သနပ်ခါး လူးလေ့ ရှိသူတိုင်း သိထား သင့်သည့် သတိပြုဖွယ် အချက်များ

မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ် ဆိုရေလေးဆေးလိုက်ပြီး သနပ်ခါး တုံးသွေးထည့်လိုက်တာပဲအဲသလို လုပ်လို့မရပါဘူး။ကျောက်သား အစစ် ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထား တဲ့ကျောက်ပျဉ်ဖြစ်ဖြစ်ပထမဦးဆုံး အသုံးမပြု့ခင်မှာ …ဝယ်လာတဲ့ကျောက်ပျဉ်ကို ရေစင်စင်ဆေးပြီး ကျောက်ပျဉ်ကိုရေပုန်းထဲကို ထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါ။

နောက်တစ်ရက်မှာ နနွန်းတက်နဲ့+ဆားနဲ့ကိုသွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ် ဆီခြောက်တော့မှ …သနပ်ခါးကျောက်ပျဉ်ကိုရေထပ်ဆေးပြီးမှမိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ်ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်အရာ ထင်နေပါတယ်တဲ့ ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့

မေမေပြောပြတယ်ကျောက်ပျဉ်ပေါ် သနပ်ခါးသွေးတာလေ့ကျင့်ခန်းတစ်ခုလုပ်တာနဲ့တူတူပဲတဲ့ ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲမိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာထားပြီးသွေးရမယ်တဲသနပ်ခါး ကိုအားစိုက်သွေးနေရတော့လေ့ကျင့်ခန်းလုပ်နေတယ်လို့မထင်ရပေမဲ့နှစ်နဲ့ချီပြီး

နေ့စဉ်သွေးနေရတော့ လက်မောင်းကြွက်သွားတွေက ပိုပြီးသန်မာတယ်။ပျော့ပြီးရွဲကျခြင်းမျိုး မဖြစ်ဘူးတဲ့ဘယ်ညာတော့လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အ(အဖွားပြောပြတာလို့ပြောတယ်။

crd : themoonmm