You are here
Home > Horoscope > အဂၤါသားသမီးမ်ားအတြက္ (9) လပိုင္း တစ္လစာအထူးေဟာစာတမ္း

အဂၤါသားသမီးမ်ားအတြက္ (9) လပိုင္း တစ္လစာအထူးေဟာစာတမ္း

အဂၤါသားသမီးမ်ားအတြက္
၂၀၁၉စတင္ဘာလအတြက္တစ္လစာအထူးေဟာစာတမ္း
မိတ္ေဆြမ်ားစိတ္ခ်မ္းသာကိုယ္က်န္းမာရွိၾကပါေစ…..

ဒီလအတြင္းမွာ သင္၏ ရည္ရြယ္ခ်က္မ်ား ရည္မွန္းခ်က္မ်ား ျပည့္၀ ေအာင္ျမင္မည့္ အခ်ိန္ ျဖစ္တယ္။ ေျပာရရင္ေတာ့ လိုအင္ဆႏၵေတြ ျပည့္စံုႏိုင္တာေပါ့။ ၿခံကိစၥ ၊ ကားကိစၥ ၊ ေက်ာက္ကိစၥ ၊ ေငြေၾကးကိစၥေတြ ေျပာဆို ေအာင္ျမင္တတ္ပါတယ္။ ၀ယ္ဖို႔ရည္ရြယ္ရင္လည္း ၀ယ္ျဖစ္တတ္ပါတယ္။ မိတ္ေဆြသဂၤဟမ်ားကလည္း ကိုယ္ဆီကိုလာၿပီး အလုပ္စီးပြားမ်ား တြဲဖက္ လုပ္ကိုင္ဖို႔ စီစဥ္မည္။ ကိုယ္ကလည္း အလို ျပည့္စံုမည္။

ကိုယ့္မွာရွိတဲ့ လက္၀တ္တန္ဆာ ေရႊေတြကိုေတာ့ သတိထားပါ။ က်ေပ်ာက္တတ္ပါတယ္။ ကိုယ္စီးေနတဲ့ ယဥ္ေတြကေတာ့ အပ်က္အစီးေလးေတြ မ်ားတတ္တဲ့ ကာလျဖစ္ပါတယ္။ ေငြေတြကလည္း အစုလိုက္ အၿပံဳလိုက္ ၀င္လိမ့္မည္။ အင္မတန္ လာဘ္ရႊင္မယ့္ အခ်ိန္ကာလပါပဲ။ ထီေတြဘာေတြ ကံစမ္းတာေတာင္ မဟုတ္ဘူး။ ေသေသခ်ာခ်ာ ထိုးသင့္ပါတယ္။ လူမ်ိဳးျခား ဘာသာျခား ႏိုင္ငံျခားသားမ်ားႏွင့္ ပူးတြဲေပါင္းစပ္ အက်ိဳးေပးမည္။ ထီးတစ္လက္ ဒါမွမဟုတ္ ဖိနပ္တစ္ရံ လက္ေဆာင္ရဖို႔ ရွိပါတယ္။

အင္မတန္ ေကာင္းပါတယ္။ အိမ္တြင္းေရး ပူပင္ေသာကေလးေတြ ရွိပါတယ္။ ကိုယ့္မိသားစုႏွင့္ အတိုက္အခံ ေျပာဆိုေနရတတ္ပါတယ္။ အိမ္ကိစၥ အေမြကိစၥ ဒီအခ်ိန္မွာ စကားေျပာရတတ္တယ္။ မတင္မက်လည္း ျဖစ္တတ္ပါတယ္။ ကိုယ့္မွာ အရြယ္ေရာက္ၿပီးတဲ့ သားသမီးေတြ ရွိရင္ သူတို႔အတြက္ စိတ္ပူရတတ္ပါတယ္။ လူငယ္ေတြအတြက္ကေတာ့ အခ်စ္ေရး ေမတၱာေရး အင္မတန္ ေကာင္းပါတယ္။ လူငယ္ေတြ စန္းပြင့္မယ့္ အခ်ိန္ကာလပါပဲ။ ခ်စ္သူႏွင့္ စိတ္သေဘာထားျခင္း တိုက္ဆိုင္မႈ႔ ရမယ္။ အိမ္ေထာင္ရွိသူေတြ အေနႏွင့္ကေတာ့ အိမ္ေထာင္ေရးမွာ ကေတာက္ကဆေလးေတြ ျဖစ္တတ္ပါတယ္။ က်န္းမာေရး အေနႏွင့္ကေတာ့ ေလေအာင့္တာ ျဖစ္တတ္ပါတယ္။

၀က္သား ေရွာင္ပါ။ အရက္ေရွာင္ပါ။ ထီထိုးရင္ေတာ့ (၂-၇-၀)ပါေအာင္ ထိုးပါ။ ယၾတာအေနႏွင့္ကေတာ့ နန္းႀကီးသုတ္ အလွဴဒါနျပဳပါ။ ေငြထီး လွဴပါ။ တံခြန္လွဴပါေလ..။

ယူနီကုဒ် ဖြင့်ဖတ်ပါ

အင်္ဂါသားသမီးများအတွက်

ဒီလအတွင်းမှာ သင်၏ ရည်ရွယ်ချက်များ ရည်မှန်းချက်များ ပြည့်၀ အောင်မြင်မည့် အချိန် ဖြစ်တယ်။ ပြောရရင်တော့ လိုအင်ဆန္ဒတွေ ပြည့်စုံနိုင်တာပေါ့။ ခြံကိစ္စ ၊ ကားကိစ္စ ၊ ကျောက်ကိစ္စ ၊ ငွေကြေးကိစ္စတွေ ပြောဆို အောင်မြင်တတ်ပါတယ်။ ဝယ်ဖို့ရည်ရွယ်ရင်လည်း ဝယ်ဖြစ်တတ်ပါတယ်။ မိတ်ဆွေသင်္ဂဟများကလည်း ကိုယ်ဆီကိုလာပြီး အလုပ်စီးပွားများ တွဲဖက် လုပ်ကိုင်ဖို့ စီစဉ်မည်။ ကိုယ်ကလည်း အလို ပြည့်စုံမည်။

ကိုယ့်မှာရှိတဲ့ လက်ဝတ်တန်ဆာ ရွှေတွေကိုတော့ သတိထားပါ။ ကျပျောက်တတ်ပါတယ်။ ကိုယ်စီးနေတဲ့ ယဉ်တွေကတော့ အပျက်အစီးလေးတွေ များတတ်တဲ့ ကာလဖြစ်ပါတယ်။ ငွေတွေကလည်း အစုလိုက် အပြုံလိုက် ဝင်လိမ့်မည်။ အင်မတန် လာဘ်ရွှင်မယ့် အချိန်ကာလပါပဲ။ ထီတွေဘာတွေ ကံစမ်းတာတောင် မဟုတ်ဘူး။ သေသေချာချာ ထိုးသင့်ပါတယ်။ လူမျိုးခြား ဘာသာခြား နိုင်ငံခြားသားများနှင့် ပူးတွဲပေါင်းစပ် အကျိုးပေးမည်။ ထီးတစ်လက် ဒါမှမဟုတ် ဖိနပ်တစ်ရံ လက်ဆောင်ရဖို့ ရှိပါတယ်။

အင်မတန် ကောင်းပါတယ်။ အိမ်တွင်းရေး ပူပင်သောကလေးတွေ ရှိပါတယ်။ ကိုယ့်မိသားစုနှင့် အတိုက်အခံ ပြောဆိုနေရတတ်ပါတယ်။ အိမ်ကိစ္စ အမွေကိစ္စ ဒီအချိန်မှာ စကားပြောရတတ်တယ်။ မတင်မကျလည်း ဖြစ်တတ်ပါတယ်။ ကိုယ့်မှာ အရွယ်ရောက်ပြီးတဲ့ သားသမီးတွေ ရှိရင် သူတို့အတွက် စိတ်ပူရတတ်ပါတယ်။ လူငယ်တွေအတွက်ကတော့ အချစ်ရေး မေတ္တာရေး အင်မတန် ကောင်းပါတယ်။ လူငယ်တွေ စန်းပွင့်မယ့် အချိန်ကာလပါပဲ။ ချစ်သူနှင့် စိတ်သဘောထားခြင်း တိုက်ဆိုင်မှု့ ရမယ်။ အိမ်ထောင်ရှိသူတွေ အနေနှင့်ကတော့ အိမ်ထောင်ရေးမှာ ကတောက်ကဆလေးတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေး အနေနှင့်ကတော့ လေအောင့်တာ ဖြစ်တတ်ပါတယ်။

ဝက်သား ရှောင်ပါ။ အရက်ရှောင်ပါ။ ထီထိုးရင်တော့ (၂-၇-ဝ)ပါအောင် ထိုးပါ။ ယတြာအနေနှင့်ကတော့ နန်းကြီးသုတ် အလှူဒါနပြုပါ။ ငွေထီး လှူပါ။ တံခွန်လှူပါလေ..။

Top
//mordoops.com/4/3018672