You are here
Home > Facebook သတင္းစံု > ဂ်ပန္ ဂိုးသမားကို တစ္ႀကိမ္မွ ဖိအားေပးႏုိင္ျခင္းမရွိတဲ့ ျမန္မာ

ဂ်ပန္ ဂိုးသမားကို တစ္ႀကိမ္မွ ဖိအားေပးႏုိင္ျခင္းမရွိတဲ့ ျမန္မာ


ျမန္မာ ၀-၂ ဂ်ပန္

နာကာဂ်ီမာ – ၁၆မိနစ္
မီနာမီႏို – ၂၆မိနစ္

နာမည္ႀကီး ဂ်ပန္အသင္းကေတာ့ အဓိက ကစားသမား အမ်ားစုပါ၀င္ၿပီး ျမန္မာကို အေကာင္းဆံုး ကစားခဲ့ပါတယ္။ ပြဲစကတည္းက ဖိကစားထားၿပီး ဂိုးသြင္းခြင့္ေတြလည္း မ်ားစြာ ရခဲ့တာပါ။ ျမန္မာ ဂိုးသမား ေက်ာ္ဇင္ၿဖိဳး မနည္းကာကြယ္ေနရသလို ခံစစ္ပိုင္းကလည္း ဂ်ပန္ရ႕ဲ တုိက္စစ္ ဖိအားေပးမႈကို ခုခံ ပိတ္ဆို႔ ကစားေနရတာပါ။

ဂ်ပန္အတြက္ ၁၆မိနစ္မွာ နာကာဂ်ီမာက ဧရိယာထိပ္ကေန လွလွပပ ကန္သြင္းၿပီး ဦးေဆာင္ဂိုး သြင္းခဲ့သလို ၂၆မိနစ္မွာ မီနာမီႏိုက ေခါင္းတုိက္ၿပီး ဒုတိယဂိုး သြင္းခဲ့ပါတယ္။

ေျခစြမ္းပိုင္း ကြာဟမႈေၾကာင့္ ျမန္မာဟာ ဂ်ပန္ ဂိုးသမားကို တစ္ႀကိမ္မွ ဖိအားေပးႏုိင္ျခင္းမရွိဘဲ ကိုယ့္ကြင္းဖက္မွာသာ ခံစစ္ ကစားေနရတာ ျဖစ္ပါတယ္။ ဂ်ပန္ကေတာ့ ပထမပိုင္းမွာ ဂိုးသြင္းခြင့္ ၁၄ႀကိမ္အထိ ရခဲ့ၿပီး ၂ဂိုးသာ သြင္းယူႏုိင္ခဲ့တာ ျဖစ္ပါတယ္။

အျခားပြဲရလဒ္

မြန္ဂိုလီးယား ၀-၁ တာဂ်ီကစၥတန္ ( ပြဲအၿပီးရလဒ္)

Source: MFF

Unicode Version

မြန်မာ ဝ-၂ ဂျပန်

နာကာဂျီမာ – ၁၆မိနစ်
မီနာမီနို – ၂၆မိနစ်

နာမည်ကြီး ဂျပန်အသင်းကတော့ အဓိက ကစားသမား အများစုပါဝင်ပြီး မြန်မာကို အကောင်းဆုံး ကစားခဲ့ပါတယ်။ ပွဲစကတည်းက ဖိကစားထားပြီး ဂိုးသွင်းခွင့်တွေလည်း များစွာ ရခဲ့တာပါ။ မြန်မာ ဂိုးသမား ကျော်ဇင်ဖြိုး မနည်းကာကွယ်နေရသလို ခံစစ်ပိုင်းကလည်း ဂျပန်ရဲ့ တိုက်စစ် ဖိအားပေးမှုကို ခုခံ ပိတ်ဆို့ ကစားနေရတာပါ။

ဂျပန်အတွက် ၁၆မိနစ်မှာ နာကာဂျီမာက ဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းပြီး ဦးဆောင်ဂိုး သွင်းခဲ့သလို ၂၆မိနစ်မှာ မီနာမီနိုက ခေါင်းတိုက်ပြီး ဒုတိယဂိုး သွင်းခဲ့ပါတယ်။

ခြေစွမ်းပိုင်း ကွာဟမှုကြောင့် မြန်မာဟာ ဂျပန် ဂိုးသမားကို တစ်ကြိမ်မှ ဖိအားပေးနိုင်ခြင်းမရှိဘဲ ကိုယ့်ကွင်းဖက်မှာသာ ခံစစ် ကစားနေရတာ ဖြစ်ပါတယ်။ ဂျပန်ကတော့ ပထမပိုင်းမှာ ဂိုးသွင်းခွင့် ၁၄ကြိမ်အထိ ရခဲ့ပြီး ၂ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခြားပွဲရလဒ်

မွန်ဂိုလီးယား ဝ-၁ တာဂျီကစ္စတန် ( ပွဲအပြီးရလဒ်)

Source: MFF

Top
//doruffleton.com/4/3018672