အနာဂတ် သာသနာ နှင့် မပြည့်စုံသော ကလေးငယ်များ ရဲ့ ဘ၀တိုးတက် ဖို့အတွက် ဆွေးနွေးတိုင်ပင် တဲ့ ပွဲကို တက်ရောက်ခဲ့တဲ့ နေမင်

ပရိသတ် အချစ်တော်တစ်ယောက်ဖြစ်တဲ့ နေမင်းကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ မင်းသားတစ်လက်ပါ။ မကြာသေးခင်ကမှ သရုပ်ဆောင်ပိုင်းမှာ ပိုပြီးတော့ ပီပြင်အောင်သရုပ်ဆောင်နိုင်အောင် မေးရိုးခွဲစိပ်ကုသမှု ခံယူထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ နေမင်းဟာ ခန့်ညားတည်ကြည်တဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးပရိသတ်တော်တော်များများရဲ့ ဝန်းရံမှုကို ခံနေရတဲ့ မင်းသားတစ်ယောက် လို့လည်း ဆိုနိုင်ပါတယ်။

လက်ရှိမှာတော့ နေမင်းက ရွှေဘုန်းပွင့် ပေါ်တော်မူကျောင်းတိုက်မှာ ပဲခူးတိုင်းရှိ ဘုန်းတော်ကြီးကျောင်း ” ၁၀၈ ” ကျောင်း မှ တာဝန်ခံဆရာတော် သံဃာတော်များနှင့် ဆရာတော်ဘုရားများ၏ ပရဟိတပညာရေးလုပ်ငန်းများတွင် နိုင်စွမ်းသမျှ ပံ့ပိုးကူညီကုသိုလ်ယူ ပါဝင်ဆောင်ရွက်ပေးနေကြသော တာဝန်ရှိဆရာ/ဆရာမများနှင့် တွေ့ဆုံ ဆွေးနွေးစည်းဝေး ကာ အနာဂတ်သာသနာ နှင့် မပြည့်စုံသော ကလေးငယ်လေးများရဲ့ ဘဝ နေထိုင်မှု၊ စားသောက်မှု၊ ပညာသင်ကြားမှုအစုစုတို့ကို ဆွေးနွေး တိုင်ပင်ပြင်ဆင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲလေးမှာလည်း တတ်စွမ်းနိုင်သမျှ နဲ့ သံဃာတော်များအတွက် ဆွမ်းဒါန၊လုပ်အားဒါနတွေကို ပါဝင်လှူဒါန်းခဲ့ပါသေးတယ်ဆိုတာကို”ဒီလိုအချိန် အခါသမျှ ၌ နိုင်စွမ်းသမျှ ဆွမ်းဒါန လုပ်အားဒါန ပါဝင်ခဲ့ကြသည်” လို့ နေမင်းက သူ့ရဲ့ အလှူကို နတ်လူသာဓုခေါ်လို့ရအောင် သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားတာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အနာဂတ်သာသနာ နှင့် မပြည့်စုံသော ကလေးငယ်များရဲ့ ဘ၀တိုးတက်ဖို့အတွက် ဆွေးနွေးတိုင်ပင်တဲ့ ပွဲကို တက်ရောက်ခဲ့တဲ့ နေမင်း အတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦး…..။

Source :Nay Min,CRD_ချစ်သဲမေ – CeleGabar