You are here
Home > Facebook သတင်းစုံ > Victoria လေးကိုယနေ့စတင်စစ်ဆေးတော့မည်ဖြစ်ပြီးကလေးသူငယ်ကျွမ်းကျင်သည့်တရားသူကြီးကိုတာဝန်ပေး
Victoria လေးကိုယနေ့စတင်စစ်ဆေးတော့မည်ဖြစ်ပြီးကလေးသူငယ်ကျွမ်းကျင်သည့်တရားသူကြီးကိုတာဝန်ပေး
ဒီစစ်ဆေးမှုကိုတော့ တစ်ရက်တည်းနဲ့ အပြီး စစ်ဆေးသွားမှာဖြစ်ပြီးတော့ လက်ရှိအခြေအနေဟာ ဗစ်တိုးရီးယားလေးရဲ့ ထွက်ဆိုချက်ဟာ အလွန်အရေးပါတဲ့ အခြေအနေ တစ်ရပ်လည်းဖြစ်ပါတယ်။
Photo source-Kumudra
ယူနီကုဒ် ဖြင့်ဖတ်ပါ
နေပြည်တော်က သက်ငယ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြစ်တဲ့ ဗစ်တိုးရီးယားလေးရဲ့ အမှုဟာဆိုရင် ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ၆ ကြိမ်မြောက် ရုံးချိန်းကို ကြားနာစစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ ၆ ကြိမ်
မြောက် ရုံးချိန်းမှာတော့ ဗစ်တိုးရီးယားလေးကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ စစ်ဆေးတဲ့နေရာမှာလည်း ဗွီဒီယိုကွန်ဖရင့်ဇင်း အနေနဲ့ စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီစစ်ဆေးမှုကိုတော့ တစ်ရက်တည်းနဲ့ အပြီး စစ်ဆေးသွားမှာဖြစ်ပြီးတော့ လက်ရှိအခြေအနေဟာ ဗစ်တိုးရီးယားလေးရဲ့ ထွက်ဆိုချက်ဟာ အလွန်အေရေးပါတဲ့ အခြေအနေ တစ်ရပ်လည်းဖြစ်ပါတယ်။
သူမရဲ့အမှုကို ကိုင်တွယ်တဲ့ နေပြည်တော် ဒက္ခဏခရိုင်တရားရုံးက ဒုတိယတရားသူကြီး ဦးညိုဌေး ကွယ်လွန်သွားတဲ့နောက်မှာ ဒီအမှုကိုတော့ ကလေးသူငယ်ကျွမ်းကျင်တဲ့ တရားသူကြီးကို တာဝန်ပေးထားတယ်လို့လည်းသိရှိရပါတယ်။
အင်မတန်မှ ကြာမြင့်နေတဲ့သည်အမှုမှာ အမှန်တရားတစ်ခု ရရှိနိုင်ဖို့အတွက် ဗစ်တိုးရီးယားလေးအတွက် ဆုတောင်းပေးကြပါဦးနော်..
Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Photo source-Kumudra
Top
//vaikijie.net/4/3018672