You are here
Home > Facebook သတင်းစုံ > ဗစ်တိုးရီးယားလေးပြောတဲ့ တရားခံတွေကို ဘာဖြစ်လို့ ဖမ်းလို့ မရသေးတာလဲ?

ဗစ်တိုးရီးယားလေးပြောတဲ့ တရားခံတွေကို ဘာဖြစ်လို့ ဖမ်းလို့ မရသေးတာလဲ?

သမီးလေးက ဒီလူတွေပါလို့ ပြလိုက်တာတောင် မဖမ်းဘူးလား ဆိုပြီး မေးကြတဲ့အခါ ဖြေရခက်ပါတယ်။

ပထမဆုံး ကျွန်တော်တို့ သွားနေရသော လမ်းကြောင်းသည် တရားရေး လမ်းကြောင်းပါ။ ဘာလို့ အဲလို ပြောရသလဲ ဆိုရင် သွားနေတဲ့ လမ်းကြောင်းနဲ့ လုပ်နေရတဲ့ အလုပ်က တခြားဆီလို ဖြစ်နေတာ သိစေချင်လို့ပါ။

တရားရုံးသည် investigation ဆိုတဲ့ စုံစမ်းစစ်ဆေးတဲ့ နေရာ မဟုတ်ပါ။ စုံစမ်းစစ်ဆေးသော အဖွဲ့သည် ရဲတပ်ဖွဲ့လို အဖွဲ့အစည်းပါ။ ဒီတော့ ရဲတပ်ဖွဲ့မှာ သမီးငယ်ကို စစ်ဆေးစဉ်ကဆိုရင် ချက်ချင်းကောက်ဖမ်းလို့ ရပါတယ်။ (သမီးလေး ပြောခဲ့ မပြောခဲ့ ဆိုတာကို မိခင်ရဲ့ တရားရုံးထွက်ချက်၊ ဖခင်ရဲ့ တရားရုံး ထွက်ချက်တွေနဲ့ တိုက်စစ်လို့ ရပါတယ်) သမီးပြောတဲ့ ကိုကိုနှစ်ယောက် ဆိုတာကိုဖြစ်ဖြစ်၊ အောင်ကြီးကိုပဲ ဖြစ်ဖြစ် ဓာတ်ပုံပဲပြပြ၊ လူတွေ တန်းစီပဲ ပြပြ ပြပြီး ဖမ်းလို့ရပါတယ်။ (အောင်ကြီး တယောက်ထဲကိုတော့ ပြဖို့ ကြိုးစားခဲ့ပါသေးတယ်) သူတို့က စုံစမ်းစစ်ဆေးရေး အဖွဲ့မို့ပါ။

တရားရုံးကတော့ အဲဒီလို မဟုတ်ပဲ ရဲတပ်ဖွဲ့က တင်ပြလာသူကိုသာ ဖြစ်နိုင်မဖြစ်နိုင် သက်သေအထောက်အထားကို စိစစ် ဆုံးဖြတ်ရတာပါ။ ဒီလို တရားရုံးက ဆုံးဖြတ်ဖို့ သက်သေ စုနေတဲ့နေရာမှာ ကျွန်တော်တို့က သမီးလေး ပြောခဲ့တာတွေက ဒီလိုပါ ဆိုတာကို ပြသချင်တာပါ။ ဆိုလိုတာက အမှန်တရားကို ဖေါ်ထုတ်နိုင်ဖို့ လက်ရှိတရားရေး လမ်းကြောင်းထဲမှာ ၀င်ပြီး လှုပ်ရှားရတာပါ။

ဒီတော့ သွားတဲ့လမ်းနဲ့ ရှိတဲ့ ကိရိယာနဲ့ မတူပဲ ဖြစ်နေပါတယ်။ သစ်ပင်ခုတ်ဖို့ ပုဆိန်လိုပါတယ်။ ဒါပေမယ့် လက်ထဲ ထည့်ပေးထားတာက ပေါက်ပြားဖြစ်နေတယ်။ အမှန်တရား သစ်ပင်ပြိုလဲဖို့ ရှိတဲ့ ပေါက်ပြားနဲ့ သစ်ပင်ကို စွေခုတ်ဖို့ အားထုတ်နေရသလို ဖြစ်နေတာပါ

ဒီတော့ သမီးလေး ပြတိုင်း လောလောဆည်တော့ ဖမ်းလို့ မရသေးပါဘူး။ သူ့ပရောဆက်ကို ဆက်သွားနေရပါတယ်။ ဆက်သွားရင်းမှ ဘာလုပ်လို့ ရမလဲ။ အမှန်တရားကို ဘယ်လို ဖေါ်ရင် ရမလဲ ဆိုတာ ဆက်တွေး၊ ဆက်လုပ်နေရပါတယ်။

ဒါသည်ပင် ကျွန်တော်တို့ရဲ့ သဘောသဘာဝ အမှန်ပါပဲ။

သက္ကမိုးညို (လေးစားမှုနှင့် ခရက်ဒစ်)

Top
//augailou.com/4/3018672