You are here
Home > အနုပညာ > ရူးေအာင္ ခ်စ္မယ့္သူ ရုပ္ရွင္ကားၾကီးထဲမွာ အခ်စ္ကို ျပင္းျပင္းထန္ထန္ေလး သရုပ္ေဆာင္ထားတယ္ဆိုတဲ့ ေနတိုး

ရူးေအာင္ ခ်စ္မယ့္သူ ရုပ္ရွင္ကားၾကီးထဲမွာ အခ်စ္ကို ျပင္းျပင္းထန္ထန္ေလး သရုပ္ေဆာင္ထားတယ္ဆိုတဲ့ ေနတိုး

အိျႏၵာေက်ာ္ဇင္က အႏုပညာ ေအာင္ျမင္မႈမွာ ေနတိုးထက္ စီနီယာက်သလို သရုပ္ေဆာင္ ပိုင္ႏိုင္သူလည္း ျဖစ္ပါတယ္။ ဆယ္ႏွစ္ေက်ာ္ၾကာေအာင္ သူတို႔ႏွစ္ဦး တြဲဖက္သရုပ္ေဆာင္တဲ့ ရုပ္ရွင္ေတြကို မျမင္ရေပမဲ့ လက္ရွိရံုတင္မယ့္ ” ရူးေအာင္ခ်စ္မယ့္သူ” မွာ ေနတိုးနဲ႕ အိျႏၵာေက်ာ္ဇင္အျပင္ သရုပ္ေဆာင္သစ္ေလးျဖစ္တဲ့ ေမတိုးခိုင္ကိုပါ ပြဲဦးထြက္ ျမင္ေတြ႕ရဦးမွာပါ။ အခ်စ္ နဲ႕ အိမ္ေထာင္ေရးၾကားက လြဲေခ်ာ္မႈေလးေတြကို ျမင္ေတြ႕ရမယ့္ ရုပ္ရွင္အေၾကာင္း ေနတိုးရဲ႕ ေျပာၾကားခ်က္ကို ခုလိုၾကားသိရပါတယ္။

ရုပ္ရွင္ကားထဲမွာ ေမတိုးခိုင္ရဲ႕ ပံုတူပန္းခ်ီဆြဲျဖစ္ခဲ့ပံုကို ေနတိုးက ခုလို ေျပာျပသြားပါတယ္။”ပန္းခ်ီေလးကို ကိုယ္တိုင္ဆြဲျဖစ္ခဲ့တယ္။ ပန္းခ်ီက အဆင့္သံုးဆင့္ေလာက္ ရွိတယ္။ ပထမအဆင့္ကိုေတာ့ ၾကိဳျပီးေတာ့ ျပင္ဆင္သြားရတာေပါ့။ အဆင္ေျပပါတယ္ ရုပ္ရွင္ထဲမွာလည္း ကၽြန္ေတာ္တို႔လိုခ်င္တဲ့ ပံုစံမ်ိဳးေလးကို ကိုယ္ကုိယ္တိုင္ကလည္း ျဖစ္ေစခ်င္ေတာ့ ကိုယ္တိုင္ဖန္တီးျဖစ္တာပါ။” လို႔ ဆိုပါတယ္။

ရုပ္ရွင္ကားက ေပးခ်င္တဲ့ မက္ေဆ့ခ်္ကိုလည္း ေနတိုးက ခုလို ရွင္းျပသြားပါတယ္။”အဓိကကေတာ့ ေပးဆပ္မႈထက္စာရင္ အခ်စ္ဆိုတာ ေပးခ်င္တိုင္း ျဖစ္လို႔မရဘူးဆိုတဲ့ မက္ေဆ့ခ်္ကို ပိုေပးပါတယ္။ ဘဝနဲ႔ ဆႏၵက တစ္ထပ္တည္း ျဖစ္မေနဘူးဆိုတဲ့ မက္ေဆ့ခ်္ကိုေတာ့ ဒီမွာ ပိုျပီး ေပးထားတယ္။ တကယ္တမ္းလည္း သူ႕ရဲ႕ ရူးသြပ္မႈေတြကလည္း လြဲေခ်ာ္မႈေၾကာင့္ ပါေနတယ္ဆိုေတာ့ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။” ဆိုျပီး ရွင္းျပသြားပါတယ္။

ရုပ္ရွင္ထဲမွာ သရုပ္ေဆာင္ထားတဲ့ ကာရိုက္တာကိုလည္း ေနတိုးက ခုလို ေျပာျပသြားပါတယ္။”အခု ဒီကားေလးက တကယ္ကို ခ်စ္မိသြားတဲ့ လူတစ္ေယာက္ေပၚမွာ လြဲေခ်ာ္သြားျပီး ဘဝတစ္ခုကို ျဖတ္သန္းတဲ့ အခ်ိန္မွာ ၾကံဳေတြ႕ရတဲ့ အခက္အခဲေပါ့။ ကိုယ့္ရင္ထဲက အခ်စ္တစ္ခုနဲ႔ ေနရေပမဲ့ ပြင့္ပြင့္လင္းလင္း ခ်စ္ခြင့္ မရွိတဲ့ ကာရိုက္တာမ်ိဳးေပါ့။ title အတိုင္းပဲ အခ်စ္ကို ရူးရူးသြပ္သြပ္ ခ်စ္မိသြားတဲ့အခါ စိတ္ေဝဒနာ ရသြားတဲ့ အထိကို ျဖစ္သြားတဲ့ ကာရိုက္တာမ်ိဳးဆိုေတာ့ အခ်စ္ကို ျပင္းျပင္းထန္ထန္ေလး သရုပ္ေဆာင္ရတယ္ေပါ့ေနာ္။” ဆိုျပီး ေျပာျပသြားခဲ့ပါတယ္။

Unicode

အိန္ဒြာကျော်ဇင်က အနုပညာ အောင်မြင်မှုမှာ နေတိုးထက် စီနီယာကျသလို သရုပ်ဆောင် ပိုင်နိုင်သူလည်း ဖြစ်ပါတယ်။ ဆယ်နှစ်ကျော်ကြာအောင် သူတို့နှစ်ဦး တွဲဖက်သရုပ်ဆောင်တဲ့ ရုပ်ရှင်တွေကို မမြင်ရပေမဲ့ လက်ရှိရုံတင်မယ့် ” ရူးအောင်ချစ်မယ့်သူ” မှာ နေတိုးနဲ့ အိန္ဒြာကျော်ဇင်အပြင် သရုပ်ဆောင်သစ်လေးဖြစ်တဲ့ မေတိုးခိုင်ကိုပါ ပွဲဦးထွက် မြင်တွေ့ရဦးမှာပါ။ အချစ် နဲ့ အိမ်ထောင်ရေးကြားက လွဲချော်မှုလေးတွေကို မြင်တွေ့ရမယ့် ရုပ်ရှင်အကြောင်း နေတိုးရဲ့ ပြောကြားချက်ကို ခုလိုကြားသိရပါတယ်။

ရုပ်ရှင်ကားထဲမှာ မေတိုးခိုင်ရဲ့ ပုံတူပန်းချီဆွဲဖြစ်ခဲ့ပုံကို နေတိုးက ခုလို ပြောပြသွားပါတယ်။”ပန်းချီလေးကို ကိုယ်တိုင်ဆွဲဖြစ်ခဲ့တယ်။ ပန်းချီက အဆင့်သုံးဆင့်လောက် ရှိတယ်။ ပထမအဆင့်ကိုတော့ ကြိုပြီးတော့ ပြင်ဆင်သွားရတာပေါ့။ အဆင်ပြေပါတယ် ရုပ်ရှင်ထဲမှာလည်း ကျွန်တော်တို့လိုချင်တဲ့ ပုံစံမျိုးလေးကို ကိုယ်ကိုယ်တိုင်ကလည်း ဖြစ်စေချင်တော့ ကိုယ်တိုင်ဖန်တီးဖြစ်တာပါ။” လို့ ဆိုပါတယ်။

ရုပ်ရှင်ကားက ပေးချင်တဲ့ မက်ဆေ့ချ်ကိုလည်း နေတိုးက ခုလို ရှင်းပြသွားပါတယ်။”အဓိကကတော့ ပေးဆပ်မှုထက်စာရင် အချစ်ဆိုတာ ပေးချင်တိုင်း ဖြစ်လို့မရဘူးဆိုတဲ့ မက်ဆေ့ချ်ကို ပိုပေးပါတယ်။ ဘဝနဲ့ ဆန္ဒက တစ်ထပ်တည်း ဖြစ်မနေဘူးဆိုတဲ့ မက်ဆေ့ချ်ကိုတော့ ဒီမှာ ပိုပြီး ပေးထားတယ်။ တကယ်တမ်းလည်း သူ့ရဲ့ ရူးသွပ်မှုတွေကလည်း လွဲချော်မှုကြောင့် ပါနေတယ်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။” ဆိုပြီး ရှင်းပြသွားပါတယ်။

ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ထားတဲ့ ကာရိုက်တာကိုလည်း နေတိုးက ခုလို ပြောပြသွားပါတယ်။”အခု ဒီကားလေးက တကယ်ကို ချစ်မိသွားတဲ့ လူတစ်ယောက်ပေါ်မှာ လွဲချော်သွားပြီး ဘဝတစ်ခုကို ဖြတ်သန်းတဲ့ အချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲပေါ့။ ကိုယ့်ရင်ထဲက အချစ်တစ်ခုနဲ့ နေရပေမဲ့ ပွင့်ပွင့်လင်းလင်း ချစ်ခွင့် မရှိတဲ့ ကာရိုက်တာမျိုးပေါ့။ title အတိုင်းပဲ အချစ်ကို ရူးရူးသွပ်သွပ် ချစ်မိသွားတဲ့အခါ စိတ်ဝေဒနာ ရသွားတဲ့ အထိကို ဖြစ်သွားတဲ့ ကာရိုက်တာမျိုးဆိုတော့ အချစ်ကို ပြင်းပြင်းထန်ထန်လေး သရုပ်ဆောင်ရတယ်ပေါ့နော်။” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

Top
//nossairt.net/4/3018672