ေမြးေန႔ရက္ျမတ္မွာ ေနတိုး ေျပာျပလာတဲ့ သူ့ရဲ႕ခံစားခ်က္နဲ့ အေမ့ေက်းဇူး ပရိသတ္ေက်းဇူးမ်ား အေျကာင္း

နာမည္ျကီး ရုပ္ရွင္သရုပ္ေဆာင္ မင္းသားတစ္ဦး ျဖစ္ဖို့ဆိုတာ မလြယ္ကူပါဘူး။ ဒီ့ထက္ပို၍က သရုပ္ေဆာင္အျပင္ ဘက္စုံထူးခြ်န္ျပီး ေတာ္ဖို့ဆိုတာ တကယ့္ကို မလြယ္လွပါဘူး။

ဒီဖက္ေခတ္မွာေတာ့ အသံတု၊ မိတ္ကပ္၊ အဆို၊ လူရႊင္ေတာ္ သရုပ္ေဆာင္မင္းသားအျဖစ္ ဘက္စုံထူးခြ်န္ျပီး အေျပာအဆိုရည္မြန္ရိုးက်ိုးကာ ေစတနာထား ျကိုးစားေသာ သူအျဖစ္

ပရိသတ္အားေပးမႈ အခိုင္အမာရရွိလာခဲ့သူကေတာ့ ျပည္သူခ်စ္ သရုပ္ေဆာင္မင္းသားေခ်ာ ေနတိုးပဲ ျဖစ္ပတယ္။ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ အကယ္ဒမီ၊ သရုပ္ေဆာင္ ေနတိုးဟာ

မေန့က က်ေရာက္တဲ့ သူ႔ရဲ႕ေမြးေန႔မွာ သူ႔ရဲ႕ We love ေတြနဲ႕ အတူ အလွဴအတန္းေတြ ေပ်ာ္ေပ်ာ္ပါးပါး ျပဳလုပ္ခဲ့ပါတယ္။ ေနတိုးဟာ ေမြးေန႔မွာ အေမနဲ့ ပတ္သက္တဲ့ အေၾကာင္းအရာေတြနဲ့

အေမဆီက ရရိိွထားတဲ့ တန္ဖိုးရွိတဲ့ အရာေတြအေၾကာင္းကို ေျပာျပခဲ့တဲ့အျပင္ ပရိသတ္ေတြက ေပးတဲ့ ေမြးေန့ကိတ္က သူ႔ရဲ႕ ငယ္ဘ၀ကို ျပန္မွတ္မိေစခဲ့တာျဖစ္ၿပီး ပရိသတ္ႀကီး ကို ေက်းဇူးအထူးတင္ရွိေၾကာင္းေတြကို ေျပာျပလာခဲ့ပါတယ္။

ေနတိုး ေျပာျပခဲ့တာကေတာ့“ ဒီေန႔ကေတာ့ ရုပ္ရွင္အစည္းအရံုးမွာ ကိုလူေခ်ာအဖြဲ႕ ကို လွဴဒါန္းတာေပါ့ ။ လွဴဒါန္းတယ္ဆိုတာ We Love အဖြဲ႕ ပရိသတ္ေတြနဲ႕ အတူ ေမြးေန႔အလွဴေလးလုပ္ျဖစ္တာေပါ့ေနာ္။

အေမနဲ႕ ကၽြန္ေတာ့္ၾကားထဲမွာေတာ့ ေန႔စဥ္ေန႔တိုင္း ကအမွတ္တရၾကီးပါပဲ ဘာလို႔လဲ ဆိုေတာ့ အေမနဲ႕ ကၽြန္ေတာ္နဲ႕က အျမဲတမ္း အနီးကပ္လည္း ရွိတယ္ အႏုပညာသက္တမ္းတစ္ေလွ်ာက္လံုးမွာလည္း

အေမနဲ့ အျမဲရွိေနတာမို႔ တကယ္ေတာ့ အေမဆီကေန သက္သက္ၾကီး ေမြးေန႔လက္ေဆာင္ဆိုၿပီး ယူစရာမလို ေပးစရာမလို တဲ့ တန္ဖိုးတစ္ခုက ကၽြန္ေတာ့္ဆီမွာရွိေနတဲ့အတြက္ အေမ့ကိုလည္း

ဒီကေန ကန္ေတာ့ပါတယ္ ေက်းဇူးလည္း အမ်ားၾကီးတင္ပါတယ္”“တကယ့္ကို အနေႏၲာ အနႏၲ ငါးပါးဂိုဏ္း၀င္တစ္ေယာက္အေနနဲ့လည္း စိတ္ထဲမွာ ထားၿပီး ေလးေလးစားစား ဦးညႊတ္ေနပါမယ္လို႔ ေျပာခ်င္ပါတယ္။

အေမ့ရဲ႕ ပံုစံကၾကေတာ့ေလ စကားနဲ့ ေျပာၿပီး အားေပးတာမ်ိဳး မဟုတ္ဘူးေလ။ အျမဲတမ္းအျပဳအမူေလးေတြနဲ့ပဲ လုပ္တတ္တာဆိုေတာ့ ကၽြန္ေတာ့အတြက္ေတာ့ အေမ့ရဲ႕ အားေပးမႈဆိုတာ

အေမ့ရဲ႕မ်က္ႏွာေပၚမွာပဲ ျမင္ရတယ္ေပါ့ေနာ္ စကားလံုးေတြနဲ႕ အရေတာ့ ေျပာဖို႔က ခဲယဥ္းပါတယ္။စဥ္းစားၾကည့္ရမယ္ ဆိုရင္ ဒီအႏုပညာကို ကၽြန္ေတာ္က မ်ိဳးရိုးမရွိဘဲ လုပ္လာတာျဖစ္လို႔

မိဘရဲ႕တြန္းအား ေတြပါတယ္။ ပရိသတ္ရဲ႕ လက္ခံအားေပးမႈေတြ ပါတယ္ဆိုေတာ့ ဒီႏွစ္ခုနဲ့ပဲ ကၽြန္ေတာ္ဘ၀ကို ရပ္တည္ေနရတာပဲ ဆိုေတာ့ အဲ့ဒီအတြက္လည္း မိဘအသိုင္းအ၀ိုင္းေဆြမ်ိဳးေတြ

ပရိသတ္ေတြအတြက္ ဦးစားေပးၿပီး ႀကိဳးစားသြားမွာပါလို႔ ေျပာခ်င္ပါတယ္” “ငယ္ငယ္တုန္းက အႏုပညာရွင္ ျဖစ္ရမယ္လို႔ေတာ့ မေတြးဘူး အႏုပညာနဲ့ပဲ ရွင္သန္ခ်င္တယ္ ဆိုတဲ့ စိတ္ေတာ့ရွိခဲ့တယ္ ေပါ့ေနာ္။

ဘာမဆို အႏုပညာ၀ါသနာပါၿပီး အႏုပညာနဲ့ ရွင္သန္ဖို႔အတြက္ ေမြးရာပါ ဗီဇေလးတစ္ခုပါလာတယ္လို႔ေတာ့ ျမင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ အႏုပညာမ်ိဳးစံု ကိုလဲ လုပ္ျဖစ္တယ္။

ရူးေအာင္ခ်စ္မယ့္ သူဇာတ္ကား ထဲမွာလည္း ေတာ္ေတာ္မ်ားမ်ားလိုအပ္ခ်က္ပိုင္းဆိုင္ရာ၊ သရုပ္ေဆာင္ မဟုတ္တဲ့ တျခား အႏုပညာပိုင္း ဆိုင္ရာေလးေတြမွာလည္း လုပ္ေပးျဖစ္ပါတယ္။

ပန္းခ်ီေရးတာတို့ သီခ်င္းဆိုတာ တို႔ေပါ့ေနာ္။ အႏုပညာနဲ႕ ရွင္သန္ဖို႔ ပါရမီ ပါလာတဲ့ လူတစ္ေယာက္လို႔ေတာ့ သံုးသပ္မိပါတယ္” ဆိုကာ သူ႔ရဲ႕ အႏုပညာသက္တမ္းတစ္ေလွ်ာက္ ျဖတ္သန္းလာမႈေတြကို ေျပာျပခဲ့ပါတယ္။

အဲ့ဒီေနာက္ ပရိသတ္ေတြက လုပ္ေပးတဲ့ ေမြးေန႔ ကိတ္ေလးနဲ႕ ပတ္သက္ၿပီး “ ေမြးေန႔ ကိတ္ေလးကို စစျခင္းျမင္ေတာ့ ခ်က္ခ်င္းငယ္ဘ၀ကို သတိရမိသြားတယ္။

ငယ္ငယ္က ၿပိဳင္ပြဲ၀င္ခဲ့တဲ့ ရႊံ႕ ပန္းပုရုပ္ေလးႏွစ္ခုကို ကိတ္ေလးလုပ္ထားတယ္။ ေမြးဖြားၾကီးျပင္းခဲ့တဲ့ အိမ္ေလးပံုစံေလးေပါ့ေနာ္ idea ေလးလည္း အရမ္းေကာင္းပါတယ္။

ဒီလိုအေတြးအေခၚေလးနဲ႕ ေမြးေန႔ ကိတ္ေလးလုပ္ေပးလို႔ ေက်းဇူးအမ်ားၾကီး တင္ပါတယ္။ ပရိသတ္ေတြက အေသးစိတ္ေလးကအစ ကၽြန္ေတာ္ကိုမွတ္ထား ေပးတယ္။ ေဖ့စ္ဘုတ္မွာလည္း တခ်ို့ ဇာတ္ကားေတြ

ဇာတ္၀င္ခန္းေတြ ဆိုရင္ ကၽြန္ေတာ္ထက္ပရိသတ္က ပိုၿပီးအမွတ္ရေနတာေတြရွိတယ္” “ကိုယ္ ႀကိဳးစားအားထုတ္ခဲ့တဲ့ တန္ဖိုးကို ပရိသတ္ကတန္ဖိုးထားတဲ့ အတြက္ အရမ္းပီတိျဖစ္မိပါတယ္။

အနယ္နယ္ အရပ္ရပ္ က ဆုေတာင္းေပးၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးအထူးတင္ရွိပါတယ္ ကၽြန္ေတာ္ အႏုပညာအလုပ္ေတြကို အခုထက္ပိုၿပီး လုပ္ေဆာင္သြားမယ္လို႔ ကတိေပးပါတယ္” ဆိုၿပီးေတာ့

ျပည္သူခ်စ္ သရုပ္ေဆာင္မင္းသား အကယ္ဒမီ ေနတိုးက ကတိေပးေျပာျကားခဲ့ပါတယ္ေနာ္။ ပရိသတ္ျကီးေရ ကိုေနတိုး တစ္ေယာက္ အသက္ (၃၈)နွစ္ျပည့္ ေမြးေန့မွသည္

ေနာင္နွစ္ေပါင္းမ်ားစြာ ျကာေအာင္ က်န္းမားခ်မ္သားျပီး အနုပညာအလုပ္ေတြ ဆက္လက္လုပ္ကိုင္နိုင္ျပီး အလွဴအဒါန္းေတြ လုပ္နိုင္ေစဖို့ ဆုေတာင္းေပးျကရေအာင္လား။

ယူနီကုဒ္ျဖင့္ ဖတ္ရန္

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် မင်းသားတစ်ဦး ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒီ့ထက်ပို၍က သရုပ်ဆောင်အပြင် ဘက်စုံထူးချွန်ပြီး တော်ဖို့ဆိုတာ တကယ့်ကို မလွယ်လှပါဘူး။

ဒီဖက်ခေတ်မှာတော့ အသံတု၊ မိတ်ကပ်၊ အဆို၊ လူရွှင်တော် သရုပ်ဆောင်မင်းသားအဖြစ် ဘက်စုံထူးချွန်ပြီး အပြောအဆိုရည်မွန်ရိုးကျိုးကာ စေတနာထား ကြိုးစားသော သူအဖြစ်

ပရိသတ်အားပေးမှု အခိုင်အမာရရှိလာခဲ့သူကတော့ ပြည်သူချစ် သရုပ်ဆောင်မင်းသားချော နေတိုးပဲ ဖြစ်ပတယ်။ ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီ၊ သရုပ်ဆောင် နေတိုးဟာ

မနေ့က ကျရောက်တဲ့ သူ့ရဲ့မွေးနေ့မှာ သူ့ရဲ့ We love တွေနဲ့ အတူ အလှူအတန်းတွေ ပျော်ပျော်ပါးပါး ပြုလုပ်ခဲ့ပါတယ်။ နေတိုးဟာ မွေးနေ့မှာ အမေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့

အမေဆီက ရရိှိထားတဲ့ တန်ဖိုးရှိတဲ့ အရာတွေအကြောင်းကို ပြောပြခဲ့တဲ့အပြင် ပရိသတ်တွေက ပေးတဲ့ မွေးနေ့ကိတ်က သူ့ရဲ့ ငယ်ဘဝကို ပြန်မှတ်မိစေခဲ့တာဖြစ်ပြီး ပရိသတ်ကြီး ကို ကျေးဇူးအထူးတင်ရှိကြောင်းတွေကို ပြောပြလာခဲ့ပါတယ်။

နေတိုး ပြောပြခဲ့တာကတော့“ ဒီနေ့ကတော့ ရုပ်ရှင်အစည်းအရုံးမှာ ကိုလူချောအဖွဲ့ ကို လှူဒါန်းတာပေါ့ ။ လှူဒါန်းတယ်ဆိုတာ We Love အဖွဲ့ ပရိသတ်တွေနဲ့ အတူ မွေးနေ့အလှူလေးလုပ်ဖြစ်တာပေါ့နော်။

အမေနဲ့ ကျွန်တော့်ကြားထဲမှာတော့ နေ့စဉ်နေ့တိုင်း ကအမှတ်တရကြီးပါပဲ ဘာလို့လဲ ဆိုတော့ အမေနဲ့ ကျွန်တော်နဲ့က အမြဲတမ်း အနီးကပ်လည်း ရှိတယ် အနုပညာသက်တမ်းတစ်လျှောက်လုံးမှာလည်း

အမေနဲ့ အမြဲရှိနေတာမို့ တကယ်တော့ အမေဆီကနေ သက်သက်ကြီး မွေးနေ့လက်ဆောင်ဆိုပြီး ယူစရာမလို ပေးစရာမလို တဲ့ တန်ဖိုးတစ်ခုက ကျွန်တော့်ဆီမှာရှိနေတဲ့အတွက် အမေ့ကိုလည်း

ဒီကနေ ကန်တော့ပါတယ် ကျေးဇူးလည်း အများကြီးတင်ပါတယ်”“တကယ့်ကို အနန္တော အနန္တ ငါးပါးဂိုဏ်းဝင်တစ်ယောက်အနေနဲ့လည်း စိတ်ထဲမှာ ထားပြီး လေးလေးစားစား ဦးညွှတ်နေပါမယ်လို့ ပြောချင်ပါတယ်။

အမေ့ရဲ့ ပုံစံကကြတော့လေ စကားနဲ့ ပြောပြီး အားပေးတာမျိုး မဟုတ်ဘူးလေ။ အမြဲတမ်းအပြုအမူလေးတွေနဲ့ပဲ လုပ်တတ်တာဆိုတော့ ကျွန်တော့အတွက်တော့ အမေ့ရဲ့ အားပေးမှုဆိုတာ

အမေ့ရဲ့မျက်နှာပေါ်မှာပဲ မြင်ရတယ်ပေါ့နော် စကားလုံးတွေနဲ့ အရတော့ ပြောဖို့က ခဲယဉ်းပါတယ်။စဉ်းစားကြည့်ရမယ် ဆိုရင် ဒီအနုပညာကို ကျွန်တော်က မျိုးရိုးမရှိဘဲ လုပ်လာတာဖြစ်လို့

မိဘရဲ့တွန်းအား တွေပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုတွေ ပါတယ်ဆိုတော့ ဒီနှစ်ခုနဲ့ပဲ ကျွန်တော်ဘဝကို ရပ်တည်နေရတာပဲ ဆိုတော့ အဲ့ဒီအတွက်လည်း မိဘအသိုင်းအဝိုင်းဆွေမျိုးတွေ

ပရိသတ်တွေအတွက် ဦးစားပေးပြီး ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်” “ငယ်ငယ်တုန်းက အနုပညာရှင် ဖြစ်ရမယ်လို့တော့ မတွေးဘူး အနုပညာနဲ့ပဲ ရှင်သန်ချင်တယ် ဆိုတဲ့ စိတ်တော့ရှိခဲ့တယ် ပေါ့နော်။

ဘာမဆို အနုပညာဝါသနာပါပြီး အနုပညာနဲ့ ရှင်သန်ဖို့အတွက် မွေးရာပါ ဗီဇလေးတစ်ခုပါလာတယ်လို့တော့ မြင်ပါတယ်။ ဒါကြောင့်မို့လို့ အနုပညာမျိုးစုံ ကိုလဲ လုပ်ဖြစ်တယ်။

ရူးအောင်ချစ်မယ့် သူဇာတ်ကား ထဲမှာလည်း တော်တော်များများလိုအပ်ချက်ပိုင်းဆိုင်ရာ၊ သရုပ်ဆောင် မဟုတ်တဲ့ တခြား အနုပညာပိုင်း ဆိုင်ရာလေးတွေမှာလည်း လုပ်ပေးဖြစ်ပါတယ်။

ပန်းချီရေးတာတို့ သီချင်းဆိုတာ တို့ပေါ့နော်။ အနုပညာနဲ့ ရှင်သန်ဖို့ ပါရမီ ပါလာတဲ့ လူတစ်ယောက်လို့တော့ သုံးသပ်မိပါတယ်” ဆိုကာ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ဖြတ်သန်းလာမှုတွေကို ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက် ပရိသတ်တွေက လုပ်ပေးတဲ့ မွေးနေ့ ကိတ်လေးနဲ့ ပတ်သက်ပြီး “ မွေးနေ့ ကိတ်လေးကို စစခြင်းမြင်တော့ ချက်ချင်းငယ်ဘဝကို သတိရမိသွားတယ်။

ငယ်ငယ်က ပြိုင်ပွဲဝင်ခဲ့တဲ့ ရွှံ့ ပန်းပုရုပ်လေးနှစ်ခုကို ကိတ်လေးလုပ်ထားတယ်။ မွေးဖွားကြီးပြင်းခဲ့တဲ့ အိမ်လေးပုံစံလေးပေါ့နော် idea လေးလည်း အရမ်းကောင်းပါတယ်။

ဒီလိုအတွေးအခေါ်လေးနဲ့ မွေးနေ့ ကိတ်လေးလုပ်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်။ ပရိသတ်တွေက အသေးစိတ်လေးကအစ ကျွန်တော်ကိုမှတ်ထား ပေးတယ်။ ဖေ့စ်ဘုတ်မှာလည်း တချို့ ဇာတ်ကားတွေ

ဇာတ်ဝင်ခန်းတွေ ဆိုရင် ကျွန်တော်ထက်ပရိသတ်က ပိုပြီးအမှတ်ရနေတာတွေရှိတယ်” “ကိုယ် ကြိုးစားအားထုတ်ခဲ့တဲ့ တန်ဖိုးကို ပရိသတ်ကတန်ဖိုးထားတဲ့ အတွက် အရမ်းပီတိဖြစ်မိပါတယ်။

အနယ်နယ် အရပ်ရပ် က ဆုတောင်းပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော် အနုပညာအလုပ်တွေကို အခုထက်ပိုပြီး လုပ်ဆောင်သွားမယ်လို့ ကတိပေးပါတယ်” ဆိုပြီးတော့

ပြည်သူချစ် သရုပ်ဆောင်မင်းသား အကယ်ဒမီ နေတိုးက ကတိပေးပြောကြားခဲ့ပါတယ်နော်။ ပရိသတ်ကြီးရေ ကိုနေတိုး တစ်ယောက် အသက် (၃၈)နှစ်ပြည့် မွေးနေ့မှသည်

နောင်နှစ်ပေါင်းများစွာ ကြာအောင် ကျန်းမားချမ်သားပြီး အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နိုင်ပြီး အလှူအဒါန်းတွေ လုပ်နိုင်စေဖို့ ဆုတောင်းပေးကြရအောင်လား။