You are here
Home > Health > “၅ လအတြင္း ဘီယာဗိုက္ျပဳတ္ၿပီး ၾကြက္သားအဖုအထစ္ေတြထြက္လာသူရဲ႕ နည္းလမ္း”

“၅ လအတြင္း ဘီယာဗိုက္ျပဳတ္ၿပီး ၾကြက္သားအဖုအထစ္ေတြထြက္လာသူရဲ႕ နည္းလမ္း”

တစ္ခုခုကိုေအာင္ျမင္ခ်င္ရင္ စိတ္ရဲ႕ဆံုးျဖတ္ခ်က္ပဲလိုတယ္ဆိုတာ သက္ေသျပခဲ့တဲ့ အမ်ိဳးသားပါ။ ဂ်ပန္ႏုိင္ငံကအမ်ိဳးသားတစ္ေယာက္ဟာ ၅ လအတြင္း ပူေနတဲ့ဗိုက္ကေန ၾကြက္သားအဖုအထစ္ေတြရေအာင္ ဘယ္လိုလုပ္ခဲ့တယ္ဆိုတာ မွ်ေဝထားခဲ့ပါတယ္။ သူ႕ဗိုက္ပံုစံက ကၽြန္ေတာ္တုိ႔ေျပာေျပာေနက် ဘီယာဗိုက္ပံုစံမ်ိဳးေပ့ါ။ ဒါကို ၅ လအတြင္း ၾကြက္သားေတြရေအာင္ လုပ္ျပႏုိင္တယ္ဆိုတာေတာ့ သိပ္ကို ခ်ီးက်ဴးစရာေကာင္းေနပါၿပီ။

ကာယကံရွင္ကေတာ့ Twitter account -hiiragisensei ရဲ႕ ပုိင္ရွင္ Hiragi ပဲျဖစ္ပါတယ္။ ဗိုက္တစ္လံုးထဲအခုလို က်သြားရံုနဲ႔ သူဟာ ခႏၶာကိုယ္အေလးခ်ိန္ရဲ႕ ၂၆.၆ ေပါင္ကို ပါ တစ္ခါတည္း ျဖဳတ္ခ်ႏုိင္ခဲ့ပါတယ္တဲ့။ အဓိကအားထားခဲ့တာကေတာ့ Tabata (တာဘာတာ) ဆိုတဲ့အားကစားနည္းတစ္မ်ိဳးပါ။ တာဘာတာဟာ HITT (High Intensity Interval Training) ထဲ တစ္စိတ္တစ္ပိုင္းပါတဲ့ အားကစားနည္းတစ္မ်ိဳးျဖစ္ပါတယ္။

တာဘာတာဟာ ဂ်ပန္ႏုိင္ငံကသိပၸံပညာရွင္တစ္ဦးျဖစ္တဲ့ ေဒါက္တာအိဇုမိတာဘာတာမွ ၁၉၉၆ မွာ တီထြင္ခဲ့တာပါ။ ေဒါက္တာအိဇုမိတာဘာတာဟာ တိုက်ိဳရဲ႕အမ်ိဳးသားအားကစားဌာနမွ သုေတသီတစ္ေယာက္လည္းျဖစ္ပါတယ္။ တာဘာတာကိုေဆာ့မယ္ဆိုရင္ အခ်ိန္ခဏေလးပဲၾကာမွာမလို႔ ထိေရာက္ပါမလား၊ ဟုတ္ပါ့မလားလို႔ ေတြးမိပါလိမ့္မယ္။ ဒီလိုထိေရာက္မေရာက္ကေတာ့ Hiragi က သက္ေသပါပဲေနာ္။

တာဘာတာထဲမွာ burpees လို႔ေခၚတဲ့ ဗီဒီယိုထဲက ကစားနည္းနဲ႔ squat လုိ႔ေခၚတဲ့ တင္ညွစ္ထုိင္ထလုပ္နည္းကိုသာ Hiragi တစ္ေယာက္ ဦးစားေပးလုပ္ခဲ့ပါတယ္တဲ့။ နည္းလမ္းအၾကမ္းဖ်ဥ္းကိုေတာ့ ဗီဒီယိုထဲမွာ ျမင္ႏုိင္ပါတယ္။ Burpees ကို စကၠန္႔ ၂၀ လုပ္၊ ၁၀ စကၠန္႔နားနဲ႔ ၈ ႀကိမ္တိတိ ျပဳလုပ္ရမွာျဖစ္ၿပီး squad ကိုလည္း စကၠန္႔ ၂၀ လုပ္၊ ၁၀ စကၠန္႔နားနဲ႔ ၈ ႀကိမ္တိတိျပဳလုပ္ရမွာပါ။ အဓိကအဆီက်ၿပီး ထိေရာက္တာေတာ့ ဗီဒီယိုထဲက burpees ေပါ့။

Hiragi ကေတာ့ အရင္တုန္းက ၁၅၈.၇ ေပါင္ရွိခဲ့ရကေန အခုအခ်ိန္မွာေတာ့ ေပါင္ ၁၃၀ ပဲ က်န္ပါေတာ့တယ္တဲ့။ ကဲ အိမ္မွာလည္း လြယ္လြယ္ကူကူလုပ္ႏုိင္မယ္၊ အခ်ိန္ကုန္လည္းသက္သာ၊ gym ကို ပိုက္ဆံအကုန္ခံၿပီးလည္း သြားစရာမလိုေတာ့ဘူးဆိုေတာ့ ၅ လေလာက္စမ္းၾကည့္တာဟာ မွားမယ္မထင္ပါဘူးေနာ္။

CRD-SHWEMOM

ယူနီကုဒ် ဖြင့်ဖတ်ပါ

တစ်ခုခုကိုအောင်မြင်ချင်ရင် စိတ်ရဲ့ဆုံးဖြတ်ချက်ပဲလိုတယ်ဆိုတာ သက်သေပြခဲ့တဲ့ အမျိုးသားပါ။ ဂျပန်နိုင်ငံကအမျိုးသားတစ်ယောက်ဟာ ၅ လအတွင်း ပူနေတဲ့ဗိုက်ကနေ ကြွက်သားအဖုအထစ်တွေရအောင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ မျှဝေထားခဲ့ပါတယ်။ သူ့ဗိုက်ပုံစံက ကျွန်တော်တို့ပြောပြောနေကျ ဘီယာဗိုက်ပုံစံမျိုးပေ့ါ။ ဒါကို ၅ လအတွင်း ကြွက်သားတွေရအောင် လုပ်ပြနိုင်တယ်ဆိုတာတော့ သိပ်ကို ချီးကျူးစရာကောင်းနေပါပြီ။

ကာယကံရှင်ကတော့ Twitter account -hiiragisensei ရဲ့ ပိုင်ရှင် Hiragi ပဲဖြစ်ပါတယ်။ ဗိုက်တစ်လုံးထဲအခုလို ကျသွားရုံနဲ့ သူဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂၆.၆ ပေါင်ကို ပါ တစ်ခါတည်း ဖြုတ်ချနိုင်ခဲ့ပါတယ်တဲ့။ အဓိကအားထားခဲ့တာကတော့ Tabata (တာဘာတာ) ဆိုတဲ့အားကစားနည်းတစ်မျိုးပါ။ တာဘာတာဟာ HITT (High Intensity Interval Training) ထဲ တစ်စိတ်တစ်ပိုင်းပါတဲ့ အားကစားနည်းတစ်မျိုးဖြစ်ပါတယ်။

တာဘာတာဟာ ဂျပန်နိုင်ငံကသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအိဇုမိတာဘာတာမှ ၁၉၉၆ မှာ တီထွင်ခဲ့တာပါ။ ဒေါက်တာအိဇုမိတာဘာတာဟာ တိုကျိုရဲ့အမျိုးသားအားကစားဌာနမှ သုတေသီတစ်ယောက်လည်းဖြစ်ပါတယ်။ တာဘာတာကိုဆော့မယ်ဆိုရင် အချိန်ခဏလေးပဲကြာမှာမလို့ ထိရောက်ပါမလား၊ ဟုတ်ပါ့မလားလို့ တွေးမိပါလိမ့်မယ်။ ဒီလိုထိရောက်မရောက်ကတော့ Hiragi က သက်သေပါပဲနော်။

တာဘာတာထဲမှာ burpees လို့ခေါ်တဲ့ ဗီဒီယိုထဲက ကစားနည်းနဲ့ squat လို့ခေါ်တဲ့ တင်ညှစ်ထိုင်ထလုပ်နည်းကိုသာ Hiragi တစ်ယောက် ဦးစားပေးလုပ်ခဲ့ပါတယ်တဲ့။ နည်းလမ်းအကြမ်းဖျဉ်းကိုတော့ ဗီဒီယိုထဲမှာ မြင်နိုင်ပါတယ်။ Burpees ကို စက္ကန့် ၂၀ လုပ်၊ ၁၀ စက္ကန့်နားနဲ့ ၈ ကြိမ်တိတိ ပြုလုပ်ရမှာဖြစ်ပြီး squad ကိုလည်း စက္ကန့် ၂၀ လုပ်၊ ၁၀ စက္ကန့်နားနဲ့ ၈ ကြိမ်တိတိပြုလုပ်ရမှာပါ။ အဓိကအဆီကျပြီး ထိရောက်တာတော့ ဗီဒီယိုထဲက burpees ပေါ့။

Hiragi ကတော့ အရင်တုန်းက ၁၅၈.၇ ပေါင်ရှိခဲ့ရကနေ အခုအချိန်မှာတော့ ပေါင် ၁၃၀ ပဲ ကျန်ပါတော့တယ်တဲ့။ ကဲ အိမ်မှာလည်း လွယ်လွယ်ကူကူလုပ်နိုင်မယ်၊ အချိန်ကုန်လည်းသက်သာ၊ gym ကို ပိုက်ဆံအကုန်ခံပြီးလည်း သွားစရာမလိုတော့ဘူးဆိုတော့ ၅ လလောက်စမ်းကြည့်တာဟာ မှားမယ်မထင်ပါဘူးနော်။

CRD-SHWEMOM

Top
//thaudray.com/4/3018672