For Zawgyi
May Phyo(mml)
For Unicode
မူးပြီး Show ဆိုတာကို လျှော့ပါလို့ဆိုပြီး ဝေဖန်လာတဲ့ ပရိသတ်ကို ချေပပြောဆိုလိုက်တဲ့ ရေမွန်
လူငယ်ပရိသတ်တွေကြားမှာ အရမ်းကို အောင်မြင်နေတဲ့ idiots အဖွဲ့ဟာ သူတို့ရဲ့ သီချင်းတွေကို ပရိသတ်ကို အကောင်းဆုံး ဖော်ပြလေ့ရှိပါတယ် ။ သူက Show ပွဲတစ်ခုမှာ သီဆိုခဲ့တဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေပြီး “ မနေ့က idiots ဖြုတ်တာ မကြည့်လိုက်ရတဲ့ ညီကိုတွေအတွက် video လေးပြန်တင်ပေးလိုက် ကိုတွက်တစ်ယောက် ဘယ်လိုေ တွဝုန်းသွားလဲဆိုတာ တစ်ချက်ရှို့” လို့ ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ် ။ အဲ့ဒီ ရေးသားထားတဲ့ ပို့အောက်မှာ မူးပြီး Show ဆိုတာလေးတွေကို လျှော့ပေးပါ idiot fan တွေ မျက်နှာ မငယ်ချင်ဘူး ဆိုကာ ကောမန့်မှာ ရေးသားလာခဲ့ပါတယ် ။
သူရေးသားခဲ့တဲ့ အပြည့်အစုံကတော့ “ မူးတာလေးတွေ လျှော့စေချင်တယ် Show ပွဲမှာ BRO အသံပိုင်းနဲ့ ပတ်သက်ပြီး ဒီထက်ပို လုပ်ပြစေချင်တာ idiot fan တွေ မျက်နှာမငယ်ချင်ဘူး ကိုယ်လုပ်ချင်တာတော့ လုပ်ပါ fan တွေကိုလည်း အားမငယ်ပါရစေနဲ့ Fighting for next show” လို့ ဆိုပြီး ရေးခဲ့ပါတယ် ။
အဲ့ဒီနောက်မှာ တော့ ရေမွန်က “ Tour ၈ပွဲ တောက်လျှောက် Beer တောင်မသောက်ဘူး bro Screaming နဲ့ Clean Vocal ပြဿနာက Oliver Skyes တို့ of Mice & Men တို့ Chester Bennington တို့တောင် လည်ချောင် းခွဲရပါတယ်(မြန်မာပြည်မှာ ကျွန်တော့်လို သီချင်းအမျိုးအစားတွေနဲ့ Vocal Technic နဲ့ ဆိုနိုင်တာရှိရင် တစ်ယောက်လောက် ပြောပြပါလား)”
“ပြီးတော့ သူတို့က ကြိုးစားရင်း ကြိုးစားသလောက် အကြိုးအမြတ် ရတယ်ဗျ ။ ကျွန်တော် အသေ Preparation တွေ practice တွေ Arrangement တွေ အသေလုပ်ပြီး ပွဲတစ်ပွဲ ကို သိန်း ၁၀ ဂဏန်းမရဘူး ဗျ ။ ဟာသ ။ ဒါပေမယ့် ကျွန်တော်ပိုပိုပြီး ကြိုးစားနေဆဲပါ ။ သိဖို့ ။” လို့ ဆိုပြီး ပြန်လည်ရေးသားခဲ့ပါတယ် ။
သြဂုတ်လ (၃၁) ရက်နေ့ က Idiots နဲ့ ETERNAL GOSH နှစ်ဖွဲ့ နဲ့ FG Live Lounge ပွဲ မှာ သီဆိုခဲ့ကြပြီး အားပေးကြတဲ့ ပရိသတ်များစွာနဲ့ ပျော်ရွှင်စွာ ဖျော်ဖြေခဲ့ကြပါတယ် ။ Idiots အဖွဲ့ရဲ့ သီချင်းများနဲ့ အဆုံးသတ်ခဲ့ပြီး သူ့ရဲ့ သီချင်းတွေကလဲ လူငယ်တွေများစွာ ရဲ့ နှစ်သက် အားပေးခြင်းကို ခံခဲ့ရတာဘဲ ဖြစ်ပါတယ် ။
ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူး တင်ရှိပါတယ် ။ ရေမွန် ပြောပြခဲ့တဲ့ အဖြစ်မှန်ကိုသိစေဖို့ မျှဝေပေးသွားပါဦး ။
May Phyo(mml)
Source – Wai Mon Oo, Idiots