အဖေ နဲ့ အမေ (၃) လ ပဲခြားပြီး ကွယ်လွန်သွားတဲ့အချိန် အနစ်နာခံပြီး ဦးဆောင်စီမံခဲ့တဲ့ အမဖြစ်သူကို မွေးနေ့ပွဲလေးပြု လုပ်ပေးခဲ့တဲ့ စမိုင်း

စမိုင်းကတော့ အောင်မြင်ခဲ့တဲ့ အနပညာရှင် တစ်ယောက်ဖြစ်သလို ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုကိုလဲ အခိုင်အမာ ရရှိထားခဲ့သူလေးပဲ ဖြစ်ပါတယ်။ စမိုင်းကတော့ အဖေနဲ့အမေ၃လပဲခြားပြီး ကွယ်လွန်သွားတဲ့အချိန် အနစ်နာခံပြီးအရာရာကို ဦးဆောင်စီမံခဲ့တဲ့ အမဖြစ်သူကို မွေးနေ့ပွဲလေးပြလုပ်ပေး ခဲ့ပါတယ်။

သူမကတော့ ” Happy Birthday မကြီးအဖေ နဲ့အမေ၃လပဲခြားပြီးဆုံးသွားခဲ့တယ်..တစ်ပူမပြီးသေးဘူးတစ်ပူရောက်လာပြီးအဆိုးဝါးဆုံးအချိန်တွေမှာတောင် ညီမလေးတို့မိသားစုအတွက်မကြီးကပိုအနစ်နာခံပေး အရာရာကိုဦးဆောင်ပြီးစီမံပေးခဲ့တယ်ညီမလေး တို့ဘဝမှာမကြီးကမရှိမဖြစ်အရေးပါဆုံး လူသားတစ်ယောက်ပါ.. သမီးလေးတွေကို ကိုယ့်သမီးအရင်းနဲ့မခြားပြုစုပေးခဲ့တဲ့မကြီး “ဆိုပြီး ရေးသား ထားခဲ့ပါတယ်။

” မေကြီးမရှိတော့ပေမဲ့ မကြီးရှိနေတာ ညီမလေးဘဝအတွက် ဘုရားကပေးတဲ့ဆုလဒ်တစ်ခုပါ..မကြီးမွေးနေ့မှစပြီး အသက်ရှည်အနာမဲ့ပြီးညီမလေးတို့နဲ့မခွဲတစ်သက်လုံး တူတူနေသွားရပါစေ. မကြီးကို အရမ်းချစ်တဲ့ညီမလေး အပျိုကြီးတစ်သက်လုံးယောကျာင်္းမရပဲ ညီမလေးတို့ကိုပဲ ချစ်နိုင်ပါစေ ” ဆိုပြီး ချစ်ရတဲ့ အမကိုမွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။

crd : celefamily