You are here
Home > အနုပညာ > အောက်တိုဘာလမှာ ခြိမ့်ခြိမ့်သည်း ကျင်းပတော့မယ့် “နှင်းဆီလှေ” အငြိမ့်သဘင်

အောက်တိုဘာလမှာ ခြိမ့်ခြိမ့်သည်း ကျင်းပတော့မယ့် “နှင်းဆီလှေ” အငြိမ့်သဘင်

နာမည်ကြီးမင်းသား၊ မင်းသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ “နှင်းဆီ”အငြိမ့်အဖွဲ့ဟာ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ အငြိမ့်အဖွဲ့တစ်ခုပါ။ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ အကယ်ဒမီ ထွန်းထွန်း၊ ရဲလေးတို့က လူရွှင်တော်အဖြစ် ပါဝင်ကြပြီး ဖူးစုံ၊ မိုးယုစံ၊ မေကဗျာနဲ့ မိုးပြည့်ပြည့်မောင်တို့က မင်းသမီးတွေအဖြစ် ပရိသတ်ကို ကပြဖျော်ဖြေပေးကြပါတယ်။

နှင်းဆီအဖွဲ့သားတွေရဲ့ အငြိမ်ကို မျှော်နေကြတဲ့ ပရိသတ်တွေအတွက် “နှင်းဆီလှေ” ဆိုတဲ့ အငြိမ့်သဘင်ကြီးကို လာမယ့် အောက်တိုဘာလအတွင်းမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

“နှင်းဆီလှေ” အငြိမ့်သဘင်ကြီးက သဘာဝဘေးအန္တရာယ် တွေ့ကြုံခံစားရတဲ့ ဒေသများ ပြန်လည်တည်ထောင်ရေး ရန်ပုံငွေ ရရှိစေရန် ကပြဖျော်ဖြေတာ ဖြစ်ပါတယ်။

“နှင်းဆီလှေ” အငြိမ့်သဘင်ကြီးကို အောက်တိုဘာလ(၄) ရက်နေ့မှာ ရန်ကုန် အင်းယျားလိတ်ဟော်တယ်၌ လည်းကောင်း၊ အောက်တိုဘာလ(၅) ရက်နေ့မှာတော့ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာလည်းကောင်း နှစ်ရက်တိတိ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားတွေကတော့ သဘာဝဘေးအန္တရာယ် တွေ့ကြုံခံစားရတဲ့ ဒေသများ ပြန်လ်ာထူထောင်ဖို့ ရန်ပုံငွေပွဲကြီးကို စည်စည်ကားကား ကျင်းပသွားဦးမှာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း

Top
//meenetiy.com/4/3018672