You are here
Home > အနုပညာ > .အချစ်ရေးက တွေးတိုင်း ခွင့်မလွှတ်နိုင်တဲ့ ကိစ္စတွေရှိနေတယ်ဆိုတဲ့ နန်းစုရတီစိုး

.အချစ်ရေးက တွေးတိုင်း ခွင့်မလွှတ်နိုင်တဲ့ ကိစ္စတွေရှိနေတယ်ဆိုတဲ့ နန်းစုရတီစိုး

နန်းစုရတီစိုးနဲ့ G Fatt နဲ့ ဟာဆိုရင် တစ်ဦးနဲ့တစ်ဦးသိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်က အတွဲညီလွန်းလို့ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းခံရတဲ့အနုပညာရှင်တွေလည်းဖြစ်ပါတယ်။မကြာခင်မှာတော့ သူတို့နှစ်ဦးရဲ့အချစ်ရေးက အဆင်မပြေဘူးဆိုတဲ့ ကောလဟလတွေထွက်လာတာကြောင့် ပရိသတ်တွေက စိုးရိမ်ပူပန်နေရတာပါ။ G Fatt ကတော့ အင်တာဗျူးတွေမှာအချစ်ရေးကအေးအေးဆေးဆေးပါပဲလို့ဖြေထားတာတွေမြင်ရပါတယ်။ နန်းစုက ပရိသတ်တွေသိချင်နေကြတဲ့အချစ်ရေးအကြောင်းကို မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာဖြေကြားသွားပါတယ်။

နန်းစုက လောလောဆယ်အချစ်ရေးအခြေအနေကို “အချစ်ရေးက လက်ရှိအခြေအနေကဘယ်လိုလဲလို့မေးရင်တော့ ထိလွယ်ရှလွယ်တဲ့အခြေအနေမျိုးပေါ့နော်။ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့အခြေအနေမျိုးပါ။ အချစ်ရေးက စိတ်ဆင်းရဲရတာတွေ စိတ်ဆိုးရတာတွေ၊တွေးတိုင်းခွင့်မလွှတ်နိုင်တဲ့ကိစ္စတွေအခြေအနေတွေပေါ်မှာအတတ်နိုင်ဆုံး ခေါင်းအေးအေးထားပြီး စိတ်အေးအေးထားပြီး အတတ်နိုင်ဆုံးဘယ်လိုမျိုးစဉ်းစားဆုံးဖြတ်ရမလဲဆိုတဲ့ လောလောဆယ်အနေအထားက အဲ့လိုအနေအထားပါ”လို့ ပြောပြထားပါတယ်။

အဆင်ပြေလိုက်မပြေလိုက်နဲ့ ဖြတ်သန်းနေရကြောင်းကိုလည်း “အဆင်ပြေနေတယ်ဆိုတာက အဆင်မပြေတဲ့အချိန်တွေကိုတော့ဖြတ်သန်းပြီးခဲ့ပါပြီ။ ကြားထဲမှာအဲ့လိုပဲ ပြန်တောင်းပန်လိုက် ချစ်တဲ့ စိတ်နဲ့ခွင့်လွှတ်ပြီးတော့အဆင်ပြေသွားတဲ့အချိန်တွေ။

အဲ့လိုပဲ အဆင်ပြေလိုက်မပြေလိုက်နဲ့ နည်းနည်းဖြတ်သန်းလာရတဲ့ကာလတစ်ခုပါ”လို့လည်း ရင်ဖွင့်ထားပါတယ်။ နန်းစုကအချစ်နဲ့ပတ်သက်ပြီး လိုချင်တာတွေကိုလည်း “နန်းစုအနေနဲ့ဆိုရင်တော့ နန်းစုက မေတ္တာတရားရယ်၊သစ္စာတရားရယ်၊ကိုယ်ချင်းစာတရားရယ်အဲဒါပဲလိုချင်တာ။ ကျန်တဲ့ ဂုဏ်တွေငွေတွေပကာသနတွေ အချစ်ဆီက ဘာမှမလိုချင်ပါဘူး။ နန်းစုအနေနဲ့ နန်းစုတစ်ယောက်တည်းအတွက်ဆိုရင်တော့ အချစ်ဆီကလိုချင်တာ ဂုဏ်တွေငွေတွေပကာသနတွေလည်းမဟုတ်ဘူး။ အောင်မြင်မှုတွေလည်းမဟုတ်ဘူး။မေတ္တာတရားရယ်၊သစ္စာတရားရယ် ကိုယ်ချင်းစာတရားရယ်ပဲလိုချင်တာ။ အဲဒီထဲကတစ်ခုခုမရတော့ဘူးဆိုရင်တော့ အဆင်မပြေတော့ဘူးပေါ့နော်”လို့ ဖြေကြားထားပါတယ်။

ခွင့်မလွှတ်နိုင်တဲ့ကိစ္စတွေကို အကျင့်လုပ်ပြီးလုပ်နေတာကိုလည်းချစ်တဲ့စိတ်နဲ့ခွင့်လွှတ်ပေးဖို့အဆင်မပြေဘူးလို့ “ခွင့်မလွှတ်နိုင်တဲ့ကိစ္စတွေကိုချစ်တဲ့စိတ်တစ်ခုနဲ့အကြိမ်ကြိမ်ခွင့်လွှတ်ပေးလာတဲ့ နောက်ပိုင်းမှာ ဒီဟာက လုပ်လို့ရပါလားဆိုတဲ့ habit လိုဖြစ်သွားပြီးတဲ့အနေအထားကို နန်းစုက ချစ်တဲ့စိတ်နဲ့ပဲ ဆက်ပြီးနားလည်ပေးနိုင်ဖို့ကျတော့လည်း အဆင်မပြေတော့ပါဘူးလို့။

တကယ်လို့များအဆင်မပြေတော့ဘူးဆိုရင်လည်း အဆင်မပြေတော့ပါဘူးဆိုတာလောက်ပဲပြောချင်ပါတယ်။ ဘာကြောင့်အဆင်မပြေတော့ဘူး။ဘယ်လိုတွေဖြစ်ခဲ့လို့ပါဆိုတဲ့မကျေနပ်ချက်တွေဒေါသတွေနဲ့ဝုန်းဒိုင်းကြဲပြီးတော့ဖြေရှင်းမှာမဟုတ်ပါဘူး။ အဲ့လိုပြောရင်လည်းနှစ်ဖက်လုံးအတွက်မကောင်းဘူး။အဲဒါကြောင့် အဆင်မေပြေတော့ပါဘူးလို့ပဲပြောချင်ပါတယ်”လို့ ရှင်းပြထားပါတယ်။

Top
//mordoops.com/4/3018672