မဂၤလာပြဲ ၆ ပြဲ ျပဳလုပ္ခဲ့တဲ့ ေနာက္ကြယ္ကအေၾကာင္းကို ေျပာလာတဲ့ အိျႏၵာေက်ာ္ဇင္

၂၀၁၁ ခုႏွစ္က မဂၤလာေဆာင္ (၆) ပြဲဆက္တိုက္ ေဆာင္ခဲ့တဲ့ အႏုပညာရွင္ေတြက ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္ပဲ ျဖစ္ပါတယ္။ နာမည္ၾကီးသြားတဲ့ အႏုပညာရွင္စံုတြဲျဖစ္သလို ေနာက္ကြယ္က အေၾကာင္းရင္းမွန္ကိုလည္း ပရိသတ္ဆီ ခ်မျပခဲ့ပါဘူး။ ပရိသတ္ေတြလည္း ထင္ေၾကးအမ်ိဳးမ်ိဳးေပးျပီး ေနလာလိုက္ၾကတာ လက္ရွိ အူဝဲနဲ႔ ေျပတီဦး ကေလး (၂) ေယာက္ရတဲ့ထိ အမွန္တရားကို မသိၾကေသးပါဘူး။ ေျပတီဦး ေဖာင္ေဒးရွင္း (၁၀) ႏွစ္ျပည့္မွာေတာ့ ေဖာင္ေဒးရွင္း ရန္ပံုေငြ ရဖို႔ ဘယ္လိုမ်ိဳး လႈပ္ရွားခဲ့တယ္ ဆိုတာကို အူဝဲက ေျဖၾကားခဲ့ပါတယ္။

မဂၤလာပြဲေတြ အမ်ားၾကီး က်င္းပရတဲ့ အေၾကာင္းရင္းက ရန္ပံုေငြရွာဖို႔ ျဖစ္ေၾကာင္း အူဝဲက ခုလို ရွင္းျပသြားပါတယ္။“ေဖာင္ေဒးရွင္း စျပီးတည္ေထာင္ျပီးတာနဲ႔ ေနာက္ႏွစ္မွာပဲ မဂၤလာေဆာင္ က်င္းပျဖစ္တယ္ဆုိေတာ့ အဲ့တုန္းက ပြဲေတြ ေျခာက္ပြဲဆက္တိုက္လုပ္လိုက္တာက တစ္ျခားေၾကာင့္ မဟုတ္ဘူး။ ေဖာင္ေဒးရွင္း ရန္ပံုေငြကို ရွာတဲ့ သေဘာေပါ့။ fund ေတာင့္ေအာင္ MRTV -4 live လႊင့္ျပီး အပိုင္းပိုင္းျပတာဆိုေတာ့ မဂၤလာပြဲနည္းရင္ အဆင္မေျပဘူးေလ။ ဒါေၾကာင့္ ရန္ပံုေငြေတာင့္ေအာင္ အဲ့အဒီအစဥ္ေလး လုပ္လိုက္တာပါ။ တစ္ခ်ိဳ႕ကေတာ့ တစ္မ်ိဳးျမင္ၾကေပမဲ့ အဓိကက ကိုယ္ေတြက ပညာေရးေဖာင္ေဒးရွင္းအတြက္ ရန္ပံုေငြ လိုခ်င္လို႔ လုပ္လိုက္တာေပါ့ေနာ္။” ဆိုျပီး ရွင္းျပခဲ့ပါတယ္။

ေဖာင္ေဒးရွင္းအတြက္ တစ္တပ္တစ္အား ပါဝင္ျဖစ္ခဲ့ပံုကုိလည္း အူဝဲက ခုလို ရွင္းျပပါတယ္။“ အဲ့ကတည္းကေနျပီး ကိုယ္တိုင္ပါဝင္ ကူညီခဲ့သလို ေဖာင္းေဒးရွင္းလုပ္တဲ့ ပြဲတိုင္းမွန္သမွ် ကို ေနာက္ကေန ဘာလိုအပ္လဲ လိုအပ္တာမွန္သမွ်ကို ကိုယ္ကူညီႏိုင္တဲ့ အခန္းက႑ကေန ကူညီခဲ့တယ္ေပါ့ေနာ္။ ရန္ပံုေငြရွာတဲ့ ပြဲေတြမွာ တစ္ေထာင့္တစ္ေနရာက ပါဝင္ကူညီခဲ့တယ္။ တကယ္ပညာတတ္ေတြက ကိုယ့္တိုင္းျပည္အတြက္ တကယ္ကူညီတတ္တယ္ထင္တယ္။ ဒီလိုလူမ်ိဳးေတြ အမ်ားၾကီး ကို ေမြးထုတ္ေပးႏိုင္ဖို႔အတြက္ က႑ေလးတစ္ခုအေနနဲ႔ ပါဝင္ခြင့္ရဖို႔ ပီတိျဖစ္တယ္။” လို႔ ဆိုပါတယ္။

ေဖာင္ေဒးရွင္းကေန ေမြးထုတ္ေပးလိုက္တဲ့ ကေလးအတြက္ ပီတိစကားကိုလည္း အူဝဲက ခုလုိ ေျပာၾကားသြားပါတယ္။“ဆယ္ႏွစ္ျပည့္သြားျပီျဖစ္တဲ့အတြက္ အရမ္းလည္း ေပ်ာ္တယ္။ အလွဴရွင္အားလံုးကိုလည္း ဒီေနရာကေန ေက်းဇူးတင္ပါတယ္လို႔ ေျပာခ်င္ပါတယ္။ ကေလးေတြလမ္းေၾကာင္းေကာင္းဖို႔ တစ္ေနရာေလးကေန ျဖည့္ဆည္းေပးလိုက္တာ သူတို႔ဘဝေလးေတြ ေရွ႕ဆက္ျပီး ေကာင္းသထက္ ေကာင္းပါေစ။ သူတို႔ရဲ႕ ဆႏၵေလးေတြလည္း ျပည့္ဝပါေစလို႔ ဆုေတာင္းေပးပါတယ္။” ဆိုျပီး ေျဖၾကားသြားခဲ့ပါတယ္။

Unicode

၂၀၁၁ ခုနှစ်က မင်္ဂလာဆောင် (၆) ပွဲဆက်တိုက် ဆောင်ခဲ့တဲ့ အနုပညာရှင်တွေက ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ နာမည်ကြီးသွားတဲ့ အနုပညာရှင်စုံတွဲဖြစ်သလို နောက်ကွယ်က အကြောင်းရင်းမှန်ကိုလည်း ပရိသတ်ဆီ ချမပြခဲ့ပါဘူး။ ပရိသတ်တွေလည်း ထင်ကြေးအမျိုးမျိုးပေးပြီး နေလာလိုက်ကြတာ လက်ရှိ အူဝဲနဲ့ ပြေတီဦး ကလေး (၂) ယောက်ရတဲ့ထိ အမှန်တရားကို မသိကြသေးပါဘူး။ ပြေတီဦး ဖောင်ဒေးရှင်း (၁၀) နှစ်ပြည့်မှာတော့ ဖောင်ဒေးရှင်း ရန်ပုံငွေ ရဖို့ ဘယ်လိုမျိုး လှုပ်ရှားခဲ့တယ် ဆိုတာကို အူဝဲက ဖြေကြားခဲ့ပါတယ်။

မင်္ဂလာပွဲတွေ အများကြီး ကျင်းပရတဲ့ အကြောင်းရင်းက ရန်ပုံငွေရှာဖို့ ဖြစ်ကြောင်း အူဝဲက ခုလို ရှင်းပြသွားပါတယ်။

“ဖောင်ဒေးရှင်း စပြီးတည်ထောင်ပြီးတာနဲ့ နောက်နှစ်မှာပဲ မင်္ဂလာဆောင် ကျင်းပဖြစ်တယ်ဆိုတော့ အဲ့တုန်းက ပွဲတွေ ခြောက်ပွဲဆက်တိုက်လုပ်လိုက်တာက တစ်ခြားကြောင့် မဟုတ်ဘူး။ ဖောင်ဒေးရှင်း ရန်ပုံငွေကို ရှာတဲ့ သဘောပေါ့။ fund တောင့်အောင် MRTV -4 live လွှင့်ပြီး အပိုင်းပိုင်းပြတာဆိုတော့ မင်္ဂလာပွဲနည်းရင် အဆင်မပြေဘူးလေ။ ဒါကြောင့် ရန်ပုံငွေတောင့်အောင် အဲ့အဒီအစဉ်လေး လုပ်လိုက်တာပါ။ တစ်ချို့ကတော့ တစ်မျိုးမြင်ကြပေမဲ့ အဓိကက ကိုယ်တွေက ပညာရေးဖောင်ဒေးရှင်းအတွက် ရန်ပုံငွေ လိုချင်လို့ လုပ်လိုက်တာပေါ့နော်။” ဆိုပြီး ရှင်းပြခဲ့ပါတယ်။

ဖောင်ဒေးရှင်းအတွက် တစ်တပ်တစ်အား ပါဝင်ဖြစ်ခဲ့ပုံကိုလည်း အူဝဲက ခုလို ရှင်းပြပါတယ်။

“ အဲ့ကတည်းကနေပြီး ကိုယ်တိုင်ပါဝင် ကူညီခဲ့သလို ဖောင်းဒေးရှင်းလုပ်တဲ့ ပွဲတိုင်းမှန်သမျှ ကို နောက်ကနေ ဘာလိုအပ်လဲ လိုအပ်တာမှန်သမျှကို ကိုယ်ကူညီနိုင်တဲ့ အခန်းကဏ္ဍကနေ ကူညီခဲ့တယ်ပေါ့နော်။ ရန်ပုံငွေရှာတဲ့ ပွဲတွေမှာ တစ်ထောင့်တစ်နေရာက ပါဝင်ကူညီခဲ့တယ်။ တကယ်ပညာတတ်တွေက ကိုယ့်တိုင်းပြည်အတွက် တကယ်ကူညီတတ်တယ်ထင်တယ်။ ဒီလိုလူမျိုးတွေ အများကြီး ကို မွေးထုတ်ပေးနိုင်ဖို့အတွက် ကဏ္ဍလေးတစ်ခုအနေနဲ့ ပါဝင်ခွင့်ရဖို့ ပီတိဖြစ်တယ်။” လို့ ဆိုပါတယ်။

ဖောင်ဒေးရှင်းကနေ မွေးထုတ်ပေးလိုက်တဲ့ ကလေးအတွက် ပီတိစကားကိုလည်း အူဝဲက ခုလို ပြောကြားသွားပါတယ်။

“ဆယ်နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် အရမ်းလည်း ပျော်တယ်။ အလှူရှင်အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကလေးတွေလမ်းကြောင်းကောင်းဖို့ တစ်နေရာလေးကနေ ဖြည့်ဆည်းပေးလိုက်တာ သူတို့ဘဝလေးတွေ ရှေ့ဆက်ပြီး ကောင်းသထက် ကောင်းပါစေ။ သူတို့ရဲ့ ဆန္ဒလေးတွေလည်း ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်။” ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်။