You are here
Home > အနုပညာ > Project K အဖွဲ့လေး နဲ့ အတူ အမိုက်စားက ကွက်ဆန်းတွေ နဲ့ ကခုန်နေကြတဲ့ ဝတ်မှုန်ရွှေရည် ရဲ့ Video လေး

Project K အဖွဲ့လေး နဲ့ အတူ အမိုက်စားက ကွက်ဆန်းတွေ နဲ့ ကခုန်နေကြတဲ့ ဝတ်မှုန်ရွှေရည် ရဲ့ Video လေး

ဖြူဖွေးနုဖတ်တဲ့ အသားအရည်လေးကို ပိုင်ဆိုင် ထားသူလေးကတော့ ပြည်သူ ချစ်မင်းသမီးလေး ဝတ်မှုန်ရွှေရည်ပါ။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားကြီး များတွင်လည်း ပီပြင်စွာသရုပ်ဆောင်မှုကြောင့် အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားသူတစ်ယောက်ပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူ အရာလေးတွေကြောင့်လည်း ပရိသတ်တွေက တစိမ့်စိမ့်ကြည့်ပြီး ချစ်နေရတာပါ။

ရွှေကစ်ဟာ လတ်တလော မှာလည်း ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးတဲ့ ” တိမ်တွေပေါ်ကပန်း ” ဆိုတဲ့ ဇာတ်ကားကြီး ရိုက်ကူးနေတာပါ။ အခုမှာလည်း ကိုရီးယားနိုင်ငံကို ရုပ်ရှင်ဇာတ်ဝင်ခန်း ရိုက်ကူးရန် ရောက်ရှိနေတာပါ။ ကိုရီးယားကို ရောက်ရှိနေတဲ့ ပုံရိပ်လေးတွေ ကိုလည်း ရွှေကစ်ရဲ့ Instagram myday မှာ တင်ထားတာပါ။

သူမ ကိုရီးယားနိုင်ငံ ကို မသွားရောက် ခင်လေးမှာ Boy Band တစ်ခုဖြစ်တဲ့ Project K အဖွဲ့နဲ့ ကြော်ငြာလေးတစ်ခုရိုက်ကူးခဲ့တာပါ။ ဒီကြော်ငြာရိုကွင်းတွင် သူတို့အဖွဲ့နဲ့ရွှေကစ်လေးတို့ အမှတ်တရကထားကြတဲ့ ဗီဒီယိုလေးကိုတော့ Project Kအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Morris ရဲ့ instagram Stories မှာ တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source – Morris-myanmar’s Instagram Stories
credit – myanmarload

Top
//whoursie.com/4/3018672