ကမာၻ႔အဆင့္ ၅၈၁ က အိႏၵိယ ကစားသမားနဲ႔ ကြာတားဖိုင္နယ္ပြဲကစားရမယ့္ သက္ထားသူဇာ

ဒီကေန႔မွာေတာ့ ထိုင္းက ဆာရာပြန္းကို ၂ ပြဲျပတ္နဲ႔ အႏိုင္ယူၿပီး ကြတားဖိုင္နယ္ကို တက္လွမ္းလာခဲ့တာ ျဖစ္ပါ တယ္။ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပလ်က္ရွိတဲ့ ၂၀၁၉ ခုႏွစ္ ျမန္မာအင္တာေနရွင္နယ္လိဂ္ စီးရီး ၿပိဳင္ပြဲရဲ႕ အမ်ိဳးသမီးတစ္ဦးခ်င္း ၿပိဳင္ပြဲမွာေတာ့ ျမန္မာက သက္ထားသူဇာက ကြာတားဖိုင္နယ္ကို ေရာက္ရွိ ေနပါၿပီ။ဒီကေန႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ထိုင္းကစားသမား ဆာရာပြန္းနဲ႔ပြဲမွာ ၂ ပြဲျပတ္ အႏိုင္ယူၿပီး ကြာတားဖိုင္နယ္ကို တက္လွမ္းလာခဲ့တာပါ။

ကြာတားဖိုင္နယ္မွာေတာ့ အင္ဒိုနီးရွား ကစားသမားကို ၂ ပြဲျပတ္ အႏိုင္ယူခဲ့တဲ့ အိႏၵိယက ကမာၻ႔အဆင့္ ၅၈၁ ရွိတဲ့ ဆာမီယာနဲ႔ ေတြ႕ဆုံေနတာပါ။ဆာမီယာကေတာ့ အသက္ ၁၆ ႏွစ္သာရွိေသးၿပီး သက္ထားသူဇာကထက္ အသက္ငယ္သလို သက္ထားသူ ဇာက လက္ရွိ ကမာၻ႔အဆင့္ ၇၃ ျဖစ္လို႔ သူတို႔ႏွစ္ဦးၾကား အဆင့္ကြာဟခ်က္ ျမင့္မားေနပါတယ္။

သက္ထားသူဇာကေတာ့ ၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳၿပီး ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိေရး အတြက္ စီးရီးၿပိဳင္ပြဲေတြမွာ ရမွတ္ေတြ လိုက္လံ စုေဆာင္းေနသူ ျဖစ္ပါတယ္။ယခု က်င္းပလ်က္ရွိတဲ့ ၿပိဳင္ပြဲမွာေတာ့ ခ်န္ပီယံ ျဖစ္ခဲ့ရင္ ရမွတ္ ၂၅၀၀ ထပ္မံရရွိမွာျဖစ္ၿပီး လက္ရွိသက္ထားသူ ဇာကေတာ့ ရမွတ္ေပါင္း ၇၂၉၃ မွတ္ရရွိထားၿပီလို႔ bwfbadminton.comရဲ႕ ေဖာ္ျပခ်က္အရသိရပါ တယ္။သက္ထားသူဇာအေနနဲ႔ ယခု ျမန္မာအင္တာေနရွင္နယ္ ၿပိဳင္ပြဲၿပီးရင္လည္း ေမာ္လ္ဒိုက္ႏိုင္ငံကို ဆက္လက္ ထြက္ခြာမွာ ျဖစ္ၿပီး ေနာက္ထပ္ စီးရီးၿပိဳင္ပြဲတစ္ခုကို ဆက္လက္ယွဥ္ၿပိဳင္သြားမွာပါ။

CRD-Duwun

UNICODE

ဒီကနေ့မှာတော့ ထိုင်းက ဆာရာပွန်းကို ၂ ပွဲပြတ်နဲ့ အနိုင်ယူပြီး ကွတားဖိုင်နယ်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါ တယ်။မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိတဲ့ ၂၀၁၉ ခုနှစ် မြန်မာအင်တာနေရှင်နယ်လိဂ် စီးရီး ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာတော့ မြန်မာက သက်ထားသူဇာက ကွာတားဖိုင်နယ်ကို ရောက်ရှိ နေပါပြီ။ဒီကနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ထိုင်းကစားသမား ဆာရာပွန်းနဲ့ပွဲမှာ ၂ ပွဲပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းလာခဲ့တာပါ။

ကွာတားဖိုင်နယ်မှာတော့ အင်ဒိုနီးရှား ကစားသမားကို ၂ ပွဲပြတ် အနိုင်ယူခဲ့တဲ့ အိန္ဒိယက ကမ္ဘာ့အဆင့် ၅၈၁ ရှိတဲ့ ဆာမီယာနဲ့ တွေ့ဆုံနေတာပါ။ဆာမီယာကတော့ အသက် ၁၆ နှစ်သာရှိသေးပြီး သက်ထားသူဇာကထက် အသက်ငယ်သလို သက်ထားသူ ဇာက လက်ရှိ ကမ္ဘာ့အဆင့် ၇၃ ဖြစ်လို့ သူတို့နှစ်ဦးကြား အဆင့်ကွာဟချက် မြင့်မားနေပါတယ်။

သက်ထားသူဇာကတော့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရေး အတွက် စီးရီးပြိုင်ပွဲတွေမှာ ရမှတ်တွေ လိုက်လံ စုဆောင်းနေသူ ဖြစ်ပါတယ်။ယခု ကျင်းပလျက်ရှိတဲ့ ပြိုင်ပွဲမှာတော့ ချန်ပီယံ ဖြစ်ခဲ့ရင် ရမှတ် ၂၅၀၀ ထပ်မံရရှိမှာဖြစ်ပြီး လက်ရှိသက်ထားသူ ဇာကတော့ ရမှတ်ပေါင်း ၇၂၉၃ မှတ်ရရှိထားပြီလို့ bwfbadminton.comရဲ့ ဖော်ပြချက်အရသိရပါ တယ်။သက်ထားသူဇာအနေနဲ့ ယခု မြန်မာအင်တာနေရှင်နယ် ပြိုင်ပွဲပြီးရင်လည်း မော်လ်ဒိုက်နိုင်ငံကို ဆက်လက် ထွက်ခွာမှာ ဖြစ်ပြီး နောက်ထပ် စီးရီးပြိုင်ပွဲတစ်ခုကို ဆက်လက်ယှဉ်ပြိုင်သွားမှာပါ။