You are here
Home > အနုပညာ > လူမှုကွန်ရက်စာမျက်နှာ ရေပန်းစားနေတဲ့ ကိုကြီး သီချင်းလေးနဲ့ TikTok ဆော့ကစားခဲ့တဲ့ ဖူးပွင့်ခိုင်





Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” လူမှုကွန်ရက်စာမျက်နှာ ရေပန်းစားနေတဲ့ ကိုကြီး သီချင်းလေးနဲ့ TikTok ဆော့ကစားခဲ့တဲ့ ဖူးပွင့်ခိုင် ”

ဖူးပွင့်ခိုင်ကတော့ Sexy မော်ဒယ်လ်တစ်ယောက်ပြီး Challenge လေးတွေခေါ်ရင်း ပရိသတ်တွေ သိလာတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမကတော့ ချင်းဗမာ ကပြားမလေးဖြစ်ပြီး ပုရိသတွေ အသဲကိုခြွေနိုင်တဲ့ Sexy ကျ ပြီးကိတ်တဲ့ဘော်ဒီမျိုးကို ပိုင်ဆိုက်ထားသူလေး ဖြစ်ပါတယ်။ ခွဲစိတ်ထားခြင်းမရှိဘဲ သဘာဝအလှနဲ့ Sexy ကျကျကိတ်နေတဲ့ သူမကို အားပေးဝန်းရံတဲ့ အမျိုးသား ပရိသတ်တွေ မနည်းမနောပဲလို့ ဆိုရမှာပါ။

ငယ်ငယ်ထဲက မော်ဒယ်လ် ဖြစ်ချင်တဲ့ သူတစ်ယောက်ဖြစ်ပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်တဲ့ မော်ဒယ်လ်တစ်ယောက် ဖြစ်လာတာပဲ ဖြစ်ပါတယ်။အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုတစ်ခုလုံးကို ပံ့ပိုးနေတဲ့ လိမ္မာရေးခြားရှိတဲ့ သူတစ်ယောက်လို့ဆိုနိုင်ပါတယ်။လူမှုကွန်ရက်စာမျက်နှာမှာဟာသဗီဒီယိုလေးတွေတင်ရင်း ပရိသတ်တွေအားပေးမှု အခိုင်အမာရရှိလာတဲ့ နေဆန်းနဲ့လည်း တိုင်ပင်ဖော်တိုင်ပင်ဘက်သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။

သူမရဲ့အချစ်ရေးကတော့ Star Fairy မှာပါဝင်ခဲ့တဲ့ နေမျိုးအောင်သား မင်းထိုက်နဲ့ ချစ်သူတွေလို့ ပရိသတ်တွေထင်မြင်ချက်ပေးခဲ့ပေမယ့် ချစ်သူတွေမဟုတ်ဘဲ အရမ်းကိုခင်မင်ကြတဲ့ သူငယ်ချင်းတွေပါလို့ ဖြေရှင်းခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေပန်းစားနေတဲ့ ကိုကြီး သီချင်းလေးနဲ့ ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ TikTok ဆော့ကစားထားတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဖူးပွင့်ခိုင်ရဲ့ TikTok လေးကို ကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source:Phuu Pwint Khaing
Shwe Poe – CeleGabar

Top
//dolatiaschan.com/4/3018672