ။ တစ်ခါတစ်လေ အရမ်း Training ပင်ပန်းရင် မချက်စားချင်ဘူး အဲ့တာကြောင့် ခေါက်ဆွဲပြုတ်လောက်ပဲ ဖြစ်သလိုပုံစံမျိုးစားဖြစ်တာပေါ့။ နေ့တိုင်းကြီး ခေါက်ဆွဲ ပြုတ်စားတယ်တော့မဟုတ်ပါဘူး။”လို့ပြောသွားခဲ့ပါတယ်။

နိုင်ငံတော်ကရော ထောက်ပံ့ပေးလား “ဟိုလိုမျိုးကြီးမထောက်ပံ့ပေးတာတော့မဟုတ်ပါဘူး သူတို့လည်း အတတ်နိုင်ဆုံးတော့ ထောက်ပံ့ပေးပါတယ်။ တစ်ခါတစ်လေကျရင်လည်း သူတို့ရဲ့ ဘက်ဂျက်အရ မထောက်ပံ့ပေးနိုင်တာလည်းရှိတယ်ပေါ့နော်။ အဲ့တာကိုနားလည်ပါတယ်။ အရင်တုန်းက ထောက်ပံ့ပေးမှုတွေက နည်းတယ် အခုနောက်ပိုင်းကျတော့အခုဆိုညီမကို နှစ်တိုင်းနှစ်တိုင်းဆုချတယ်ပေါ့နော်။

အားကစားမှာ အောင်မြင်တဲ့ကစားသမားတွေကို ဆုချတာတွေလည်းရှိလာတယ်။ ပြီးတော့ထောက်ပံ့တာတွေလည်းပိုပြီးတော့ရလာတယ်။ အဲ့တာကလည်း ရလဒ်ကောင်းတွေနဲ့ဆုတွေရလာလို့လည်းဖြစ်တယ်ပေါ့နော်။ ဆုတွေမရလာရင် ဘယ်သူမှမထောက်ပံ့ဘူးဆိုတော့ အဓိကတော့ ညီမကိုယ်တိုင်ကြိုးစားပြီးတော့ ဆုတွေရလာရမယ် ရလဒ်ကောင်းအောင်လုပ်ရမယ် အဲ့တာမှလည်း ထောက်ပံ့ပေးမှုတွေ ရမှာဖြစ်တာကြောင့် ညီမကိုညီမပဲ ကြိုးစားပြီး လုပ်ရမှာလေ အဲ့တာမှ ထောက်ပံ့ကြေးရလာမှာဆိုတော့။”လို့ပြောသွားခဲ့ပါတယ်။

Credit Can’t wait 2 say