You are here
Home > အနုပညာ > Studio မွာ သီခ်င္း လာလုပ္သူေတြကို ကိုယ္တိုင္ ထမင္းခ်က္ေကၽြးေနတဲ့ ပိုပို

Studio မွာ သီခ်င္း လာလုပ္သူေတြကို ကိုယ္တိုင္ ထမင္းခ်က္ေကၽြးေနတဲ့ ပိုပို

အဆိုေတာ္အလုပ္ေတြသာမက သရုပ္ေဆာင္အလုပ္ေတြကိုပါ တြဲဖက္လုပ္ကိုင္ေနသူတစ္ေယာက္ျဖစ္တဲ့ ပိုပိုကေတာ့ လက္ရွိမွာ ကိုရီးယား-ျမန္မာခ်စ္ၾကည္ေရးအျဖစ္႐ိုက္ကူးမယ့္ “တိမ္ေတြေပၚက ပန္း” ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ပိုပိုဟာ “ခ်စ္ဖူးခဲ့သမွ်”သီခ်င္းေလးနဲ႕ ပရိသတ္ရင္ထဲကို စတင္၀င္ေရာက္လာနိုင္တဲ့ အဆိုေတာ္တစ္ေယာက္ဆိုလည္း မမွားပါဘူး။ လက္ရွိမွာေတာ့ ပိုပိုက တက္သစ္စမင္းသားေခ်ာေလးေတြျဖစ္တဲ့ သီဟေအာင္၊ မင္းေသြးခန္႕တို႕နဲ႕အတူ MTV ေလးေတြကို ရိုကူးေနတယ္လို႕ သိရပါတယ္။

ပိုပိုဟာ ကိုယ္ပိုင္အရည္အခ်င္းေတြနဲ႔အတူ ခက္ခဲတဲ့ ဘဝေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့သူတစ္ေယာက္ျဖစ္ၿပီး ယခုလက္ရွိမွာေတာ့ သိန္းေထာင္ေက်ာ္တန္တဲ့ အိမ္ေလးနဲ႔ ကိုယ္ပိုင္စတူရီယိုေလးကို တည္ေထာင္ႏိုင္ခဲ့ပါတယ္။အဲဒီလို စတူရီယိုေထာင္တာလည္း ပရိသတ္ေတြအတြက္ အေကာင္းဆုံးသီခ်င္းေတြနဲ႔ ေဖ်ာ္ေျဖႏိုင္ဖို႔ပဲျဖစ္ပါတယ္။ပိုပိုကေတာ့ သီခ်င္းေတြကို အေကာင္းဆံုး ေဖ်ာ္ေျဖနိုင္သူတစ္ေယာက္ျဖစ္သလို မိန္းကေလးတစ္ေယာက္အေနနဲ႕ တတ္သင့္တတ္အပ္တဲ့ အိမ္ေထာင္ရွင္မတစ္ေယာက္ရဲ႕ အခ်က္အျပဳတ္ပိုင္းမွာလည္း ကၽြမ္းက်င္သူတစ္ေယာက္ပါ။

လက္ရွိမွာေတာ့ ပိုပိုဟာ Studio မွာ သီခ်င္း လာလုပ္သူေတြကို ကိုယ္တိုင္ ထမင္းခ်က္ေကၽြးေနတာျဖစ္ျပီးေတာ့ “သီခ်င္းေတြကိုသာမက ဟင္းေတြကိုပါ ႏွလံုးသားန႔ဲ ျပဳလုပ္သည္ အိမ္ မွာ စားသလို Studio မွာ သီခ်င္း လာလုပ္သူေတြကိုပါ ကိုယ္တိုင္ ခ်က္ေကၽြးတာ (၁)ဘဲသားန႔ဲ အာလူး အခ်ိဴခ်က္၊ (၂) ငါးဖယ္လံုး အစပ္ခ်က္န႔ဲ ၊(၃)ငါးဖယ္လံုး အခ်ိဴခ်က္၊ (၄).ေျပာင္းဖူးေၾကာ္ ၊(၅).ၾကက္ဟင္းခါးသီးေၾကာ္၊ (၆)ကန္စြန္းရြက္အခ်ဥ္ဟင္း န႔ဲ တို႔စရာ၊(၇)မွိုန႔ဲ ဟင္းႏုႏြယ္ကေတာ့ တစ္ေယာက္စာ” ဆိုျပီးေတာ့ သူမကိုယ္တိုင္ဖြယ္ဖြယ္ရာေလး ခ်က္ျပဳတ္ထားတာျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ သီခ်င္းမွာေရာ၊ အခ်က္အျပဳတ္မွာပါ ကၽြမ္းက်င္တဲ့ ပိုပိုေလးကို ခ်စ္ေနၾကျပီမဟုတ္လား……။

Source :ဝတ္ ရည္ မိုး
ခ်စ္သဲေမ – CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“Studio မှာ သီချင်း လာလုပ်သူတွေကို ကိုယ်တိုင် ထမင်းချက်ကျွေးနေတဲ့ ပိုပို”

အဆိုတော်အလုပ်တွေသာမက သရုပ်ဆောင်အလုပ်တွေကိုပါ တွဲဖက်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ လက်ရှိမှာ ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ်ရိုက်ကူးမယ့် “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ပိုပိုဟာ “ချစ်ဖူးခဲ့သမျှ”သီချင်းလေးနဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်လာနိုင်တဲ့ အဆိုတော်တစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိမှာတော့ ပိုပိုက တက်သစ်စမင်းသားချောလေးတွေဖြစ်တဲ့ သီဟအောင်၊ မင်းသွေးခန့်တို့နဲ့အတူ MTV လေးတွေကို ရိုကူးနေတယ်လို့ သိရပါတယ်။

ပိုပိုဟာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့အတူ ခက်ခဲတဲ့ ဘဝတွေကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ယခုလက်ရှိမှာတော့ သိန်းထောင်ကျော်တန်တဲ့ အိမ်လေးနဲ့ ကိုယ်ပိုင်စတူရီယိုလေးကို တည်ထောင်နိုင်ခဲ့ပါတယ်။အဲဒီလို စတူရီယိုထောင်တာလည်း ပရိသတ်တွေအတွက် အကောင်းဆုံးသီချင်းတွေနဲ့ ဖျော်ဖြေနိုင်ဖို့ပဲဖြစ်ပါတယ်။ပိုပိုကတော့ သီချင်းတွေကို အကောင်းဆုံး ဖျော်ဖြေနိုင်သူတစ်ယောက်ဖြစ်သလို မိန်းကလေးတစ်ယောက်အနေနဲ့ တတ်သင့်တတ်အပ်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ အချက်အပြုတ်ပိုင်းမှာလည်း ကျွမ်းကျင်သူတစ်ယောက်ပါ။

လက်ရှိမှာတော့ ပိုပိုဟာ Studio မှာ သီချင်း လာလုပ်သူတွေကို ကိုယ်တိုင် ထမင်းချက်ကျွေးနေတာဖြစ်ပြီးတော့ “သီချင်းတွေကိုသာမက ဟင်းတွေကိုပါ နှလုံးသားနဲ့ ပြုလုပ်သည် အိမ် မှာ စားသလို Studio မှာ သီချင်း လာလုပ်သူတွေကိုပါ ကိုယ်တိုင် ချက်ကျွေးတာ (၁)ဘဲသားနဲ့ အာလူး အချိူချက်၊ (၂) ငါးဖယ်လုံး အစပ်ချက်နဲ့ ၊(၃)ငါးဖယ်လုံး အချိူချက်၊ (၄).ပြောင်းဖူးကြော် ၊(၅).ကြက်ဟင်းခါးသီးကြော်၊ (၆)ကန်စွန်းရွက်အချဉ်ဟင်း နဲ့ တို့စရာ၊(၇)မှိုနဲ့ ဟင်းနုနွယ်ကတော့ တစ်ယောက်စာ” ဆိုပြီးတော့ သူမကိုယ်တိုင်ဖွယ်ဖွယ်ရာလေး ချက်ပြုတ်ထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ သီချင်းမှာရော၊ အချက်အပြုတ်မှာပါ ကျွမ်းကျင်တဲ့ ပိုပိုလေးကို ချစ်နေကြပြီမဟုတ်လား……။

Source :ဝတ် ရည် မိုး
ချစ်သဲမေ – CeleGabar

Top
//thefacux.com/4/3018672