You are here
Home > အနုပညာ > Victoria ေလးက တရားခံအစစ္ကုိ တရားရုံးမွာထြက္ဆုိလုိက္ပါျပီ

Victoria ေလးက တရားခံအစစ္ကုိ တရားရုံးမွာထြက္ဆုိလုိက္ပါျပီ

ဒီေန႔ စက္တင္ဘာ ၁၁ ရက္ေန႔ဟာဆိုရင္ ဗစ္တိုးရီးယား အမႈအတြက္ အေျဖထြက္တဲ့ေန႔လို႔ပဲ ဆိုရေတာ့မယ္ထင္ပါတယ္..။

ယေန႔မွာ ၆ ၾကိမ္ေျမာက္ ရံုးခ်ိန္းကို ၾကားနာခဲ့ျပီး တရားခြင္မွာ ဗစ္တိုးရီးယားေလးကို ေမးျမန္ရတဲ့ ေန႔ျဖစ္ပါတယ္။ ဒီလို ေမးျမန္တဲ့အခါမွာ ဗြီဒီယိုကြန္ဖရင့္စင္း နည္းပညာကို အသံုးျပဳထားျပီး စစ္ေဆးေမးျမန္းမႈေတြ လုပ္ခဲ့တယ္လို႔
သိရပါတယ္။

ဒီလို စစ္ေဆးေမးျမန္းမႈေတြ လုပ္တဲ့အခါမွာေတာ့ ဗစ္တိုးရီးယားေလးဟာ သူမကို ကိုကိုအငယ္နဲ႔ ကိုကိုအၾကီး လုပ္တယ္လို႔ပဲ တသမတ္တည္း ထြက္ဆိုေနပါတယ္။ ဒီထြက္ဆိုမႈဟာ အခုမွ မဟုတ္ပဲ အမႈစတင္ျဖစ္ပြားကတည္းက
ဗစ္တိုးရီးယားေလးက ထြက္ဆိုေနခဲ့ေပမယ့္ ဒီအေပၚမွာေတာ့ တာဝန္ရွိသူေတြ အဆင့္ဆင့္ဟာ တိတိပပ အေရးယူမႈ စစ္ေဆးမႈေတြ မျပဳလုပ္ခဲ့ဘူးလို႔ သိရပါတယ္။

အဲ့ဒီအစား ယာဥ္ေမာင္းေအာင္ၾကီးကိုပဲ တရားခံျဖစ္တယ္လို႔ စီအိုင္ဒီက ရဲခ်ဳပ္ကိုယ္တိုင္ သတင္းစာရွင္းလင္းပြဲလုပ္ျပီး ေၾကျငာခဲ့ပါေသးတယ္။
အခုေတာ့ ဗစ္တိုးရီးယားေလးကိုယ္တိုင္ တရားရံုးမွာ ကိုကိုအငယ္နဲ႔ ကိုကိုအၾကီး လုပ္တာပါလို႔ ထြက္ဆိုေနပါျပီ။ ဒီအမႈကို ဘယ္လိုမ်ား ဆက္ျဖစ္လာမလဲ ၊ သို႔မဟုတ္ ဘယ္လိုမ်ား ေရွာင္လႊဲၾကဦးမလဲဆိုတာေတာ့
ျမန္မာနိုင္ငံရဲ႕ တရားစီရင္ေရးကို ေစာင့္ၾကည့္ၾကရဦးမယ့္ အေနအထား တစ္ခုပဲ ျဖစ္ပါတယ္..

Writer- SMT(ေန႔စဥ္သတင္းနွင့္သုတရသအျဖာျဖာ)
source- 7 Days

ယူနီကုဒ် ဖြင့်ဖတ်ပါ

ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့ဟာဆိုရင် ဗစ်တိုးရီးယား အမှုအတွက် အဖြေထွက်တဲ့နေ့လို့ပဲ ဆိုရတော့မယ်ထင်ပါတယ်..။

ယနေ့မှာ ၆ ကြိမ်မြောက် ရုံးချိန်းကို ကြားနာခဲ့ပြီး တရားခွင်မှာ ဗစ်တိုးရီးယားလေးကို မေးမြန်ရတဲ့ နေ့ဖြစ်ပါတယ်။ ဒီလို မေးမြန်တဲ့အခါမှာ ဗွီဒီယိုကွန်ဖရင့်စင်း နည်းပညာကို အသုံးပြုထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့
သိရပါတယ်။

ဒီလို စစ်ဆေးမေးမြန်းမှုတွေ လုပ်တဲ့အခါမှာတော့ ဗစ်တိုးရီးယားလေးဟာ သူမကို ကိုကိုအငယ်နဲ့ ကိုကိုအကြီး လုပ်တယ်လို့ပဲ တသမတ်တည်း ထွက်ဆိုနေပါတယ်။ ဒီထွက်ဆိုမှုဟာ အခုမှ မဟုတ်ပဲ အမှုစတင်ဖြစ်ပွားကတည်းက
ဗစ်တိုးရီးယားလေးက ထွက်ဆိုနေခဲ့ပေမယ့် ဒီအပေါ်မှာတော့ တာဝန်ရှိသူတွေ အဆင့်ဆင့်ဟာ တိတိပပ အရေးယူမှု စစ်ဆေးမှုတွေ မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။

အဲ့ဒီအစား ယာဉ်မောင်းအောင်ကြီးကိုပဲ တရားခံဖြစ်တယ်လို့ စီအိုင်ဒီက ရဲချုပ်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေငြာခဲ့ပါသေးတယ်။
အခုတော့ ဗစ်တိုးရီးယားလေးကိုယ်တိုင် တရားရုံးမှာ ကိုကိုအငယ်နဲ့ ကိုကိုအကြီး လုပ်တာပါလို့ ထွက်ဆိုနေပါပြီ။ ဒီအမှုကို ဘယ်လိုများ ဆက်ဖြစ်လာမလဲ ၊ သို့မဟုတ် ဘယ်လိုများ ရှောင်လွှဲကြဦးမလဲဆိုတာတော့
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို စောင့်ကြည့်ကြရဦးမယ့် အနေအထား တစ်ခုပဲ ဖြစ်ပါတယ်..

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
source- 7 Days

Top
//intorterraon.com/4/3018672