ဒီကနေ့မှာတော့ Shwemom ရဲ့ ကိုရီးယားချစ်သူ ပရိသတ်တွေအတွက် မျက်နှာပြုပြင်မှုတွေပြုလုပ်ပြီးနောက် အရင်ကလောက်တောင်မလှတော့တဲ့ အာရှရဲ့ အလှဆုံး ၊အချောဆုံးတွေဖြစ်ခဲ့ကြသူ ကိုရီးယား အနုပညာရှင်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ သူတို့တွေရဲ့ လတ်တလောပုံရိပ်တွေကတော့ ပရိသတ်တွေကို အရမ်းပဲ နှမြောတသဖြစ်စေခဲ့ပါတယ်။ အချို့ကတော့ ခွဲစိတ်မှုတွေပြုလုပ်ပြီး မျက်နာကို ပြုပြင်ခဲ့ပေမဲ့ အချို့ကတော့ ကောစမတ်တစ် ဆာဂျရီ(ဥပမာ-ဗိုတောက်စ်၊ဖီလာ) ဆိုတဲ့ အရာတွေကို အသုံပြုပြီး မျက်နာကို ပြုပြင်ခဲ့တာဖြစ်ပါတယ်။
Jung Ryeo Won
kpopline
သူမကတော့ ပြီးခဲတဲ့နှစ်တွေမှာ ပရိသတ်တွေကို တော်တော်စိတ်ပျက်စေခဲ့ပါတယ်။ ပရိသတ်တွေက Jung Ryeo Won ဟာ သူမရဲ့ မျက်နာကို ဆာဂျရီလုပ်ပြီးတော့ ဖျက်ဆီးလိုက်တယ်ဆိုပြီး ယုံကြည်ခဲ့ကြပါတယ်။ လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ ပွဲတွေမှာတွေ့ရတဲ့ Jung Ryeo Won ရဲ့ သဘာဝမဆန်တော့တဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေကတော့ Jung Ryeo Wonရဲ့ မျက်နာပြုပြင်မှုဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲလို့ ယူဆခဲ့ကြပါတယ်။
Jang Geun Suk
kpopline
သူကတော့ မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက မင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်အနည်ငယ်လောက်ကစပြီး သူရဲ့ မျက်နာက သဘာဝအတိုင်းမဟုတ်တော့သလို ဖြစ်လာပါတယ်။ သူဟာ ကောစမတ်တစ် ဆာဂျရီိကို ခံယူခဲတာဖြစ်နိုင်တယ်လို့ ကေပေါ့လိုင်းသတင်းထဲမှာ ဖေါ်ပြထားပါတယ်။
Kim Jung Eun
kpopline
Lovers in Paris” ဇာတ်လမ်းနဲ့ နာမည်ကြီးလာတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ သူမရဲ့ မျက်နှာပြုပြင်မှုကတော့ ပရိသတ်တွေကို အတော်တုန်လှုပ်စေခဲ့ပြီး သတင်းကြီးခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူမဟာ ဆာဂျရီမလုပ်ခင်က ပိုလှခဲ့တဲ့ အတွက်ကြောင့်ပါ။ ဒါပေမဲ့လည်း သူမဟာ အချစ်ရေးမှာတော့ ကံကောင်းခဲ့ပါတယ်။
Han Mi Ok
kpopline
ကိုရီးယားရဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Han Mi Ok ကတော့ တကယ့်ကိုအလှပဂေးတစ်ယာက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မျက်နာပြုပြင်မှုကို စွဲစွဲလန်းလန်းပြုလုပ်ခဲ့တဲ့အတွက်ကြောင့် သူမရဲ့ မျက်နာဟာ ဆိုးဆိုးရွားရွားပျက်ဆီးခဲ့ရပါတယ်။ အိမ်ထဲက အိမ်ပြင်တောင် မထွက်ရဲဘဲ အဆိုတော်အလုပ်ကိုလည်း စွန့်လွှတ်ခဲ့ပါတယ်။
Kim Gyu Ri
kpopline
ရုပ်ရည်ချောမောတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ Kim Gyu Ri ကလည်း မျက်နှာပြုပြင်မှုမပြုလုပ်ခဲ့သင့်တဲ့ မင်းသမီးတစ်ယောက်ပါ။ သူမကတော့ မျက်နှာပြုပြင်မှုပြုလုပ်ပြီးတဲ့ နောက်မှာ အနုပညာလောက ကနေ (၅)နှစ်ကြာပျောက်သွားခဲ့တဲ့ သူတစ်ယောက်ပါ။ မျက်နာပြုပြင်မှုသာ မပြုလုပ်ခဲ့ဘူးဆိုရင် သူမရဲ့ အလုပ်မှာလည်းပိုပြီးအောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ခဲ့မှာပါ။
Source:Kpopline
Credit : shwemom