.မမနှင်းကိုစိတ်ပူလိုက် မိမော် ကိုစိတ်ပူလိုက်နဲ့ သိုက်စောင့်ဘိုးဘိုးကြီး ဖြစ်နေပါပြီ ဆိုတဲ့ ဇော်




ယူနီကုဒ်ဖြင့်ဖတ်ရန်

” သိုက်စောင့်ဘိုးဘိုးကြီး ဖြစ်နေပါပြီ ဆိုတဲ့ ဇော် ”

လတ်တလောပြသနေဆဲဖြစ်ပြီး ပရိသတ်ရဲ့အားပေးမှု အခိုင်အမာရရှိထားတဲ့ ရုပ်သံဇာတ်လမ်းတွဲကြီးကတော့ “နှင်းဆီ ” ရုပ်သံဇာတ်လမ်းတွဲကြီးပဲဖြစ်ပါတယ်။စာရေးဆရာမကြီး မစန္ဒာရဲ့ နာမည်ကြီး ဝတ္ထုကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြန်လည်ပုံဖော် ရိုက်ထားပြီး ပရိသတ်အချစ်တော်တွေဖြစ်ကြတဲ့ စည်သူဝင်း၊ ခေးဆက်သွင်၊ရှင်မွေလ၊ဝေလာရီ တို့ကအကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပါတယ်။

ထိုရုပ်သံဇာတ်လမ်းတွဲကြီးမှာ ပရိသတ်တွေရဲ့ သနားဂရုဏာ သက်စေတဲ့ အမွှာလေး(၂)ယောက်ထဲက အကိုကြီး ဇော် အဖြစ် မြင်တွေ့နေရသူကတော့ MRTV 4 မှစင်တင်ပေးလိုက်တဲ့ ရုပ်သံဇာတ်လမ်းတွဲ မင်းသားတစ်လက် ဖြစ်ပြီ “ကျိန်စာပြယ်ဒဏ္ဍာရီ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကြီးမှာလည်း သော်သော်စစ် ဆိုတဲ့ ဇာတ်ကောင်နေရာမှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်မင်သားချောလေး ရှင်မွေလပဲ ဖြစ်ပါတယ်။

” နှင်းဆီ ” ရုပ်သံဇာတ်လမ်းတွဲကြီးမှ ဇော်ကတော့ ညီမလေးဖြစ်သူ မော် နဲ့ မိထွေးဖြစ်သူ ကြီးတော်နှင်းတို့ကို ကိုတင်မောင်ကျော် ရဲ့ရန်မှ ကာကွယ်ရန် စောင့်ကြည့်နေရတာ သိုက်စောင့်ဘိုးဘိုးကြီး ဖြစ်နေတာကို “ဇော် လဲလေ မမနှင်း ကိုစိတ်ပူလိုက် မိမော် ကိုစိတ်ပူလိုက်နဲ့ သိုက်စောင့်ဘိုးဘိုးကြီးကို ဖြစ်လို့ ဇော်ကိုလဲသနားကြပါဦး ” သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။ ပရိသတ်ကြီးထဲမှာရော ဇော်ကို ချစ်တဲ့ ပရိသတ်တွေရှိရင် အလင်းပြခဲ့နော်။

Source: Shin Mwe Lay
DarDar-CeleGabar