
Zawgyi ဖြင့်ဖတ်ရန်




ယူနီကုဒ်ဖြင့်ဖတ်ရန်

” အချစ်စစ်နဲ့ ချစ်တဲ့သူတိုင်း ရင်ဘတ်ချင်းနီးအောင်ခံစားရစေမယ့် အောင်ထက်နဲ့ နီနီခင်ဇော်တို့ရဲ့ သီချင်းသစ်လေး ”

အောင်ထက်ကတော့ ပြည်သူချစ်အနုပညာရှင်အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။” အိပ်မက်ဆုံရာ ရာသက်ပန် Season (1 ) Winner ဆုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးလူကြီးမရွေးအားပေးခြင်းခံရပြီး အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကိုဖျော်ဖြေတင်ဆက်နိုင်တဲ့ အဆိုတော်တစ်ဦးဆိုလည်းမမှားပါဘူးနော်။ သူသီဆိုထားတဲ့ သီချင်းတွေကတော့ ပရိသတ်တွေရင်ထဲကိုရောက်ရှိပြီး ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားတဲ့သီချင်းတွေရဲ့အဆိုပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။ရိုးသားပွင့်လင်းပြီး ပရိသတ်အပေါ် လေးစားမှုရှိတဲ့ အဆိုရှင်ဖြစ်တာမို့ အောင်မြင်မှုကို ထိန်းထားနိုင်တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပြည်တွင်းသာမက ပြည်ပရောက်မြန်မာပရိသတ်တွေပါအားပေးဝန်းရံခြင်းခံရသူလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေပြီး သီချင်တွေအပြင် ကြော်ငြာတွေပါရိုက်ကူးလာပြီးပဲ ဖြစ်ပါတယ်။ အောင်ထက်သီဆိုထားတဲ့”အချစ်တေးကဗျာ ” သီချင်းအပြင် ”သဘာဝနဲ့တွေ့ဆုံ ခြင်း “သီချင်းတွေကတော့ ပရိသတ်အားအပေးဆုံး သီချင်းတွေဖြစ်ပြီး အောင်ထက်ဆိုတာနဲ့ ထိုသီချင်းတွေကိုတွဲမြင်ကြတာပဲ ဖြစ်ပါတယ်။တစ်ခါတစ်ရံပရိသတ်တွေကို ကိုယ်တိုင် စန္ဒယားတီးကာ သီချင်းသီဆိုပြလေ့ရှိသူပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဝါရင့်အဆိုတော် နီနီခင်ဇော်နဲ့ တွဲဖက်ကာ သီချင်းMTV အသစ်လေးကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ အသံပါဝါကောင်းလွန်းတဲ့ အဆိုတော်နှစ်ဦးရဲ့ သီဆိုဟန်တွေကြောင့် ပရိသတ်တွေ အတွက် အမိုက်စားသီချင်းတစ်ပုဒ်လို့ ဆိုရမှာပါ။အချိန်တွေပြောင်းလဲသွားလည်း အချစ်စစ်ကတော့ ဘယ်သောအခါမှ မပြောင်းလဲတာကြောင့် အချစ်စစ်နဲ့ ချစ်တဲ့ ချစ်တဲ့ချစ်သူတွေနဲ့ ခံစားချက်ချင်းတူစေမယ့်သီချင်းအေးအေးလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ လက်တွဲဖော် ချစ်သူမရှိသေးတဲ့သူတွေတောင် ချစ်သူထားကာအချစ်စစ်ကို ကြုံတွေ့ချင်တဲ့ ခံစားချက်ကို ဖော်ထုတ်ပေးမယ့် သီချင်းလေးနာမည်ကတော့ ” ထာဝရလက်ဆောင် ” ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောင်ထက်နဲ့နီနီခင်ဇော်တို့ရဲ့ သီချင်းလေးကို နားဆင်ပြီး သဘောကျနှစ်သက်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Aung Htet
Shwe Poe – CeleGabar