နောင်​ ရိုး တို့ ရဲ့ တိုက်​ ပွဲ ဝင်​ စိတ်​ ဓာတ်​ ပြ ရ မယ့်​ ​နေ့

နောင်​ ရိုး တို့ ရဲ့ တိုက်​ ပွဲ ဝင်​ စိတ်​ ဓာတ်​ ပြ ရ မယ့်​ ​နေ့

ဂျပန်​ကို မြန်​မာအသင်းယှဉ်​နိုင်​ဖို့ မလွယ်​ပါဘူး။
မှန်​တယ်​။
လက်​ခံတယ်​။

မြန်​မာပရိသတ်​​တွေ မြန်​မာ​ဘောလုံးအသင်းဆီက
လိုချင်​တာကလည်း အရှုံး အနိုင်​ဆိုတာထက်
မိနစ်​ကိုးဆယ်​လုံး အားမ​လျှော့စိတ်​ဓာတ်​​တွေဘဲလိုချင်​တာ။

ညံ့လို့ ရှုံးသွားတာမဖြစ်​ချင်​ဘူး။
ဂျပန်​အသင်းကို မနိုင်​လို့ရှုံးသွားတာဘဲမြင်​ချင်​တယ်​။

ပွဲချိန်​အတွင်း ကိုယ်​လုပ်​နိုင်​တာအကုန်​လုပ်​မယ်​။
ပွဲချိန်​ပြည့်​ ​နောက်​ဆုံးစက္ကန့်​ထိ မာန်​မချတဲ့ကစားပုံ​တွေနဲ့
အမိ့နိုင်​ငံအတွက်​​ပေးဆပ်​ကစားမယ်​။

ဘာမှ​တွေ​ဝေမ​နေနဲ့။
ပြိုင်​ဘက်​က ဘာ​ကောင်​ကြီးဖြစ်​ဖြစ်
ကွင်းထဲမှာ​တော့ တစ်​ဘက်​ ဆယ့်​တစ်​​ယောက်​ပဲ။

မင်းတို့သာ အစွမ်းကုန်​​ပေးဆပ်​ကစားခဲ့ကြ။
ငါတို့ မြန်​မာပြည်​သူသန်းငါးဆယ်​​ကျော်​က
ရှုံးရှုံးနိုင်​နိုင်​ မြန်​မာ​ဟေ့လို့ ​ကြွေး​ကြော်​ဖို့အသင့်​ဘဲ။

ငါတို့နိုင်​ငံ အမိ့​မြေအတွက်​။
အမိ့ပြည်​သူ​တွေအတွက်​။
ငါတို့ဂုဏ်​သိက္ခာ​တွေအတွက်
မင်းတို့သာ အဲ့ဒီစိတ်​​တွေနဲ့ အရာအားလုံး​ပေးဆပ်ကြိုးစားကစားရင်
အရှုံးနဲ့ကန်​တဲ့ပွဲပြီးရင်​​တောင်​ မာန်​မချဘဲလက်​ခုပ်​တီးဖို့အသင့်​ဘဲ။

ငါတို့ အခုလည်းရှုံး​နေတယ်​။
နောက်​ထပ်​ဘာမှ ယခုထက်​ပိုပြီး ရှုံးစရာမရှိဘူး။
ရဲရဲရင့်​ရင့်​သာချကြ။

နောက်​ထပ်​ရှုံးစရာမရှိတဲ့အ​နေအထားမှာ
နောက်​ထပ်​ရလာမယ့်​အရာမှန်​သမျှဟာ
အနိုင်​အတွက်​ပဲဖြစ်​ရမယ်​။

ငါတို့ မြင်​ချင်​တာ မင်းတို့ရဲ့တိုက်​ပွဲဝင်​စိတ်​ဓာတ်​။
ငါတို့မြန်​မာပရိသတ်​​တွေမြင်​ချင်​တာ
မင်းတို့ရဲ့ အရှုံးမ​ပေးတဲ့စိတ်​ဓာတ်​။

ဂျပန်​နဲ့ပွဲမှာ အရှုံးအနိုင်​ထက်
ငါတို့အားလုံးမြန်​မာပရိသတ်​​တွေလိုချင်​တာ မြင်​ချင်​တာက
မင်းတို့ရဲ့ အားမ​လျှော့တဲ့ တိုက်​ပွဲဝင်​စိတ်​ဓာတ်​ပဲ။

မာန်​ချစရာမလိုဘူး။
သိမ်​ငယ်​စရာမလိုဘူး။

ဒါငါတို့​မြေ။
ငါ့တို့ကွင်း။
ငါ့တို့ပရိသတ်​​တွေ​ရှေ့မှာကန်​တာ။

အနီ​ရောင်​လှိုင်းလုံး​တွေနဲ့ မိုးထိဘဝင်​ညံမယ်
မြန်​မာ​ဟေ့ဆိုတဲ့ ​ကြွေး​ကြော်​သံ​တွေနဲ့
မင်းတို့ကိုအားဖြည့်​ဖို့ အားလုံးအသင့်​ရှိတယ်​။

ငါတို့ ဂျပန်​အသင်းကို မနိုင်​လို့ရှုံးတာပဲမြင်​ချင်​တယ်​။
အာ့​လျှော့ပြီး တိုက်​ပွဲဝင်​ စိတ်​ဓာတ်​နည်းတဲ့
အရှုံး​တွေပဲမမြင်​ချင်​ လက်​မခံတာ။

ဘာမှ​တွေ​ဝေမ​နေနဲ့။
မင်းတို့နဲ့အတူ မြန်​မာပြည်​သူသန်းငါးဆယ်​​ကျော်
အတူတူရှိတယ်​။

ရဲတဲ့သူမင်းဖြစ်​ဆိုတဲ့ စကားပုံဆိုရိုး​တွေအတိုင်း
ဘုရင့်​​နောင်​ ​ဖောင်​ဖျက်​ ​နောင်​ရိုးတိုက်​ပွဲတို့ရဲ့စိတ်​ဓာတ်​​တွေနဲ့
ဆာမူရိုင်း​တွေကိုငါ့တို့​သွေးရဲ​ကြောင်းပြကြမယ်​။

KNကိုနိုင်