“ကြည့်ရှူ့သူ သန်းချီ ရှိသွားပြီဖြစ်တဲ့ Idol ဒိုင် ဦးအောင်ကိုလတ် ရဲ့ ကိုယ်တိုင် သီဆိုမှုဗီဒီယိုဖိုင်”

Myanmar Idol သီချင်း ဆိုပြိုင်ပွဲကြီးကတော့ တစ်နှစ်ပြီး တစ်နှစ်ယှဉ်ပြိုင်လာကြတာ အခုဆို Season(4)ကိုရောက်ရှိနေပြီ ဖြစ်ပါတယ်။ ပါဝင်တဲ့ ဒိုင်တွေကတော့ အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့ပဲ ဖြစ်ပါတယ်။တင်ဇာမော်ကတော့ Season (2) ထဲကSeason(4)ထိ မပြောင်းလဲဘဲ ဒိုင်အဖြစ်ပါဝင် ခဲ့တာပဲ ဖြစ်ပါတယ်။သို့ပေမယ့် Myanmar Idol ရဲ့ စိတ်ဝင်စားမှုရဆုံး ဦးသိန်းတန် တစ်ယောက် ဒိုင်အဖြစ်မပါတော့တာကြောင့် ပရိသတ်တွေကို ပွဲဆူစေခဲ့တာပဲ ဖြစ်ပါတယ်။

ဝေဖန်မှုများစွာ ခံခဲ့ရပေမယ့် ဒိုင် အပြောင်းအလဲအပေါ်အားပေးဝန်းရံသူတွေလည်း ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။performance ကောင်းကောင်း နဲ့ အဆိုပညာ မှာ ကျွမ်ူကျင်လှတဲ့ ဖြူဖြူကျော်သိန်း နဲ့ ပရိုဂျူဆာ၊ ဒါရိုက်တာ၊ အယ်ဒီတာ၊ lead guitarist၊ ဂီတမှူး၊ သီချင်းဖန်တီးသူ၊ရေးစပ် သီဆိုသူ စတဲ့ ဂုဏ်ပုဒ်တွေနဲ့ အများသိထားကြတဲ့ နိုင်ငံကျော် ပညာရှင်တစ်ယောက်ဖြစ်တဲ့ အောင်ကိုလတ် တို့ကို သဘောကျ အားပေးသူတွေ လည်း ပြိုင်ပွဲအစမှာ မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ကောင်းမွန်သာလွန်တဲ့ အရည်အချင်းတွေကိုယ်စီ ပိုင်ဆိုင်ထားတဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်သုံးသပ်ချက်တွေကို ပရိသတ်တွေကလည်း သဘောကျနှစ်သက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေထပ်မံ စိတ်ဝင်စားကာ ကြည့်ရှူ့မှုအမြင့်ဆုံးရောက်ခဲ့တဲ့ ဗီဒီယိုလေးကတော့ ဒိုင်တစ်ယောက်ဖြစ်တဲ့ အောင်ကိုလတ် ကိုယ်တိုင် ဂစ်တာတီးကာ သီချင်းသီဆိုပြခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုလောက်ထဲက အဆိုပိုင်းမှာ မသိသူမရှိတဲ့” ခေါင်းလောင်းလေးတွေမြည်နေပြီ ” သီချင်းရဲ့ပိုင်ရှင်ဖြစ်တဲ့ အောင်ကိုလတ်ကတော့ အဆိုစွမ်းအားတွေ မလျှော့သေးကြောင်း ပြသခဲ့တာလို့ ဆိုရမှာပါ။

ဇာတ်ဝင်တေးတစ်ပုဒ်ကို ပိုင်နိုင်စွာတီးခတ်ဆိုပြခဲ့တဲ့ ဗီဒီယိုဖိုင် ကိုတော့ ကြည့်ရှူ့သူ သန်းချီရှိနေတဲ့အပြင် မှတ်ချက်တွေ ဟာလည်း ကောင်းတဲ့မှတ်ချက်တွေများစွာရရှိခဲ့တာကြောင့် ဒိုင်တွေကို ဝေဖန်ခဲ့တဲ့ မှတ်ချက်ဆိုးတွေလည်း မရှိသလောက်နည်းပါးခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောင်ကိုလတ် ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးကို နားထောင်ပြီး မှတ်ချက် တစ်ခုခုပေးခဲ့ ပါဦးနော်။

credit-cele gabar