You are here
Home > အနုပညာ > မောင်လေးတွေက ဆိုးလို့ ကိုကိုတွေဘဲ ကြိုက်တယ်ဆိုတဲ့ ပိုးမမှီသာ နဲ့ နော်ဖောအယ်ထာ

မောင်လေးတွေက ဆိုးလို့ ကိုကိုတွေဘဲ ကြိုက်တယ်ဆိုတဲ့ ပိုးမမှီသာ နဲ့ နော်ဖောအယ်ထာ

အမျိုးသားထုကြီးရဲ့ အားပေးဝန်းရံခြင်းကို ခံခဲ့ရတဲ့ မော်ဒယ်သရုပ်ဆောင် နော်ဖောအယ်ထာ နဲ့ ပိုးမမှီသာတို့ဟာ အရမ်းကိုခင်မင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး သူတို့နှစ်ယောက်က အကြိုက်ချင်း တော်တော်များများတူကြတယ် ဆိုပြီး ပြောခဲ့ပါတယ် ။ ဈေးဝယ်အတူတူ ထွက်တဲ့ အခါတွေမှာ အ၀တ်အစားအသုံးအဆောင်တွေကို ကြိုက်နှစ်သက်တာခြင်း တူတာကြောင့် အမြဲ လိုလို လုဝယ်ဖြစ်တယ်ဆိုတဲ့ အကြောင်းကို နဲ့ တကယ်လို့ ရည်းစားထားဖြစ်မယ်ဆိုရင် ကိုယ့်အသက်ကြီးမယ့် ကိုကိုတွေကိုဘဲ ကြိုက်ဖြစ်မှာပါ ဆိုတဲ့ အကြောင်းတွေကို ပြောပြခဲ့ကြပါတယ်။

သူတို့နှစ်ဦးပြောပြခဲ့တာကတော့ “ နှစ်ယောက်ကအကြိုက်တူတယ် ရှော့ပင်တွေဘာတွေသွားရင် ရွေးလိုက်တာတွေက တစ်ထည်တည်းဖြစ်နေတာမျိုးတွေ အကုန်နီးပါးတူတက်တယ် ။သူဝတ်လိုက်ရင် လှနေတယ်လို့ အမြဲထင်တယ် ကိုယ်ကြိုက်တာတွေကို သူကလိုက်ဝတ်နေတာဆိုတော့ အင်္ကျီတွေဆိုလုဝယ်နေရတယ်” ဆိုတဲ့ အကြောင်းကို ပြောပြလာပါတယ်။

အဲ့ဒီနောက်မှာတော့ အ၀တ်အစားဘဲ အကြိုက်ချင်းတူတာပါ ကြိုက်တဲ့ ကောင်လေးပုံစံခြင်းကတော့ မတူညီဘူး ဆိုတဲ့အကြောင်းကို “ ကောင်လေးကတော့ အကြိုက်ချင်းမတူပါဘူး စမတ်ကျတဲ့ ပုံစံမျိုး ၊ သပ်သပ်ရပ်ရပ်နေထို င်တက်တဲ့သူကိုကြိုက်တယ်” လို့ နော်ဖောအယ်ထာက ပြောပါတယ်။ ပိုးမမှီသာကတော့ “ ကိုယ့်ထက်အသက်ကြီး ပြီးဦးဆောင်နိုင်တဲ့သူကိုသဘောကြတယ်” လို့ ဖြေဆိုခဲ့ပြီး နှစ်ယောက်လုံး အကြိုက်တူသွားပြန်တဲ့ အချက်ကတော့ “ ကိုကိုဘဲအဆင်ပြေမယ်ထင်တယ် မောင်လေးတွေကဆိုးတယ်” ဆိုပြီးလဲ ပြောခဲ့ပါသေးတယ်။

သူတို့နှစ်ဦးလုံးဟာ တက်စသစ်စအနုပညာရှင်တွေ ဖြစ်ပြီး နော်ဖောအယ်ထာ ကတော့ သူမပါဝင်ရိုက်ကူးထားတဲ့ သူမရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်လမ်းတွဲ ဖြစ်တဲ့ ပျောက်ဆုံးနေသော အမှန်တရားဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲကို Mrtv 4 မှာပြသတော့မှာဖြစ်ပါတယ်။ ပိုးမမှီသာကတော့ ပြီးခဲ့တဲ့လကမှ ပထမဆုံး ရုပ်ရှင်ကားကြီးကို ရိုက်ကူးပြီးစီး ခဲ့တာဖြစ်ပါတယ်။ သူမ စာမေးပွဲက ဖိုင်နယ်ဖြေရတော့မယ်ဆိုတော့ စာဘဲ လုပ်ဖြစ်နေပါတယ် ။ကြော်ငြာလေးတွေတော့ ရိုက်ဖြစ်နေပါတယ် လို့လဲ သိရပါတယ်။

ဖတ်ရှု့ပေးကြတဲ့ချစ်ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit မိုမိုလေး
Source – momolay tv

Top
//nossairt.net/4/3018672