You are here
Home > အနုပညာ > ရဲလေးနဲ့အတူ MTV ရိုက်ကူးခဲ့တဲ့ မြန့်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာ

ရဲလေးနဲ့အတူ MTV ရိုက်ကူးခဲ့တဲ့ မြန့်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာ








ယူနီကုဒ် ဖြင့်ဖတ်ပါ

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်လေး ဖြစ်တဲ့ သက်ထားသူဇာ ဟာဆိုရင် အားကစားမှာ ထူးချွန်သူ တစ်ယောက်ဖြစ်သလို ရုပ်ရည်ပြေပြစ်မှုမှာလည်း အချိုးအဆစ်ပြေပြစ်လှစွာ ချောမောလှသူတစ်ဦးဖြစ်ပါတယ်။
သူမဟာ သူမဝါသနာပါရာ အားကစားကို မိဘတွေရဲ့ အားပေးထောက်ခံမှုနဲ့ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာကြောင့် အခုဆိုရင် မြန်မာတွင်မက ကမ္ဘာ့နိုင်ငံက ချန်ပီယံများကိုတောင် အနိုင်ယူနိုင်ခဲ့တဲ့ မြန်မာဂုဏ်ဆောင် ကြက်
တောင်မယ်လေး တစ်ဦးလည်းဖြစ်ပါတယ်။

ယခင်မတိုင်ခင်အချိန်များက သူမကိုအားကစားသာ ဝါသနာပါသူ တစ်ဦးအဖြစ် ထင်ခဲ့ကြပေမယ့် အခုအခါမှာတော့ သူမဟာ အားကစားသာမက အနုပညာပိုင်းမှာပါ ဝါသနာပါသူ တစ်ဦးဖြစ်ကြောင်း သိလာခဲ့ရပါပြီ။

အကြောင်းကတော့ သူမဟာ ကြက်တောင်ပွဲတွေ မရှိသေးတဲ့ အားလပ်ချိန်လေးမှာ အဆိုတော် ရဲလေးနဲ့ အတူ MTV ရိုက်ကူးလာတာကို တွေ့ရပါတယ်။ ဒီအကြောင်းလေးကိုလည်း အဆိုတော် ရဲလေးက အခုလိုပဲ ဖော်ပြလာပါတယ်။

သက်ထားသူဇာလေးကတော့ “ဘာလာလာ ရုပ်ရှင်ရယ် စပွန်ဆာ ရုပ်ရှင် ရယ် နှင်းဆီအငြိမ့် တို့မတိုင်ခင် သီချင်းအသစ် တစ်ပုဒ် မနေ့ကရိုက်ကူးပြီးစီးခဲ့ပြီး စက်တင်ဘာလထဲမှာပဲ YLJK ENTERTAINMENT ကနေထပ်မံတင်ဆက်သွားပါမယ်ခင်ဗျာ …မင်းသမီးကတော့တစ်ခါမှမဆုံဘူးသေးတဲ့ နိုင်ငံ့လက်ရွေးစင် ကြက်တောင်မယ်လေးသက်ထားသူဇာ နဲ့ ရိုက်ကူးထားပါတယ်ခင်ဗျာ…Hollow Guitar တစ်လုံးတည်းနဲ့ပရိသတ်တွေကိုယ်တိုင်လိုက်တီးပြီးလိုက်ဆို လို့ရမယ့်ပုံစံလေးကို ဖန်တီးထားပါတယ် …သီချင်းထွက်လာတဲ့အချိန်အားလုံးအတွက် ပြိ ုင်ပွဲတစ်ခုကိုလည်းဖန်တီးပြ ု လုပ်သွားမှာဖြစ်တဲ့အတွက် YLJK Ent page ကို Like & Follow လုပ်ထားပေးဖို့အတွက်လည်း ပြောပြထားချင်ပါတယ်ခင်ဗျာ…”

လို့ အခုပဲ ပြောပြလာပါတယ်။

 

ဒါကြောင့် ပရိသတ်ကြီးအနေနဲ့လည်း MTV လေး ထွက်လာရင် အားပေးကြပါဦးလို့ တိုက်တွန်းထားပါတယ်။

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

Top
//intorterraon.com/4/3018672