မလိုချင်လို့ စွန့်ပစ်ခဲ့တဲ့လူတွေကို ခပ်ပါးပါးလေး ချေလိုက်တဲ့ မေမေအေသင်ချိုဆွေ
Zawgyi ဖြင့်ဖတ်ရန်
ယူနီကုဒ်ဖြင့်ဖတ်ရန်
” မလိုချင်လို့ စွန့်ပစ်ခဲ့တဲ့လူတွေကို ခပ်ပါးပါးလေး ချေလိုက်တဲ့ မေမေအေသင် ”
အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်လောက်တည်းက ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ သီချင်းတွေထဲက အဆိုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေချစ်ခင်အားပေးခံခဲ့ရတာပဲ ဖြစ်ပါတယ် ။နှစ်အနည်းငယ်လောက်အနုပညာအလုပ်တွေမလုပ်ပဲပျောက်ကွယ်သွားပေမယ့် Single Mother အဖြစ်ရဲရဲဝံ့ဝံ့ ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့ပြီး အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားပြန်လုပ်နေတာပဲ ဖြစ်ပါတယ်။
သြဂုတ်လ(၁)ရက်နေ့ကတော့ အေသင်ရဲ့(၂၆)နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပရိသတ်တွေ မိတ်ဆွေတွေ များစွာ ရှိခဲ့တာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းလွန်းတဲ့ သမီးလေး Ivy ကိုပိုင်ဆိုင်ထားပြီး ပရိသတ်တွေကလည်း သည်းသည်းလှုပ်ချစ်ပေးကြတာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ Ivyလေးဟာ KGကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်စရာကောင်းလှတဲ့ ဟန်ပန်အမူအရာလေးတွေကို မေမေအေသင်က အလှပုံရိပ်လေးတွေအပြင် ဗီဒီယိုလေးတွေလည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဝေမျှပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာလည်း အနုပညာပွဲတက်လှုပ်ရှားမှုှုတွေဆက်တိုက်လုပ်လာကာ ပရိသတ်တွေကိုလည်း ရင်ဖွင့်တိုင်ပင်လာသူတွေကို အကြံပေးကာ ပရိသတ်တွေနဲ့ ရင်းနှီးမှု ရှိနေတဲ့ အနုပညာရှင်တစ်ယောက်လို့ဆိုရမှာပါ။ သူမရဲ့ အလွန်ကိုလှပနေတဲ့ ပုံရိပ်လေးနဲ့ အတူ ” မလိုချင်တော့လို့ လွှင့်ပစ်ခဲ့တာမဟုတ်လား…!အင်းလေ…..ဒါဆိုလည်း ပြန်လိုချင်မနေနဲ့တော့လေ “ဆိုပြီး ခပ်ချေချေ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေသင်ကိုအားပေးတဲ့လူတွေရှိရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source:Athen Cho Swe
Shwe Poe – CeleGabar