You are here
Home > အနုပညာ > ” ( ၂၀၂၂) ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂျပန်အသင်းနှင့်မြန်မာအသင်းယှဉ်ပြိုင်ရာတွင် အနိုင်အရှုံးပဓာနမထားဘဲ အားပေးမယ်ဆိုတဲ့ စိုင်းစိုင်း “





Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ( ၂၀၂၂) ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂျပန်အသင်းနှင့်မြန်မာအသင်းယှဉ်ပြိုင်ရာတွင် အနိုင်အရှုံးပဓာနမထားဘဲ အားပေးမယ်ဆိုတဲ့ စိုင်းစိုင်း ”

စိုင်းစိုင်းကတော့ ဆယ်စုနှစ်တစ်ခုတိုင် ပရိသတ်အားပေးမှုကို ယနေ့ချိန်ထိ ထိန်းထားနိုင်တဲ့ အနုပညာရှင်ဦး ဆိုတာ မိတ်ဆက်ပေးစရာမလိုတော့ပါဘူးနော်။ဧပြီ၁၀ ရက်နေ့ဟာ စိုင်းစိုင်း မွေးနေ့ ဖြစ်ပြီး နှစ်တိုင်း သူ့မွေးနေ့ မှာကျင်းပလေ့ ရှိတဲ့စိုင်းစိုင်း Birthday Show ဟာလည်း တစ်နိုင်ငံလုံးက အလှပဂေးလေးတွေ စုရုံးတွေ့မြင်ရတဲ့နေ့ဆိုပြီး တင်စားလေ့ရှိကြတာပဲ ဖြစ်ပါတယ်။ အသက်အရွယ်မျိုးစုံ နှုတ်ခမ်းနီမလေးတွေအပြင် ကြောက်ခမန်းလိလိ ပရိသတ်များ ကွင်းလုံးပြည့်အားပေးကြမ်းချက်ကြောင့် မြင်သူတိုင်းသြချရလောက်တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။စိုင်းစိုင်းကို အားပေးတဲ့ ပရိသတ် ဘယ်လောက် များလဲ ဆို ရင် နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ မွေးနေ့ Show ကိုလာတဲ့ ပရိသတ် အရေ အတွက်ကို ကြည့်ရင်သိနိုင်ပါတယ်။

အမျိုးသားပရိသတ်တွေ မည်သို့ပင် Trollစေကာမူ သူကတော့ အပြုံးမပျက် ပညာရှိနည်းလေးတွေနဲ့ ဟာသလေးတွေနှောပြီး တစ်ခါတစ်လေမှာ ပြန်လည်ချေပတတ်သူလည်း ဖြစ်ပါတယ်။ မကြာသေးမီကလည်း လေကြောင်းလိုင်းနှစ်ခုရဲ့ သံတံမန်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေဘောလုံးပွဲ မှာလည်း ငွေအားလူအားစိုက်ကာပါဝင်ခဲ့ ပါတယ်။ ထပ်မံပြီး ” အနုပညာရှင်ပေါင်းစုံ လေးသင်းပတ်လည် Royal Club Cup ” ဘောလုံးပြိုင်ပွဲမှာ Music Fc အသင်းရဲ့ ဂိုးသမားအနေနဲ့ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။အသင်းရှုံးသောအခါမှာလည်း သူကအပေါ်အများကြီးမူတည်နေတယ်ဆိုပြီး တောင်းပန်စကားပြောခဲ့တဲ့ တာဝန်သိတတ်မှုကို ဖော်ထုတ်ပြသခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ( ၂၀၂၂) ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် မြန်မာ့လက်ရွေးစင် အသင်းဟာ ယနေ့ စက်တင်ဘာ (၁၀)ရက်နေ့ရန်ကုန်မြို့တွင်ကျင်းပမည့် ဂျပန်အသင်းနှင့်မြန်မာအသင်းယှဉ်ပြိုင်မည်ဖြစ်ရာ မြန်မာအသင်းအတွက် ” အနိုင်အရှုံးဆိုတာ နောက်မှအားပေးဖို့က အဓိက GoGoMyanmar ” ဆိုပြီး စိတ်အားထက်သန်စွာ အားပေးမည့် အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးထဲမှာရော စိုင်းစိုင်းလို ဘောလုံးဝါသနာအိုးတွေရှိလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Source:Sai Sai Khan Leng
Shwe Poe – CeleGabar

Top
//intorterraon.com/4/3018672