You are here
Home > Health > “ပလတ်စတစ်တိပ် နှင့် ကြွက်နို့ ပျောက်အောင် ကုသနည်း”
“ပလတ်စတစ်တိပ် နှင့် ကြွက်နို့ ပျောက်အောင် ကုသနည်း”
ယူနီကုဒ် ဖြင့်ဖတ်ပါ
ကြွက်နို့တွေဟာ အလွန်ကူးစက်လွယ်ပြီး တိုက်ရိုက်ထိမိခြင်းနဲ့ ကူးစက်နိုင်ပါတယ်။ ကြွက်နို့အများစုဟာ နာကျင်ခြင်း မရှိပေမယ့် အချို့ကတော့ နာကျင်မှု (သို့) ကသိကအောက် ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ ကြွက်နို့အကုန်လုံးဟာ ကုသဖို့ မလိုအပ်ပါဘူး။ သူတို့ဟာ လပေါင်းများစွာ (သို့) နှစ်ပေါင်းများစွာ ကြာရင် အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ခံအားစနစ်က ကြွက်နို့ကိုဖြစ်စေတဲ့ Human Papilloma Virus ဗိုင်းရပ်စ် ကို ဖျက်ဆီးနိုင်လို့ပဲဖြစ်ပါတယ်။
ရိုးရာကုထုံးကို အခြေပြုပြီး ကြွက်နို့သတ်နည်းတစ်ခုမှာ စက္ကူများတွင် ကပ်သော တိပ်ပြားကို ကြွက်နို့ပေါ်၌အုပ်ပြီး လေလုံအောင် လေးထပ်ခန့် ခပ်တင်းတင်းလေး ကပ်ထားပေးလျှင် ကြွက်နို့များ သေသွားနိုင်ပါသည်။
တိပ်ပြားတစ်ကြိမ်ကပ်လျှင် ပြန်မခွာဘဲ (၆)ရက်ထားပါ။ (၇)ရက်မြောက်နေ့တွင် ခွာကြည့်ပါ။ ကြွက်နို့သေစေပါသည်။ ဆရာဝန်များအနေဖြင့် အဘယ်ကြောင့် ဤသို့တိပ်ကပ်ရုံမျှ ကြွက်နို့ဖြစ်စေသော ဗိုင်းရပ်ပိုးများ သေစေရပါသနည်း ဆိုသည်ကို မဖြေနိုင်သေးပါ။ အောက်စီဂျင်ဓာတ် ပြတ်လပ်သွားသောကြောင့် ဗိုင်းရပ်များ သေရသည်ဟုသာ ယူဆထားကြပါသည်။
ဒေါက်တာအောင်နိုင်(ဆေးသုတေသန) မြန်မာမှုနှင့် တိုင်းရင်းဆေးပညာ စာအုပ်
Top
//chalaips.com/4/3018672