အရေးပေါ်ဆေးရုံတက်နေရတဲ့ဝက်မဆီသွားရောက်ပြီး အားပေးစကားပြောကာ တတ်နိုင်သလောက်လှူဒါန်းခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ

Zawgyi ဖြင့်ဖတ်ရန်




Unicode ဖြင့်ဖတ်ရန်

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ တက္ကသိုလ်ဂွမ်းပုံဟာဆိုရင် အနုပညာလောကထဲကို ဟိုးအရင်ကတည်းကဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့အချစ်ကိုရရှိခဲ့တာဖြစ်ပါတယ်။ဂွမ်းပုံရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေနဲ့ ဟာသတွေကိုလည်း ပရိသတ်တွေကအရမ်းကြိုက်နှစ်သက်ကြပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းကို တစ်ခဲနက်အားပေးကြည့်ရှု့ကြတာပါနော်။

ဂွမ်းပုံကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး အေးချမ်းသာယာတဲ့ဘဝလေးမှာ ချစ်သူခင်သူတွေနဲ့နေထိုင်နေတာပဲဖြစ်ပါတယ်။ဂွမ်းပုံက သဘောကောင်းပြီး လူတိုင်းကိုဖော်ရွေစွာဆက်ဆံတတ်လို့ လူချစ်လူခင်ကလည်းပေါများပါတယ်နော်။ဂွမ်းပုံကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်ကြီးကလည်း ယနေ့အချိန်ထိကိုအခိုင်အမာရပ်တည်ပြီးအားပေးနေကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ အနုပညာမောင်နှမတစ်ယောက်ဖြစ်တဲ့ အနုပညာရှင်ကိုဝက်မကတော့ SSCမှာ အရေးပေါ်ဆေးရုံတက်လိုက်ရလို့ တက္ကသိုလ်ဂွမ်းပုံကလည်း”SSC.ဆေးရုံတွင်ဆေးရုံတက်ရောက်ကုသနေရသော”လူရွှင်တော်ကိုဝက်မ”ဆီသတင်းမေးရောက်နေသည်.”ဆိုပြီး လူကိုယ်တိုင်သွားရောက်ကာ အားပေးစကားတွေဆိုပြီး .ဆေးဖိုးအလှူငွေကျပ်၅သောင်း. .လှးဒါန်းခဲ့တဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Goon Sein’s Facebook