You are here
Home > အနုပညာ > တစ်ဘူတာတိုင်း မှာ ရည်းစား တစ်ယောက်ထားခဲ့တဲ့ ခင်ပွန်းဖြစ်သူ အကြောင်း ပြောပြလာတဲ့ စည်ဖြိုးရဲ့ မိခင်

တစ်ဘူတာတိုင်း မှာ ရည်းစား တစ်ယောက်ထားခဲ့တဲ့ ခင်ပွန်းဖြစ်သူ အကြောင်း ပြောပြလာတဲ့ စည်ဖြိုးရဲ့ မိခင်

အနုပညာလောက မှာ အတိုင်းအတာ တစ်ခုထိ ရပ်တည်နေနိုင်တဲ့ သရုပ်ဆောင် စည်ဖြိုးရဲ့ မိခင်ဖြစ်သူအန်တီ သီသီဝင်းဟာ သားနှစ်ယောက်ကိုလဲ သိပ်ချစ်သလို ယောကျာ်းဖြစ်သူအတွက်လဲ ဇနီးကောင်းပီသတဲ့ အမျိုးသမီးတစ်ဦးပါ။ သူက ယခုအခါမှာတော့ လူတွေရဲ့ ပူပင်သောကတွေနဲ့ ပတ်သက်ပြီး ခွန်အားဖြစ်စေမယ့် အကြောင်းအရာတွေကို ပရိသတ်တွေ အတွက် သူမရဲ့ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ြ့ပီးပြောပြလာခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်မှာတွေကတော့ သူမရဲ့ ငယ်စဉ်ကချစ်ခဲ့ကြတဲ့ ဇာတ်လမ်းတစ်ခုရဲ့ အကြောင်းကို ပြောပြခဲ့တာဘဲဖြစ်ပါတယ်။

အန်တီ သီသီဝင်း ပြောပြ ခဲ့တာကတော့ “ အန်တီဆိုရင်တကယ်ပြောတာ အန်တီ့ယောကျာ်းနဲ့ အန်တီ ၁၀နှစ်ကြိုက်ခဲ့ တာနော် အန်တီ့ယောကျာ်းအရမ်းရည်းစားများတာ အချစ်ရေးအပူကိုပြောတာ အန်တီ့မှာပူရမှန်းမသိဘူး ။သူကအရင်က မီးရထားရဲ ဘဲရှိသေးတာ အန်တီ့ကိုအင်းစိန်ဘူတာမှာ အမြဲတမ်း ချိန်းတယ် ။ ဒါရီစရာပြောပြတာပါ့။ သဘောပြောပြတာ ။အင်စိန်ဘူတာမှာချိန်းတယ်တက်သွားတယ် နောက်တစ်ဂိတ်ဆိုရင် စစ်ဆေရေးလာမယ် ပြန်ဆင်း အန်တီက မသင်္ကာတော့ဘူး ။အဲ့တော့ ဆင်းချင်ယောင်ဆောင်လိုက်တယ် နောက်ပြန်တက်တယ်။ အဲ့မှာ ကောင်မလေးနော က်တစ်ယောက်နဲ့ ဖက်ပြီးတော့ သူကဘူတာတစ်ခုတိုင်းတစ်ခုတိုင်းမှာ တစ်ယောက်စီရှိတာ”

“ အဲ့ဒါကို စိတ်ဆိုးရမှန်းမသိဘူးအန်တီက ၊နောက် ယူပြီးသွားတဲ့ အခါ ကော့ကရိတ်ကိုလိုက်သွားရော အဲ့မှာ ကောင်မလေးတစ်ယောက်နဲ့တွေ့ တယ်။အိမ်ထောင်သက် ၃၀ ကျော်ပေမယ့် ခုထိမှတ်မိနေသေးတယ်။ အဲ့ကောင်မလေးက ငယ်တယ် အချစ်ကိုအရမ်းရူးခဲ့တဲ့သူဆိုတော့ အန်တီယောကျာ်းကိုသူအရမ်းချစ်ခဲ့တဲ့သူ အဲ့တော့ ကြေကွဲ တာပေါ့ အဲ့ကောင်မလေးအိမ်ကိုခေါ်သွားတယ် ။သူထမင်းကပ်စားတဲ့ အိမ်တဲ့ ကျေးဇူး၇ှိတာပေါ့လိုက်သွားတာပေါ့”

“အန်တီကအိမ်ဝမှာထိုင်တော့ အဲ့ကောင်မလေးကိုသူက သမီးရယ် မငိုပါနဲ့ အပြင်ကအမျိုးသမီးက မိဘတွေပေးစားလို့ အမေ့နှလုံးရောဂါကြောင့် ယူခဲ့ရတာပါတဲ့ ၁၀နှစ်ကြိုက်တဲ့သူနော် အန်တီကမြင်လဲမြင်ကြားလဲကြားနေရတာ အပြင်ကအမျိုးသမီးကို မယူချင်ဘူးတဲ့ နောက်ပိုင်းကွာပြီးပြန်လာခဲ့မယ်နော် သမီးတဲ့ သမီးဘာမှစိတ်မပူနဲ့နော်တဲ့ အာ့နဲ့ သူထွက်တော့ ကို အာ့ဘယ်သူ့ကိုပြောတာလဲလို့ မေးတော့ သီ့ကိုပြောတာလေတဲ့”

“ ဒါပေမယ့် အန်တီကချစ်တာ အတိုင်းအတာရှိတယ် မခံစားဘူး အဲ့ဒါကြောင့် အရမ်းချစ်တက်တဲ့ သူတွေကို အတိုင်းအတာလေး တစ်ခု ထားပါ။ အရမ်းခံစားရတယ်လေ ကိုယ်ခံစားရတယ်လေ အန်တီကကျတော့ အကုန်မေ့ဖျောက်ပလိုက်တယ်။ အန်တီယောကျာ်းကို အဲ့ဖြစ်ခဲ့တာတွေအေတွက် လုံးဝအပြစ်မမြင်ဘူး ။ အန်တီ့ယောက်ျား က အိမ်ဦးနတ်ဘဲ အန်တီယောက်ျားက အိမ်ထောင်ကျပြီးတဲ့ အထိ နည်းနည်းဆိုးတုန်း ဒါပေမယ့် အန်တီကတော့ မေတ္တာဓာတ်နဲ့ အနိုင်ရသွားပြီ။သူဘယ်လောက်ဆိုးဆိုး အချိန်တန်တော့ကိုယ့် ဆီဘဲပြန်ရောက်တာလေ မေတ္တာဓာတ်ကအရေးကြီး တယ်” လို့ ဆိုပြီး ပြောပြခဲ့ပါတယ်။

စည်ဖြိုးရဲ့ မိဘတွေရဲ့ အိမ်ထောင်သက်တမ်းဟာ အနှစ် ၃၀ကျော်နေပြီ ဖြစ်ပြီး ။သားလေးနှစ်ယောက်ကလဲ လိမ္မာကြတာမို့ တကယ့်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးဖြစ်နေပါတယ်။ ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

CRD_May Phyo(mml),Source – momolay tv

Top
//whoursie.com/4/3018672