You are here
Home > အနုပညာ > မော်နဲ့နှင်း နှစ်ယောက်စလုံးကိုချစ်တယ်ဆိုပြီး ခံစားချက်တွေကိုဖွင့်ဟပြောပြလိုက်တဲ့ စည်သူဝင်း

မော်နဲ့နှင်း နှစ်ယောက်စလုံးကိုချစ်တယ်ဆိုပြီး ခံစားချက်တွေကိုဖွင့်ဟပြောပြလိုက်တဲ့ စည်သူဝင်း

သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ဇာတ်ရုပ်တိုင်းက ပီပြင်အသက်ဝင်လာအောင် အကောင်းဆုံးသရုပ်ဖော်ဖန်တီးနိုင်တဲ့ အနုပညာအရည်အချင်းတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်အားပေးမှုများစွာနဲ့ အနုပညာလောကမှာ အခိုင်အမာရပ်တည်နေတဲ့ ခေးဆက်သွင်က လတ်တလောမှာလည်း ” နှင်းဆီ ” ဇာတ်လမ်းတွဲလေးနဲ့ လူကြိုက်များအောင်မြင်နေပြန်ပါတယ်။

MTRV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲလေးမှာတော့ စည်သူဝင်း၊ ရှင်မွေလ၊ ခေးဆက်သွင်နဲ့ ဝေလာရီတို့က အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ “နှင်းဆီ” ဇာတ်လမ်းတွဲထဲက စည်သူဝင်း၊ ခေးဆက်သွင်နဲ့ ဝေလာရီတို့က Facebook Live Chat အစီအစဉ်လေးအတွက် အတူဆုံတွေ့ခဲ့ကြပါတယ်။ အခုလည်း သူတို့သုံးယောက်က ပျော်ပျော်ပါးပါးရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေကို တင်ထားပါသေးတယ်။

ခေးဆက်သွင်က ” မော်လား နှင်းလား???ရှင်းရှင်းလင်းလင်းပြောပါ အကိုကျော်” ဆိုပြီး မေးခွန်းလေးထုတ်ထားသလို စည်သူဝင်းကလည်း ” နှစ်ယောက်စလုံးကိုလည်းချစ်တယ် နှစ်ယောက်စလုံးကလည်းချစ်တယ် ငါ့ကိုယ်ငါဘဲ…” ဆိုပြီး ပြောထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နှင်းဆီဇာတ်လမ်းတွဲလေးထဲက စည်သူဝင်း၊ ခေးဆက်သွင်နဲ့ ဝေလာရီတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Si Thu Win’s FB, Khay Sett Thwin’s FB & Wai Lar Ri ‘s FB

Top
//nossairt.net/4/3018672