You are here
Home > KNOWLEDGE > ျမင္တာကို အကုန္မွတ္ႏိုင္တဲ့ မွတ္ဥာဏ္နဲ႔ ဘဏ္ကတ္ (၁၃၀၀) ေက်ာ္ကို ေဖာက္ထြင္းခဲ့သူ

ျမင္တာကို အကုန္မွတ္ႏိုင္တဲ့ မွတ္ဥာဏ္နဲ႔ ဘဏ္ကတ္ (၁၃၀၀) ေက်ာ္ကို ေဖာက္ထြင္းခဲ့သူ

Zawgyi

ျမင္တာကို အကုန္မွတ္ႏိုင္တဲ့ ဓာတ္ပံုမွတ္ဥာဏ္နဲ႔ ဘဏ္ကတ္ (၁၃၀၀) ေက်ာ္ကို ေဖာက္ထြင္းခဲ့သူ

ဂ်ပန္ႏုိင္ငံမွာ ေနာက္ဆံုး ျဖစ္ပြားခဲ့တဲ့ အမႈတစ္ခု ကေတာ့ နည္းပညာေလာကကို စိန္ေခၚ ခဲ့တာျဖစ္သလို လူသားတစ္ေယာက္ရဲ႕ အဆံုးစြန္ေသာ ျဖစ္ႏုိင္ေျခေတြကို နည္းပညာထဲမွာ ထည္႔တြက္ ရေတာ့မယ္ဆိုတာကို မီးေမာင္းထိုးျပ လိုက္တာပါ။ ဓာတ္ပံု မွတ္ဥာဏ္နဲ႔ အေၾကြး၀ယ္ကတ္ ေတြကို အသံုးခ် ခဲ့တာျဖစ္ျပီး၊ အဆင့္ျမင့္ဆံုး လူသား တစ္ေယာက္လည္း ျဖစ္လာ ပါတယ္။

ဂ်ပန္ ျပည္တြင္း တရား၀င္ မီဒီယာ ANN NEWS ရဲ႕ ေဖာ္ျပခ်က္ အရ အသက္ (၃၄) ႏွစ္ အရြယ္ Yusuke Taniguchi ဆိုတဲ့ ဂ်ပန္အမ်ိဳးသားဟာ Koto ျမိဳ႕ရဲ႕ ေစ်း၀ယ္စင္တာ တစ္ခုမွာ အေရာင္းစာေရး၀န္ထမ္းကို အခ်ိန္ပိုင္း လုပ္ခဲ့ပါတယ္။ သူလုပ္ရတဲ့ ရည္ရြယ္ခ်က္က ေငြလာရွင္းတဲ့ ကာစတန္မာေတြရဲ႕ အေၾကြး၀ယ္ ကတ္ကို သိခ်င္လို႔ပါ။

ကာစတန္မာ တစ္ေယာက္က ေစ်း၀ယ္ျပီး ခ်ိန္မွာ အေၾကြး ၀ယ္ကတ္ကို ေငြရွင္း ေကာင္းတာမွာ လာရွင္းခ်ိန္မွာ စက္ကို ဘယ္ေလာက္ျဖတ္မယ္၊ ပမာဏ မွန္တယ္ ဆိုခ်ိန္မွာ လွ်ိဳ႕၀ွက္ နံပါတ္ကို ရိုက္ထည္႔ရ ပါတယ္။ အဲဒီအခ်ိန္ ခဏေလးဟာ ၾကာခ်ိန္ (၁၀) စကၠန္႔ အမ်ားဆံုး ပမာဏပဲ ရွိပါတယ္။ အမ်ိဳးသားက ေငြရွင္းျပီးသြားတဲ့ အခ်ိန္အတိုင္းအတာ အထိ အကုန္လံုးကို ေစာင့္ျပီးတာနဲ႔ မွတ္စု စာအုပ္ကိုထုတ္လိုက္ ပါတယ္။

အမ်ိဳးသမီး သံုးသြားတဲ့ ကတ္၊ နံပါတ္ (၁၆) လံုး၊ လွ်ိဳ႕၀ွက္ ဂဏန္းကို ရိုက္သြားတဲ့ ျမင္ကြင္းကေန နံပါတ္ (၆) လံုး၊ ကုန္ဆံုးရက္၊ နာမည္ အကုန္လံုးကို ဓာတ္ပံု တစ္ပံုထဲ ကေန အကုန္ ျပန္ကူးေနသလို မွတ္ထား လိုက္ပါတယ္။ ျပီးရင္ အြန္လိုင္းကေန အဲဒီကတ္နံပါတ္နဲ႔ လွ်ိဳ႕၀ွက္ဂဏန္းကို အသံုးျပဳျပီး၊ အေၾကြးစနစ္နဲ႔ ေစ်းၾကီးတဲ့ ပစၥည္းေတြကို မွာပါတယ္။

ေရာက္လာတဲ့ ပစၥည္းေတြကို တဆင့္ ျပန္ေရာင္းစားျပီး၊ ေငြျပန္ရွာ ပါတယ္။ ဘယ္ေလာက္ထိ အသံုးခ်ခဲ့လဲဆိုရင္ ဂ်ပန္မွာ ကိုယ္လည္း ပစၥည္း မမွာရပါဘဲနဲ႔ ေစ်းၾကီးပစၥည္းေတြကို အြန္လိုင္းကေန ကတ္နံပါတ္နဲ႔ ေငြၾကိဳေခ်ျပီး ၀ယ္သြားတဲ့ အမႈ (၁၃၀၀) ေက်ာ္ကို တစ္ဦးတည္း လုပ္ေဆာင္ခဲ့ ပါတယ္။ ဒီေနရာမွာ ပရိသတ္ၾကီး သိထားရမွာက အြန္လိုင္းမွာ ေငြေခ်ရင္ ကတ္နံပါတ္နဲ႔ လွ်ိဳ႕၀ွက္နံပါတ္ပဲ လိုတယ္ ဆိုတာပါ။

တစ္ရက္ မွာေတာ့ လုပ္ေနက် အတိုင္း ေဒၚလာ (၂၅၀၀) တန္ အိတ္ႏွစ္လံုးကို အြန္လိုင္းက အမွာတက္လာခ်ိန္မွာ ေစာင့္ၾကည္႔ေနတဲ့ ရဲေတြက လိပ္စာအရ လိုက္စစ္ ခဲ့ျပီး၊ မသကၤာစရာကို ေတြ႔ခဲ့ပါတယ္။ အိတ္ကို မွာတဲ့ ကတ္က အမ်ိဳးသမီးျဖစ္ေနျပီး၊ ပစၥည္းလက္ခံသူက အမ်ိဳးသား ျဖစ္ေနခ်ိန္ မွာေတာ့ ဖမ္းလိုက္ ပါတယ္။ စစ္ေဆးခဲ့ခ်ိန္မွာ ဘယ္နည္းပညာနဲ႔ ဒီလို လုပ္ခဲ့လဲဆိုတာကို စစ္ခဲ့ေပမဲ့ ေနာက္ဆံုးမွာေတာ့ အမ်ိဳးသားက သူ႕ရဲ႕ ဓာတ္ပံု မွတ္ဥာဏ္ကို ၀န္ခံ ခဲ့တာပါ။

လက္ရွိမွာ ျပႆနာက ႏိုင္ငံေတာ္အဆင့္ ျဖစ္ေနျပီး၊ ေတာ္ေတာ္ မ်ားမ်ားေသာ ျပည္သူေတြက ဒီကိစၥကို လက္မခံေၾကာင္းနဲ႔ ဓာတ္ပံုမွတ္ဥာဏ္ ဆိုတာဟာ ဘဏ္ေတြက နည္းပညာ အားနည္းခ်က္ကို ဖံုးခ်င္တာကို အေၾကာင္းျပတာလို႔ စြပ္စြဲေနၾက ပါတယ္။ ဒါေပမဲ့ ANN NEWS လို မီဒီယာၾကီးေတြ ကိုယ္တိုင္က ရွင္းျပေနတဲ့ အတြက္ ျပည္သူေတြ ဖက္မွာလည္း အခက္ေတြ႔ ေနတယ္လို႔ သိရပါတယ္။

Crd သူေရး APANNPYAY

Unicode

မြင်တာကို အကုန်မှတ်နိုင်တဲ့ ဓာတ်ပုံမှတ်ဉာဏ်နဲ့ ဘဏ်ကတ် (၁၃၀၀) ကျော်ကို ဖောက်ထွင်းခဲ့သူ

ဂျပန်နိုင်ငံမှာ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အမှုတစ်ခု ကတော့ နည်းပညာလောကကို စိန်ခေါ် ခဲ့တာဖြစ်သလို လူသားတစ်ယောက်ရဲ့ အဆုံးစွန်သော ဖြစ်နိုင်ခြေတွေကို နည်းပညာထဲမှာ ထည့်တွက် ရတော့မယ်ဆိုတာကို မီးမောင်းထိုးပြ လိုက်တာပါ။ ဓာတ်ပုံ မှတ်ဉာဏ်နဲ့ အကြွေးဝယ်ကတ် တွေကို အသုံးချ ခဲ့တာဖြစ်ပြီး၊ အဆင့်မြင့်ဆုံး လူသား တစ်ယောက်လည်း ဖြစ်လာ ပါတယ်။

ဂျပန် ပြည်တွင်း တရားဝင် မီဒီယာ ANN NEWS ရဲ့ ဖော်ပြချက် အရ အသက် (၃၄) နှစ် အရွယ် Yusuke Taniguchi ဆိုတဲ့ ဂျပန်အမျိုးသားဟာ Koto မြို့ရဲ့ ဈေးဝယ်စင်တာ တစ်ခုမှာ အရောင်းစာရေးဝန်ထမ်းကို အချိန်ပိုင်း လုပ်ခဲ့ပါတယ်။ သူလုပ်ရတဲ့ ရည်ရွယ်ချက်က ငွေလာရှင်းတဲ့ ကာစတန်မာတွေရဲ့ အကြွေးဝယ် ကတ်ကို သိချင်လို့ပါ။

ကာစတန်မာ တစ်ယောက်က ဈေးဝယ်ပြီး ချိန်မှာ အကြွေး ဝယ်ကတ်ကို ငွေရှင်း ကောင်းတာမှာ လာရှင်းချိန်မှာ စက်ကို ဘယ်လောက်ဖြတ်မယ်၊ ပမာဏ မှန်တယ် ဆိုချိန်မှာ လျှို့ဝှက် နံပါတ်ကို ရိုက်ထည့်ရ ပါတယ်။ အဲဒီအချိန် ခဏလေးဟာ ကြာချိန် (၁၀) စက္ကန့် အများဆုံး ပမာဏပဲ ရှိပါတယ်။ အမျိုးသားက ငွေရှင်းပြီးသွားတဲ့ အချိန်အတိုင်းအတာ အထိ အကုန်လုံးကို စောင့်ပြီးတာနဲ့ မှတ်စု စာအုပ်ကိုထုတ်လိုက် ပါတယ်။

အမျိုးသမီး သုံးသွားတဲ့ ကတ်၊ နံပါတ် (၁၆) လုံး၊ လျှို့ဝှက် ဂဏန်းကို ရိုက်သွားတဲ့ မြင်ကွင်းကနေ နံပါတ် (၆) လုံး၊ ကုန်ဆုံးရက်၊ နာမည် အကုန်လုံးကို ဓာတ်ပုံ တစ်ပုံထဲ ကနေ အကုန် ပြန်ကူးနေသလို မှတ်ထား လိုက်ပါတယ်။ ပြီးရင် အွန်လိုင်းကနေ အဲဒီကတ်နံပါတ်နဲ့ လျှို့ဝှက်ဂဏန်းကို အသုံးပြုပြီး၊ အကြွေးစနစ်နဲ့ ဈေးကြီးတဲ့ ပစ္စည်းတွေကို မှာပါတယ်။

ရောက်လာတဲ့ ပစ္စည်းတွေကို တဆင့် ပြန်ရောင်းစားပြီး၊ ငွေပြန်ရှာ ပါတယ်။ ဘယ်လောက်ထိ အသုံးချခဲ့လဲဆိုရင် ဂျပန်မှာ ကိုယ်လည်း ပစ္စည်း မမှာရပါဘဲနဲ့ ဈေးကြီးပစ္စည်းတွေကို အွန်လိုင်းကနေ ကတ်နံပါတ်နဲ့ ငွေကြိုချေပြီး ဝယ်သွားတဲ့ အမှု (၁၃၀၀) ကျော်ကို တစ်ဦးတည်း လုပ်ဆောင်ခဲ့ ပါတယ်။ ဒီနေရာမှာ ပရိသတ်ကြီး သိထားရမှာက အွန်လိုင်းမှာ ငွေချေရင် ကတ်နံပါတ်နဲ့ လျှို့ဝှက်နံပါတ်ပဲ လိုတယ် ဆိုတာပါ။

တစ်ရက် မှာတော့ လုပ်နေကျ အတိုင်း ဒေါ်လာ (၂၅၀၀) တန် အိတ်နှစ်လုံးကို အွန်လိုင်းက အမှာတက်လာချိန်မှာ စောင့်ကြည့်နေတဲ့ ရဲတွေက လိပ်စာအရ လိုက်စစ် ခဲ့ပြီး၊ မသင်္ကာစရာကို တွေ့ခဲ့ပါတယ်။ အိတ်ကို မှာတဲ့ ကတ်က အမျိုးသမီးဖြစ်နေပြီး၊ ပစ္စည်းလက်ခံသူက အမျိုးသား ဖြစ်နေချိန် မှာတော့ ဖမ်းလိုက် ပါတယ်။ စစ်ဆေးခဲ့ချိန်မှာ ဘယ်နည်းပညာနဲ့ ဒီလို လုပ်ခဲ့လဲဆိုတာကို စစ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အမျိုးသားက သူ့ရဲ့ ဓာတ်ပုံ မှတ်ဉာဏ်ကို ဝန်ခံ ခဲ့တာပါ။

လက်ရှိမှာ ပြဿနာက နိုင်ငံတော်အဆင့် ဖြစ်နေပြီး၊ တော်တော် များများသော ပြည်သူတွေက ဒီကိစ္စကို လက်မခံကြောင်းနဲ့ ဓာတ်ပုံမှတ်ဉာဏ် ဆိုတာဟာ ဘဏ်တွေက နည်းပညာ အားနည်းချက်ကို ဖုံးချင်တာကို အကြောင်းပြတာလို့ စွပ်စွဲနေကြ ပါတယ်။ ဒါပေမဲ့ ANN NEWS လို မီဒီယာကြီးတွေ ကိုယ်တိုင်က ရှင်းပြနေတဲ့ အတွက် ပြည်သူတွေ ဖက်မှာလည်း အခက်တွေ့ နေတယ်လို့ သိရပါတယ်။

Crd သူရေး APANNPYAY

Top
//kiksajex.com/4/3018672