.အထူးကု​ဆေးခန်းများစွာပြခဲ့ပီး သက်​သာလိုက်​ပြန်​ဖြစ် ​လိုက် ဖြစ်နေ တဲ့ ကျောက် အံ့အားသင့်ဖွယ် လုံးဝပျောက်ကင်းစေ ခဲ့တဲ့ ဆေးနည်း











Unicode Version ဖြင့် ဖတ်ပါ

ကျွန်မ ရဲ့ ကျောက်ကပ် မှာ ကျောက်တွေ မရှိတော့ဘူးတဲ့ လှိုက်ခနဲ ဝမ်းသာသွား မိတယ် ၄ နှစ်နီးပါးခံစားခဲ့ရတဲ့ ကျောက်တည်တဲ့ ဝေဒနာ …

အထူးကုဆေးခန်းများစွာပြခဲ့ပီး သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ အချိန်တွေ ကိုကုန်လွန်ခဲ့ရင်းက…..

ဟိုစာအုပ်ဖတ်ဆေးနည်းလေးတွေတွေ့လိုက်လုပ် ကြည့် ကြားဖူးနားဝပြောပြတဲ့ဆေးတွေလိုက်သောက်ကြည့် ……

ဆေးမှန်သမျှ အကုန်သောက်ကြည့်ခဲ့ပါတယ် ကျွန်မရဲ့ဘယ်ဘက်ကျောက အမြဲအောင့်နေခဲ့တာရင်းနှီးသူတွေတောင်သိကြပါတယ်……

အဲ့လိုသောက်နေရင်းက ကျွန်မသံမနိုင်ကျောက်မနိုင်ဆေးပြားကို အညွှန်းအတိုင်းမှန်မှန်သောက်ခဲ့ပါတယ် ကျောအောင့်တာသက်သာလာတယ်……

မေမေက ငါးပြေမနဲ့ဇောင်းခါးသီး ခဏခဏချက်ကျွေးတယ် ကျောက်ကျတယ်ဆိုလို့ ကျွန်မဖြစ်နေတဲ့ကျောက်က အနည်ဆိုတော့ရေများများသောက်ပီးအိုးနဲ့ ဆီးကိုကြည့်ရတာ…

သူများလိုဒေါက်ခနဲကျမှန်းသိတဲ့အနေအထားတော့မဟုတ်ပါဘူး ငါးပြေမကိုတခါမှမစားဘူး အရိုးများလို့ ရောဂါကြောင့် ကြိတ်ပီး စားခဲ့ပါတယ် ကြောင်နှုတ်ခမ်းမွှေးရွက်ကိုကြိုသောက်တယ်…

သိပ်ခါးတာပေါ့ ခါးတူးနေတာ ဒါပေမဲ့ ရေဆာတိုင်းသောက်တယ် နောက်ဆုံးတခုက တော့ ရေဝါးပင်ပါ ကျောက်ကပ်ဆေးနေရတဲ့သူတောင် ပကတိပြန်ကောင်းတယ်…

ဆိုလို့ ကျိုပြီး နေ့စဉ်သောက်တာခုထိပါပဲ မြန်မာ့ဆေးနည်းတွေကို ကျွန်မသိပ်ယုံကြည်သွားပါပီ ယနေ့ကျွန်မရဲ့ ကျောက်ကပ်ထဲမှာ ရှိနေတဲ့ ကျောက်တွေမရှိတော့ဘူး…

လက်တွေ့လေ ကျွန်မလိုပဲ ဆီးရောဂါ ကျောက်တည်တဲ့ရောဂါရှိတဲ့ ဝေဒနာရှင်များလည်းအထက်ပါဆေးနည်းများကို သုံးစွဲမှီဝဲကြည့်ကြစေလိုပါတယ် ယုံယုံကြည်ကြည်နဲ့သောက်ပီး ပျောက်ကင်းနိုင်ကြပါစေရှင်