မိဘတွေမရှိတော့တဲ့နောက်ပိုင်း အနစ်နာခံ စောင့်ရှောက်ပေးခဲ့တဲ့ အမဖြစ်သူရဲ့အကြောင်းပြောလာတဲ့ စမိုင်းလ်

သွက်လက်ထက်မြက်လွန်းတဲ့ အမူအယာတွေနဲ့ တစ်ချိန်က အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားဆဲပါပဲ။

လတ်တလောမှာတော့ စမိုင်းလ်က မိဘတွေ မရှိတော့တဲ့ နောက်ပိုင်းမှာ သူမကို အနစ်နာခံ စောင့်ရှောက်ပေးခဲ့တဲ့ အမဖြစ်သူရဲ့မွေးနေ့အတွက် ဆုတောင်းပေးရင်း ကျေးဇူးတင်စကား ဆိုထားခဲ့တာ တွေ့ရပါတယ်။ စမိုင်းလ်ရဲ့အမဖြစ်သူကတော့ အခုအချိန်အထိကို နုပြီးတော့ လန်းဆန်းနေတာပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းတဲ့ အမဖြစ်သူကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ စမိုင်းလ်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ်ကတော့ “Happy Birthday မကြီး အဖေနဲ့အမေ၃လပဲခြားပြီးဆုံးသွားခဲ့တယ်..တစ်ပူမပြီးသေးဘူးတစ်ပူရောက်လာပြီးအဆိုးဝါးဆုံးအချိန်တွေမှာတောင် ညီမလေးတို့မိသားစုအတွက်မကြီးကပိုအနစ်နာခံပေး အရာရာကိုဦးဆောင်ပြီးစီမံပေးခဲ့တယ်..

ညီမလေးတို့ဘဝမှာမကြီးကမရှိမဖြစ်အရေးပါဆုံးလူသားတစ်ယောက်ပါ.. သမီးလေးတွေကိုကိုယ့်သမီးအရင်းနဲ့မခြားပြုစုပေးခဲ့တဲ့မကြီး..မေကြီးမရှိတော့ပေမဲ့မကြီးရှိနေတာ ညီမလေးဘဝအတွက်ဘုရားကပေးတဲ့ဆုလဒ်တစ်ခုပါ.

မကြီးမွေးနေ့မှစပြီးအသက်ရှည်အနာမဲ့ပြီးညီမလေးတို့နဲ့မခွဲတစ်သက်လုံးတူတူနေသွားရပါစေ. မကြီးကိုအရမ်းချစ်တဲ့ ညီမလေး အပျိုကြီးတစ်သက်လုံးယောကျာင်္းမရပဲညီမလေးတို့ကိုပဲချစ်နိုင်ပါစေ PS .. အသက်ကလေးဆယ်လားငါးဆယ်လားတဲ့မေးနေကြတယ် ညကပျော်တယ်နော်ဟီး” ဆိုပြီး ချစ်ရတဲ့ အမကို မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ရဲ့အမကလည်း အရမ်းနုပျိုတာပဲနော်…။

မွေးနေ့ပါတီက အမှတ်တရပုံရိပ်လေး…။

မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြပြီးနောက်မှာ ညီမလေးဖြစ်တဲ့ စမိုင်းလ်တို့ကို အမကြီးအနေနဲ့ စောင့်ရှောက်ပေးတဲ့ အမဖြစ်သူကတော့ အရမ်းကို တော်လွန်းပါတယ်နော်။

စမိုင်းလ်ကတော့ လက်ရှိမှာ ချစ်ရတဲ့ မိသားစုနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပိုင်ဆိုင်ထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အမေနဲ့တူတဲ့ အမကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Smile’s Facebook