မွန် သတို့သမီးဝတ်စုံလေး နဲ့ ကျက်သရေ ရှိရှိ လှနေတဲ့ ဝေလာရီ

ချစ်စရာကောင်းတဲ့ အပြုံလေးတွေရဲ့ ပိုင်ရှင် မင်းသမီးချောလေး ဝေလာရီက လတ်တလော မှာတော့ “နှင်းဆီ” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ်။ ဝေလာရီက ပထမဆုံး ဇာတ်လမ်းတွဲတွေနဲ့တင် သရုပ်ဆောင်တော်လွန်းလို့ ပရိသတ်တွေက ချီးကျူးနေရတာ ဖြစ်ပါတယ်။ ဝေလာရီက လက်ရှိ မှာလည်း သူမချစ်တဲ့ အနုပညာ လုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက် ရှိပါတယ်။

ဝေလာရီကို ချစ်ကြတဲ့ ပရိသတ်တွေ အတွက် ဝေလာရီ ရဲ့ မွန်ရိုးရာ သတို့သမီး ဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ လှပတင့်တယ်နေတဲ့ ပုံရိပ်တွေကို မျှဝေပေး လိုက်ပါတယ်နော်။

ဝေလာရီ ကိုယ်တိုင်ကလည်း ချစ်စရာကောင်းတဲ့ မွန်မလေး ဆိုတော့ အခုလို မွန် သတို့သမီးဝတ်စုံလေးကို ဝတ်ဆင်လိုက်တော့ ပိုလို့တောင် ကျက်သရေ ရှိသွားတာကို တွေ့ရပါတယ်။

ဝေလာရီက သရုပ်ဆောင်ကောင်းသလို သီချင်း ဆိုလည်းတော်သူတစ်ဦး ဖြစ်ပြီး သူမရဲ့ အစ်မဖြစ်သူ အဆိုတော် လိမ္မော်သီးနဲ့ အတူတူ “မျက်ဝန်းညို” ၊ “သင်္ကြန်ရေ” သတဲ့ သီချင်းတွေလည်း အတူတူ တွဲဖက်သီဆိုထားတာ တွေ့ရပါတယ်။

ဝေလာရီကတော့ မွန်သတို့သမီး ဝတ်စုံလေးနဲ့ ငေးကြည့်နေရအောင် လှတာပဲနော်။ ပရိသတ်ကြီးလည်း ဝေလာရီရဲ့ ပုံရိပ်လေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

crd : momolay