“ဆေးရုံတက်နေရတဲ့ ဝေဠုကျော် မြန်မြန်ကျန်းမာပါစေ” လို့ ဆုတောင်းပေးလိုက်တဲ့ သင်းသင်း

သရုပ်ဆောင်ဝေဠုကျော်က စက်တင်ဘာ ၁၁ရက်နေ့မှာ ချိန်းဆိုတဲ့တရားရုံးချိန်းကို ကျန်းမာရေးအခြေအနေကြောင့် မလာရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

သရုပ်ဆောင်ဝေဠုကျော်က ကျန်းမာရေးအခြေအနေကြောင့် မလာရောက်နိုင်တဲ့အပေါ် တရားလိုဖြစ်သူ သင်းသင်းက ကျန်းမာပါစေ ဆုတောင်းပေးခဲ့ကြောင်း သိရပါတယ်။

“ အမြန်ဆုံးကျန်းမာမှ စစ်စရာရှိတာစစ်မယ် မေးစရာရှိတာမေးမယ်.. မပျက်မကွက်နဲ့မှ အချိန်က မြန်မြန်ပြီးမယ် ထင်ပါတယ်” လို့ တရားလို အလှမယ် သင်းသင်းကပြောကြားခဲ့ပါတယ်။

ယနေ့ရုံးချိန်းတွင် တရားလို သင်းသင်းဘက်မှ တင်သွင်းသည့် သက်သေအသံဖိုင်နှင့် ပတ်သက်၍ တရားရုံးက လက်ခံရန် သင့်၊ မသင့်ကို အမိန့်ချမှတ်နိုင်ခြင်းမရှိဘဲ လာမည့် စက်တင်ဘာ ၁၉ ရက်မှသာ အမိန့်ချရန် ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ အလှမယ် သင်းသင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှု ဥပဒေ ပုဒ်မ ၄၁၇ နဲ့ တရားစွဲဆိုစတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။သင်းသင်