ေနာက္ထပ္ရုပ္ရွင္ ဇာတ္ကားႀကီးရုိက္ကူးဖို႕အတြက္ ပံုစံေလးခ်ိန္းေအာင္ ျပင္ဆင္ထားတယ္ဆိုတဲ့ ေဆာင္းဝတ္ရည္ေမ

ေဆာင္းဝတ္ရည္ေမကေတာ့ MRTV – (4)ဇာတ္လမ္းတြဲမင္းသမီေလး တစ္ဦးျဖစ္ၿပီး ” ဝိဉာဥ္ရႈိက္သံ”ဇာတ္လမ္းတြဲကစတင္ကာ ” ၾကယ္စင္ခ်ိဳ” ဆိုတဲ့ ဇာတ္ေကာင္ေလးနဲ႔ ပရိသတ္ေတြစတင္သတိထားမိလာၿပီး “ဝကၤပါစံအိမ္ ” ရဲ႕ဇာတ္လမ္းတြဲမွာ ” ေစာကလ်ာ ” ဆိုတဲ့ဇာတ္ေကာင္ အျပင္ “အမုန္းမွသည္” ဇာတ္ကားမွာ” ေနခ်ိဳေသြး”အျဖစ္ပရိသတ္ေတြလက္ခံသေဘာက်ခဲ့တာျဖစ္ပါတယ္။ထပ္မံၿပီး “အခ်စ္သေကၤတ “ဇာတ္လမ္းတြဲမွာ ” ျဖဴစင္ရွင္းသန႔္ ” ဆိုတဲ့ ကာ႐ိုက္တာအျပင္ “ခ်စ္ျခင္းတရားတို႔ရွိရာ ” ဇာတ္လမ္းတြဲမွာ သက္သက္ေဇာ္အျဖစ္ ကာ႐ိုက္တာမိစြာ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိသတ္ေတြက ခ်စ္စႏိုးနဲ ႔ ” သက္သက္ေဇာ္” အျဖစ္ ဇာတ္လမ္းတြဲ နာမည္ကိုသာ အစြဲျပဳ ေခၚေနၾကတာျဖစ္ပါတယ္။

ေဆာင္းဝတ္ရည္ေမ ကို ေယာက်ာ္းေလးပရိသတ္ေတြသာမက မိန္းကေလးပရိသတ္ေတြကလည္း အားေပးဝန္းရံၾကတာပဲ ျဖစ္ပါတယ္။ အျခားေသာအႏုပညာရွင္ေတြနဲ႔မတူတဲ့ စကားေျပာဟန္ေလးေတြေၾကာင့္ ပရိသတ္ေတြကို ပိုသတိထားမိေစတာျဖစ္ၿပီး ျဖဴစင္တဲ့ ကေလးသဖြယ္အၿပဳံးေလးေတြေၾကာင့္ ႏွစ္ၿခိဳက္သူေတြပိုမ်ားလာတာပဲ ျဖစ္ပါတယ္။သူမရဲ႕ အမာခံပရိသတ္ေတြကလည္း သူမရဲ႕ဇာတ္လမ္းတြဲအသစ္ေတြကို အၿမဲေမွ်ာ္လင့္ေနၾကတာပဲ ျဖစ္ပါတယ္။

မၾကာေသးမီက ေဆာင္းဝတ္ရည္ေမက သ႐ုပ္ေဆာင္ၾကာစိ(နတ္ကေတာ္ ေ႐ႊၾကာ)၏ ညီမေခ်ာေလး ” ေငြၾကာ “အျဖစ္ ပါဝင္ထားတဲ့ ” နတ္အလိုၿဂိဳလ္အမ” ဇာတ္လမ္းတြဲ ကို MRTV-(4) ႐ုပ္သံChannel မွာ ျပသခဲ့တာ ဇာတ္သိမ္းသြားခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရွိမွာလည္း အတြဲညီလွတဲ့ မင္းသားႏွစ္ေယာက္ျဖစ္တဲ့ မိုးေအာင္ရင္နဲ႔ ျမင့္ျမတ္တို႔ရဲ႕ ျပန္လည္႐ိုက္ကူးတဲ့ ပထမဆုံးဇာတ္ကားျဖစ္တဲ့ ” Oxygen” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္႐ိုက္ကူး ခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ရုပ္ရွင္ဇာတ္ကားၾကီးကိုရုိက္ကူးဖို႕အတြက္ ” ေနာက္ထပ္႐ိုက္ကူးမယ့္ ႐ုပ္ရွင္ကားႀကီးတစ္ခု အတြက္ ပံုစံေလးခ်ိန္းေအာင္လုပ္ထားတယ္ေနာ္ ” ဆိုၿပီး ေျပာင္းလဲသြားတဲ့ ပံုရိပ္ေလးေတြနဲ႕အတူ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ေဆာင္းဝတ္ရည္ေမကိုအားေပးသေဘာက်ရင္မတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Hsaung Wytee May
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” နောက်ထပ်ရုပ်ရှင် ဇာတ်ကားကြီးရိုက်ကူးဖို့အတွက် ပုံစံလေးချိန်းအောင် ပြင်ဆင်ထားတယ်ဆိုတဲ့ ဆောင်းဝတ်ရည်မေ ”

ဆောင်းဝတ်ရည်မေကတော့ MRTV – (4)ဇာတ်လမ်းတွဲမင်းသမီလေး တစ်ဦးဖြစ်ပြီး ” ဝိဉာဉ်ရှိုက်သံ”ဇာတ်လမ်းတွဲကစတင်ကာ ” ကြယ်စင်ချို” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေစတင်သတိထားမိလာပြီး “ဝင်္ကပါစံအိမ် ” ရဲ့ဇာတ်လမ်းတွဲမှာ ” စောကလျာ ” ဆိုတဲ့ဇာတ်ကောင် အပြင် “အမုန်းမှသည်” ဇာတ်ကားမှာ” နေချိုသွေး”အဖြစ်ပရိသတ်တွေလက်ခံသဘောကျခဲ့တာဖြစ်ပါတယ်။ထပ်မံပြီး “အချစ်သင်္ကေတ “ဇာတ်လမ်းတွဲမှာ ” ဖြူစင်ရှင်းသန့် ” ဆိုတဲ့ ကာရိုက်တာအပြင် “ချစ်ခြင်းတရားတို့ရှိရာ ” ဇာတ်လမ်းတွဲမှာ သက်သက်ဇော်အဖြစ် ကာရိုက်တာမိစွာ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေက ချစ်စနိုးနဲ့ ” သက်သက်ဇော်” အဖြစ် ဇာတ်လမ်းတွဲ နာမည်ကိုသာ အစွဲပြု ခေါ်နေကြတာဖြစ်ပါတယ်။

ဆောင်းဝတ်ရည်မေ ကို ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကလည်း အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။ အခြားသောအနုပညာရှင်တွေနဲ့မတူတဲ့ စကားပြောဟန်လေးတွေကြောင့် ပရိသတ်တွေကို ပိုသတိထားမိစေတာဖြစ်ပြီး ဖြူစင်တဲ့ ကလေးသဖွယ်အပြုံးလေးတွေကြောင့် နှစ်ခြိုက်သူတွေပိုများလာတာပဲ ဖြစ်ပါတယ်။သူမရဲ့ အမာခံပရိသတ်တွေကလည်း သူမရဲ့ဇာတ်လမ်းတွဲအသစ်တွေကို အမြဲမျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

မကြာသေးမီက ဆောင်းဝတ်ရည်မေက သရုပ်ဆောင်ကြာစိ(နတ်ကတော် ရွှေကြာ)၏ ညီမချောလေး ” ငွေကြာ “အဖြစ် ပါဝင်ထားတဲ့ ” နတ်အလိုဂြိုလ်အမ” ဇာတ်လမ်းတွဲ ကို MRTV-(4) ရုပ်သံChannel မှာ ပြသခဲ့တာ ဇာတ်သိမ်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အတွဲညီလှတဲ့ မင်းသားနှစ်ယောက်ဖြစ်တဲ့ မိုးအောင်ရင်နဲ့ မြင့်မြတ်တို့ရဲ့ ပြန်လည်ရိုက်ကူးတဲ့ ပထမဆုံးဇာတ်ကားဖြစ်တဲ့ ” Oxygen” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူး ခဲ့တာဖြစ်ပြီး နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးဖို့အတွက် ” နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးတစ်ခု အတွက် ပုံစံလေးချိန်းအောင်လုပ်ထားတယ်နော် ” ဆိုပြီး ပြောင်းလဲသွားတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ဆောင်းဝတ်ရည်မေကိုအားပေးသဘောကျရင်မတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Hsaung Wytee May
Shwe Poe – CeleGabar