
ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းက အသက္ ၃ ႏွစ္အ႐ြယ္ ေက်ာင္းသူေလးရဲ႕ လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခဲ့ရမႈနဲ႔ ပတ္သက္လို႔ ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ စစ္ေဆးေနတဲ့ စက္တင္ဘာလ ၁၁ ရက္ေန႔ ၆ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းမွာေတာ့ ကေလး ကိုယ္တိုင္ထြက္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။
“ကေလးက ႐ႊင္႐ႊင္လန္းလန္းနဲ႔ ေမးသမွ်ကို ေျဖေပးတယ္၊ ဓာတ္ပုံေတြျပေတာ့ ကိုကို အငယ္က သူ႔ရင္ဘတ္ေတြကို ထုတယ္၊ ကိုကိုအႀကီးက သူ႔ရဲ႕ ဖင္ဘုကို ဆိတ္တယ္ ဆိုတာကို တရားခြင္မွာ ထြက္ခ်က္ေပးခဲ့တယ္”လို႔ တရားလိုေရွ႕ေန ေဒၚ႐ြက္ႏုေအာင္က တရား႐ုံးစစ္ေဆးအၿပီးမွာ မီဒီယာေတြကို ေျပာခဲ့ပါတယ္။
သူ႔ရဲ႕ ဖင္ဘုကို ဆိတ္တဲ့သူရဲ႕ ဓာတ္ပုံကို ျပၿပီးေနာက္ ကေလးငယ္က ေျခေထာက္ေတြနဲ႔ ေပါက္တာေတြ လုပ္ခဲ့တယ္လို႔ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္က ဆက္ေျပာပါတယ္။
ဗစ္တိုးရီးယား အမႈ – ကေလးကို တရား႐ုံးမွာ ဘယ္လို စစ္မလဲ
တရားခြင္ထဲကို ကေလးမိဘ ၂ ဦးနဲ႔ ၂ ဖက္ေရွ႕ေနေတြ ဝင္ခြင့္ရၿပီး ကေလးကိုေတာ့ သီးသန႔္အခန္းထဲမွာ ကေလးရဲ႕ အေဒၚျဖစ္သူနဲ႔ ေမးခြန္းေတြ တဆင့္ေမးေပးမယ့္ တရား႐ုံးဝန္ထမ္းတခ်ိဳ႕ ထားရွိၿပီး ဗြီဒီယိုကြန္ဖရန္းဇင္းနဲ႔ စစ္ခဲ့ပါတယ္။
တရားသူႀကီးက ေမးတဲ့ေမးခြန္းကို ကေလးငယ္ရဲ႕ အခန္းထဲက တရားေရးဝန္ထမ္းတစ္ဦးကတဆင့္ ကေလးကို ထပ္ၿပီး ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။
“ဓာတ္ပုံ ၆ ပုံ ျပၿပီး ကေလးကိုေမးတယ္၊ ေအာင္ႀကီး ဓာတ္ပုံျပေတာ့ မသိဘူး ေျပာတယ္၊ ဆရာမ ႏွင္းႏုက ေရေဆးေပးတယ္” ဆိုတာကိုလည္း ထြက္ခ်က္ေပးခဲ့တယ္လို႔ ကိုေအာင္ႀကီးရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က မီဒီယာေတြကို ရွင္းျပခဲ့ပါတယ္။
ဒီေနာက္ေတာ့ ကေလးငယ္ကို အေရာင္ေတြ ေ႐ြးခိုင္းၿပီး သူမနက္စာ ဘာစားခဲ့လဲဆိုတာေတြကို ေမးျမန္းရာမွာလည္း မွန္မွန္ကန္ကန္ ေျဖႏိုင္ခဲ့တယ္လို႔ တရားခြင္မွာရွိေနခဲ့တဲ့ ၂ ဖက္ေရွ႕ေနေတြက မီဒီယာေတြကို ေျပာခဲ့ပါတယ္။
“ကေလးက မွတ္ဉာဏ္ေကာင္းတယ္၊ တရားခံ ကိုေအာင္ႀကီးအေၾကာင္း ေျပာမသြားဘူး၊ သူ႔ကို ဘယ္သူက လုပ္တယ္ဆိုတာ ေျပာသြားတယ္၊ ဒီအခ်က္ေတြကို ႐ုံးေတာ္က ထည့္သြင္းစဥ္းစားရမယ့္ မွတ္တမ္းေတြအျဖစ္ သိမ္းသြားပါတယ္” လို႔ သံသယတရားခံ ကိုေအာင္ႀကီးရဲ႕ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဘီဘီစီကို ေျပာပါတယ္။
ေမလ ၁၆ ရက္မွာ ျဖစ္ပြားခဲ့တဲ့ ဗစ္တိုးရီးယားအမႈမွာ သံသယ တရားခံ အျဖစ္ မူႀကိဳေက်ာင္းကား ယာဥ္ေမာင္း ကိုေအာင္ႀကီးကို ဖမ္းဆီးထားၿပီး ဇူလိုင္ ၁၅ ရက္မွာ အမႈရဲ႕ ပထမဆုံး ႐ုံးခ်ိန္း စတင္ခဲ့ပါတယ္။
႐ုံးခ်ိန္းေတြမွာေတာ့ ဗစ္တိုးရီးယားရဲ႕ အေဖ၊ အေမ နဲ႔ အဖြားတို႔ကို စစ္ေဆးခဲ့ၿပီး အခု ၆ ႀကိမ္ေျမာက္မွာေတာ့ ကေလးငယ္ ဗစ္တိုးရီးယားကို ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။
ေနာက္ထပ္ ႐ုံးခ်ိန္းကေတာ့ စက္တင္ဘာ ၂၄ ရက္ေန႔မွာ လုပ္မွာျဖစ္ၿပီး Wisdom Hill မူႀကိဳေက်ာင္းက ဝန္ထမ္း ၂ ဦးကို စစ္ေဆးမွာ ျဖစ္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။
Unicode
နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် ၃ နှစ်အရွယ် ကျောင်းသူလေးရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ရမှုနဲ့ ပတ်သက်လို့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ စစ်ဆေးနေတဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ ၆ ကြိမ်မြောက် ရုံးချိန်းမှာတော့ ကလေး ကိုယ်တိုင်ထွက်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
“ကလေးက ရွှင်ရွှင်လန်းလန်းနဲ့ မေးသမျှကို ဖြေပေးတယ်၊ ဓာတ်ပုံတွေပြတော့ ကိုကို အငယ်က သူ့ရင်ဘတ်တွေကို ထုတယ်၊ ကိုကိုအကြီးက သူ့ရဲ့ ဖင်ဘုကို ဆိတ်တယ် ဆိုတာကို တရားခွင်မှာ ထွက်ချက်ပေးခဲ့တယ်”လို့ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က တရားရုံးစစ်ဆေးအပြီးမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။
သူ့ရဲ့ ဖင်ဘုကို ဆိတ်တဲ့သူရဲ့ ဓာတ်ပုံကို ပြပြီးနောက် ကလေးငယ်က ခြေထောက်တွေနဲ့ ပေါက်တာတွေ လုပ်ခဲ့တယ်လို့ ရှေ့နေ ဒေါ်ရွက်နုအောင်က ဆက်ပြောပါတယ်။
ဗစ်တိုးရီးယား အမှု – ကလေးကို တရားရုံးမှာ ဘယ်လို စစ်မလဲ
တရားခွင်ထဲကို ကလေးမိဘ ၂ ဦးနဲ့ ၂ ဖက်ရှေ့နေတွေ ဝင်ခွင့်ရပြီး ကလေးကိုတော့ သီးသန့်အခန်းထဲမှာ ကလေးရဲ့ အဒေါ်ဖြစ်သူနဲ့ မေးခွန်းတွေ တဆင့်မေးပေးမယ့် တရားရုံးဝန်ထမ်းတချို့ ထားရှိပြီး ဗွီဒီယိုကွန်ဖရန်းဇင်းနဲ့ စစ်ခဲ့ပါတယ်။
တရားသူကြီးက မေးတဲ့မေးခွန်းကို ကလေးငယ်ရဲ့ အခန်းထဲက တရားရေးဝန်ထမ်းတစ်ဦးကတဆင့် ကလေးကို ထပ်ပြီး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
“ဓာတ်ပုံ ၆ ပုံ ပြပြီး ကလေးကိုမေးတယ်၊ အောင်ကြီး ဓာတ်ပုံပြတော့ မသိဘူး ပြောတယ်၊ ဆရာမ နှင်းနုက ရေဆေးပေးတယ်” ဆိုတာကိုလည်း ထွက်ချက်ပေးခဲ့တယ်လို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
ဒီနောက်တော့ ကလေးငယ်ကို အရောင်တွေ ရွေးခိုင်းပြီး သူမနက်စာ ဘာစားခဲ့လဲဆိုတာတွေကို မေးမြန်းရာမှာလည်း မှန်မှန်ကန်ကန် ဖြေနိုင်ခဲ့တယ်လို့ တရားခွင်မှာရှိနေခဲ့တဲ့ ၂ ဖက်ရှေ့နေတွေက မီဒီယာတွေကို ပြောခဲ့ပါတယ်။
“ကလေးက မှတ်ဉာဏ်ကောင်းတယ်၊ တရားခံ ကိုအောင်ကြီးအကြောင်း ပြောမသွားဘူး၊ သူ့ကို ဘယ်သူက လုပ်တယ်ဆိုတာ ပြောသွားတယ်၊ ဒီအချက်တွေကို ရုံးတော်က ထည့်သွင်းစဉ်းစားရမယ့် မှတ်တမ်းတွေအဖြစ် သိမ်းသွားပါတယ်” လို့ သံသယတရားခံ ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။
မေလ ၁၆ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားအမှုမှာ သံသယ တရားခံ အဖြစ် မူကြိုကျောင်းကား ယာဉ်မောင်း ကိုအောင်ကြီးကို ဖမ်းဆီးထားပြီး ဇူလိုင် ၁၅ ရက်မှာ အမှုရဲ့ ပထမဆုံး ရုံးချိန်း စတင်ခဲ့ပါတယ်။
ရုံးချိန်းတွေမှာတော့ ဗစ်တိုးရီးယားရဲ့ အဖေ၊ အမေ နဲ့ အဖွားတို့ကို စစ်ဆေးခဲ့ပြီး အခု ၆ ကြိမ်မြောက်မှာတော့ ကလေးငယ် ဗစ်တိုးရီးယားကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် ရုံးချိန်းကတော့ စက်တင်ဘာ ၂၄ ရက်နေ့မှာ လုပ်မှာဖြစ်ပြီး Wisdom Hill မူကြိုကျောင်းက ဝန်ထမ်း ၂ ဦးကို စစ်ဆေးမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
Source : BBC