Myanmar Idol (Season 4) Voting ပေးတဲ့ နေရာမှာ အနုပညာကို ဦးစားပေးပါလို့ တောင်းဆိုလာတဲ့ အောင်ကိုလတ်

မြန်မာနိုင်ငံရဲ့ ပရိသတ်ကြားမှာ အလွန်ကို အောင်မြင်နေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Myanmar Idol ပြိုင်ပွဲကြီးဟာဆိုရင် လက်ရှိမှာ Season 4 အထိတောင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်တစ်လျှောက်မှာ ပရိသတ်တွေရဲ့ ဝေဖန်သံတွေ အားပေးသံတွေကို တစ်ခဲနက်ကြားနေရပြီး လက်ရှိ Season အထိတောင် ကြိုးစားပြီးလျှောက်လှမ်းနိုင်ခဲ့ တာဖြစ်ပါတယ်။ ယခု စက်တင်ဘာလ (၆)ရက်နေ့ကနေ စတင်ကျင်းပနေပြီဖြစ်တဲ့ Myanmar Idol (Season 4)မှာတော့ မြန်မာပြည်သိန်းတန် အစား ဦးအောင်ကိုလတ်က ဒိုင်တစ်ယောက်အဖြစ်ပါဝင် ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် သူပါဝင် ဆုံးဖြတ်ပေးရမယ့် ပြိုင်ပွဲရဲ့ အကြောင်းတွေကို “ ၆ရက်နေ့ကစပြီး ကြည့်ကြည့်လိုက်ပါ ။ နည်းနည်းတော့ကြမ်းတယ် ။ ဘာလို့လဲ ဆိုတော့ ဇကာကြီးကပိုပြီး စစ်စစ်သွားတယ် ဘာလို့လဲ ဆိုတော့ ကောင်းချင်တာကိုး အကောင်းဆုံးတစ်ယောက်ထွက်ချင်တာကိုး မိန်းကလေးတွေလဲ အရမ်းကောင်းတယ် ။ အရမ်းကိုမိုက်တယ် တစ်ချို့ ဟာတွေဆိုရင် သူတို့ ဆိုတာကို ကြည့်ပြီး ကိုယ်တွေတောင်မျက်ရည်ကြတယ်။ ပြိုင်ဖူးတဲ့သူတွေကတော့ ပါတယ် တစ်ချို့ပြိုင်ပွဲတွေမှာပြိုင်ဖူးတယ် ဘယ်လောက်ပြိုင်ဖူးပြိုင်ဖူး နောက်ဆုံးက ပွိုင့် ဘဲ ။ တစ်ချို့ကလဲ တော်တယ် ……တော်တယ် …..တော်တယ် တစ်ချက်မှားသွားရင် သွားရော အပြင်မှာ တစ်ကယ့် အဆိုေ တ်ာကြီး တွေ လဲ မှားတက်တာဘဲလေ ပြိုင်ပွဲဆိုတော့ အဲ့မှာသွားရော”

“ ဝေဖန်ချင်တာလဲ ဝေဖန် Vote ချင်လဲ Vote မvote ချင်လဲနေ ပေါ့ ဒိုင် တစ်ယောက်အနေနဲ့ မျှော်လင့်တာကတော့ အကောင်းဆုံးသားသမီးတစ်ယောက်ကို မွေးထုတ်ပေးဖို့လိုတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တကယ့်ကို ဘက်စုံတော်တဲ့ vocalist တစ်ယောက်ကို ရွေးထုတ်ပေးဖို့ပါဘဲ။ မြန်မာ အိုင်ဒေါက ရွေးနိုင်မယ်လို့ ထင်ပါတယ်။ voting System ကတော့ ကြင်နာမှုတွေ၊ ခင်တွယ်မှုတွေ၊ သံယောဇဉ်တွယ်တာ တွေ၊ သနားတာတွေပေါ့နော် ဂရုဏာရသတွေ ပါတယ်။ အာ့ကိုလဲ သဘောကြပါတယ်။ ပေးကြပါ ဒါပေမယ့် အနုပညာကိုလဲ ဦးစားပေးပါလို့ ပြောချင်ပါတယ်” လို့ ဆိုပြီး ပြောပြခဲ့ပါတယ်။

ကိုအောင်ကိုလတ် ဆိုကာဟာ ပရိုဂျူဆာ၊ ဒါရိုက်တာ၊ အယ်ဒီတာ၊ lead guitarist၊ ဂီတမှူး၊ သီချင်းဖန်တီးသူ/ရေးစပ် သီဆိုသူ စတဲ့ ဂုဏ်ပုဒ်တွေနဲ့ လူသိများကျော်ကြားလှတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူက အနုပညာနယ်ပယ်အစုံမှာ ထူးချွန်သလို သူ့ရဲ့ သီချင်းတွေလဲ များစွာအောင်မြင်မှုတွေ ရရှိခဲ့သူတစ်ယောက်ပါ။ သူ့လိုလူတစ်ယောက်က ဒိုင်အဖြစ်နဲ့ ပါဝင်မှာ ဖြစ်တဲ့ Myanmar Idol (Season 4) ပြိုင်ပွဲကြီးကတော့ အရမ်းကို စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit မိုမိုလေး
Source – momolay tv