
ေသာၾကာသားသမီးမ်ားအတြက္
ဒီလအတြင္း သင္၏ ကံဇာတာကေတာ့ ကံၾကမၼာေကာင္းမ်ား အေျပာင္းအလဲ ျဖစ္ႏိုင္ေသာ အခ်ိန္ကာလ ျဖစ္သည္။ ကံၾကမၼာ အခြင့္အေရး အခြင့္အလန္းေကာင္းမ်ား ရရွိႀကံဳဆံုမည္။ အထူးအားျဖင့္ ၀င္ေငြေကာင္းသလို ေငြေၾကးအကုန္အက်မ်ားလည္း မ်ားတတ္ေသာ အခ်ိန္ကာလ ျဖစ္၏။
ၿပီးခဲ့ေသာ အခ်ိန္ကာလက ႀကံဳေတြ႕ခဲ့ရေသာ အခက္အခဲမ်ား ျပႆနာမ်ား ေျပလည္မည္။ ေျဖရွင္းႏိုင္မည္။ ဒီအခ်ိန္မွာ သင့္အတြက္ တစ္ခုသတိထားရမည္မွာ ကိုယ့္အတြက္ အက်ိဳးလံုး၀ မရွိေသာ အလုပ္မ်ားလည္း လုပ္ကိုင္ေနရတတ္သည္။ တစ္ခု ေပ်ာ္စရာ ေကာင္းသည္မွာ သင္၏ စိတ္သည္ အေပ်ာ္အရႊင္ဆံုး အခ်ိန္ျဖစ္သည္။ သင္ကိုယ္တိုင္ သင္၏ ကံဇာတာမ်ား ေကာင္းမြန္ေနသည္ဟူ မိမိကိုယ္ မိမိ ယံုၾကည္မႈ႔ ရေနမည္။ စိတ္ဓာတ္မ်ားလည္း အလိုလို တက္ၾကြေနလိမ္မည္။ အလုပ္အကိုင္ အသစ္မ်ား ဖန္တီးႏိုင္မည္။ အဆက္အသြယ္ေကာင္းမ်ား အဆက္အသြယ္ အသစ္မ်ား ရမည္။ မိတ္ရင္းေဆြရင္း ဆရာသမားရင္းမ်ားႏွင့္ အဆင္မေျပ ျဖစ္တတ္သည္။
အိမ္ေထာင္သည္မ်ား သားသမီး ရင္ေသြးရတနာ ထြန္းကားမႈ႔ ရရွိမည္။ ေျခႏွစ္ေခ်ာင္း ၀င္ကိန္း ရွိ၏။ ေရႊထြက္ကိန္း ရွိသည္။ ေရႊေပါင္ရတတ္သည္။ ဆရာအတုဆရာေယာင္မ်ားႏွင့္ ႀကံဳရတတ္သည္။ အေမြႏွင့္ ပါတ္သက္ေသာ ကိစၥမ်ား မရွင္းမလင္း ျဖစ္မည္။ မတင္မက် ျဖစ္မည္။ စကားအေျပာအဆို မေအာင္မျမင္ ျဖစ္မည္။ ဒီအခ်ိန္ မေျပာသင့္ေပ။ အိုးအိမ္ေနရာထိုင္ခင္း ႏွင့္ ပါတ္သက္ေသာ ကိစၥမ်ား အဆင္ေျပ တိုးတက္မႈ႔ ေအာင္ျမင္မႈ႔ရရွိမည္။
မိမိ၏ ဖခင္ႏွင့္ ဆက္ႏြယ္ေနေသာ အမ်ိဳးအေဆြမ်ားဘက္မွ ကူညီေထာက္ပံ့ေပးျခင္းမ်ား ရရွိတတ္သည္။ ဒီအခ်ိန္တြင္ သင္၏ ေျပာစကားဆိုစကား ေအာင္ျမင္မႈ႔ ရရွိမည္။ အိမ္ေထာင္ရွိသူမ်ား အိမ္ေထာင္ေရးတြင္ တစ္ေယာက္ႏွင့္တစ္ေယာက္ သံသယ ပြားရတတ္သည္။ အျမင္မၾကည္မလင္ ျဖစ္ရတတ္တယ္။ ငယ္ရြယ္သူမ်ား အခ်စ္ေရး ေမတၱာေရးတြင္ အေႏွာက္အယွက္ အနည္းငယ္ ႀကံဳရတတ္သည္။ အထူးအားျဖင့္ ၾကားလူ အေႏွာက္အယွက္ ၀င္တတ္သည္။
သတိထားရမည္မွာ မလြတ္လပ္ေသာ သူမ်ားႏွင့္ ခ်စ္ႀကိဳးသြယ္မိတတ္သည္။ က်န္းမာေရးႏွင့္ ပါတ္သက္၍ ၀မ္းဗိုက္ မေကာင္း ျဖစ္တတ္သည္။ ၀မ္းပ်က္ ၀မ္းေလ်ာ ျဖစ္တတ္သည္။ ထီထိုးျခင္းကို ၀ါသနာ ပါသူ ျဖစ္ပါက (၁၃)(၃၁) ပါေသာ ဂဏန္းကို ရွာ၍ ထိုးပါေလ။ ယၾတာအေနႏွင့္ အိမ္ဘုရားတြင္ အုန္းႏို႔ေခါက္ဆြဲ လွဴဒါန္း၍ လိုရာဆုေတာင္းပါေလ။
ယူနီကုဒ် ဖြင့်ဖတ်ပါ
သောကြာသားသမီးများအတွက်
ဒီလအတွင်း သင်၏ ကံဇာတာကတော့ ကံကြမ္မာကောင်းများ အပြောင်းအလဲ ဖြစ်နိုင်သော အချိန်ကာလ ဖြစ်သည်။ ကံကြမ္မာ အခွင့်အရေး အခွင့်အလန်းကောင်းများ ရရှိကြုံဆုံမည်။ အထူးအားဖြင့် ဝင်ငွေကောင်းသလို ငွေကြေးအကုန်အကျများလည်း များတတ်သော အချိန်ကာလ ဖြစ်၏။
ပြီးခဲ့သော အချိန်ကာလက ကြုံတွေ့ခဲ့ရသော အခက်အခဲများ ပြဿနာများ ပြေလည်မည်။ ဖြေရှင်းနိုင်မည်။ ဒီအချိန်မှာ သင့်အတွက် တစ်ခုသတိထားရမည်မှာ ကိုယ့်အတွက် အကျိုးလုံး၀ မရှိသော အလုပ်များလည်း လုပ်ကိုင်နေရတတ်သည်။ တစ်ခု ပျော်စရာ ကောင်းသည်မှာ သင်၏ စိတ်သည် အပျော်အရွှင်ဆုံး အချိန်ဖြစ်သည်။ သင်ကိုယ်တိုင် သင်၏ ကံဇာတာများ ကောင်းမွန်နေသည်ဟူ မိမိကိုယ် မိမိ ယုံကြည်မှု့ ရနေမည်။ စိတ်ဓာတ်များလည်း အလိုလို တက်ကြွနေလိမ်မည်။ အလုပ်အကိုင် အသစ်များ ဖန်တီးနိုင်မည်။ အဆက်အသွယ်ကောင်းများ အဆက်အသွယ် အသစ်များ ရမည်။ မိတ်ရင်းဆွေရင်း ဆရာသမားရင်းများနှင့် အဆင်မပြေ ဖြစ်တတ်သည်။
အိမ်ထောင်သည်များ သားသမီး ရင်သွေးရတနာ ထွန်းကားမှု့ ရရှိမည်။ ခြေနှစ်ချောင်း ဝင်ကိန်း ရှိ၏။ ရွှေထွက်ကိန်း ရှိသည်။ ရွှေပေါင်ရတတ်သည်။ ဆရာအတုဆရာယောင်များနှင့် ကြုံရတတ်သည်။ အမွေနှင့် ပါတ်သက်သော ကိစ္စများ မရှင်းမလင်း ဖြစ်မည်။ မတင်မကျ ဖြစ်မည်။ စကားအပြောအဆို မအောင်မမြင် ဖြစ်မည်။ ဒီအချိန် မပြောသင့်ပေ။ အိုးအိမ်နေရာထိုင်ခင်း နှင့် ပါတ်သက်သော ကိစ္စများ အဆင်ပြေ တိုးတက်မှု့ အောင်မြင်မှု့ရရှိမည်။
မိမိ၏ ဖခင်နှင့် ဆက်နွယ်နေသော အမျိုးအဆွေများဘက်မှ ကူညီထောက်ပံ့ပေးခြင်းများ ရရှိတတ်သည်။ ဒီအချိန်တွင် သင်၏ ပြောစကားဆိုစကား အောင်မြင်မှု့ ရရှိမည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေးတွင် တစ်ယောက်နှင့်တစ်ယောက် သံသယ ပွားရတတ်သည်။ အမြင်မကြည်မလင် ဖြစ်ရတတ်တယ်။ ငယ်ရွယ်သူများ အချစ်ရေး မေတ္တာရေးတွင် အနှောက်အယှက် အနည်းငယ် ကြုံရတတ်သည်။ အထူးအားဖြင့် ကြားလူ အနှောက်အယှက် ဝင်တတ်သည်။
သတိထားရမည်မှာ မလွတ်လပ်သော သူများနှင့် ချစ်ကြိုးသွယ်မိတတ်သည်။ ကျန်းမာရေးနှင့် ပါတ်သက်၍ ဝမ်းဗိုက် မကောင်း ဖြစ်တတ်သည်။ ဝမ်းပျက် ဝမ်းလျော ဖြစ်တတ်သည်။ ထီထိုးခြင်းကို ဝါသနာ ပါသူ ဖြစ်ပါက (၁၃)(၃၁) ပါသော ဂဏန်းကို ရှာ၍ ထိုးပါလေ။ ယတြာအနေနှင့် အိမ်ဘုရားတွင် အုန်းနို့ခေါက်ဆွဲ လှူဒါန်း၍ လိုရာဆုတောင်းပါလေ။