You are here
Home > အနုပညာ > လူ့ဘ၀က တိုတိုလေး မို့ သူ့အပေါ် ဆဲဆိုနေကြသူတွေကို ပညာသား ပါပါတုန့်ပြန်ခဲ့ဖူးတဲ့ မင်းသွေး ရဲ့ ဗီဒီယိုဖိုင်

လူ့ဘ၀က တိုတိုလေး မို့ သူ့အပေါ် ဆဲဆိုနေကြသူတွေကို ပညာသား ပါပါတုန့်ပြန်ခဲ့ဖူးတဲ့ မင်းသွေး ရဲ့ ဗီဒီယိုဖိုင်

ချစ်တဲ့ ပရိသတ်တွေ၊ မိသားစုတွေနဲ့ သူငယ်ချင်းတွေ ကို ခွဲခွာခဲ့တာဟာ ၁၀လခန့်ရှိနေပြီ ဖြစ်ပြီး ယနေ့အချိန်အထိ သူ့ကို မေ့မရသေးတဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ အရင်က ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပြီး အလွမ်းဖြေနေကြဆဲ ဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုတွေထဲမှာမှ သူ့ကို ဝေဖန် ဆဲဆိုနေကြတဲ့ ပရိသတ်တွေ ကိုစိတ်တည်ငြိမ်အေးချမ်းစွာ တရားသဘော နဲ့ ပြန်လည်ဖြေရှင်းလိုက်ပုံကတော့ တကယ့် ပညာသားပါလှပါတယ် ။ မင်းသွေးဟာ သူငယ်ချင်းတွေကြားမှာလဲ စွန့်လွှတ်အနစ်နာခံသူအဖြစ် နာမည်တွင်ကျန်ရစ်ခဲ့သူဖြစ်ပြီး အနုပညာအလုပ်တွေကို မဆုံးခင် အချိန်အထိ အားကြိုးမာန်တက်လုပ်ဆောင် ခဲ့သူလဲ ဖြစ်ပါတယ်။

သူပြောခဲ့ဖူးတဲ့ ဆဲဆိုနေသူတွေ ကိုဖြေရှင်းခဲ့ပုံလေးကတော့ “ လူ့ဘဝဆိုတာ တိုတိုလေး ပါဗျာ နေခွင့်ရတဲ့ အချိန်ခဏမှာ စိတ်ချမ်းသာစွာနေထိုင်ဖို့ကျွှန်တော့်အတွက် သိပ်အရေးကြီးပါတယ် . .ကျွှန်တော်နဲ့ပတ်သက်ပြီး မဟုတ်မမှန် သတင်းတွေကို ဖြန့်နေသူတွေနဲ့ အဲဒီအပေါ်မှာ က ကြီးမသိ အ မသိပဲ ဆဲဆိုနေသူတွေ အတွက် ဒီပြဿနာကို နောက်ဆုံးဖြေရှင်းတဲ့ Video ပါ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ

” လို့ ဆိုပြီး ဗီဒီယိုလေးနဲ့အတူ ရေးသားခဲ့ပါတယ်။

မင်းသွေး အတွက် အလွမ်းပြေ ဗီဒီယို ….

မင်းသွေးဟာ ရုပ်ရှင်ကားတွေကိုလဲ အကောင်းဆုံး ရိုက်ကူးခဲ့ပြီး သီချင်းတွေလဲ သီဆိုခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူရဲ့ နောက်ဆုံးဖြစ်ခဲ့တဲ့ သီချင်းခွေကတော့ ညီမင်းခိုင်၊သားငယ်တို့နဲ့အတူ သီဆိုထားတဲ့ ပထမသုံး ဆိုတဲ့ အခွေလေးဘဲ ဖြစ်ပါတယ် ။ ဒီအခွေလေးကို သူကွယ်လွန်ပြီးချိန်မှသာ ထွက်ရှိနိုင် ခဲ့တာဖြစ်ပါတယ်။ ဒါတင်မက သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလဲ သူကွယ်လွန်ပြီးချိန်မှသာ ရုံတင်ခွင့်တွေရရှိခဲ့တာမို့ သူ့အတွက် အလွန်ကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

သို့ပေမယ့်လဲ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေက ဆက်တိုက် ဆိုသလို ရုံတင်လာကြတာဖြစ်လို့ ပရိသတ်မမေ့နိုင်သေး ဘူးဆိုတာကလဲ ဖြစ်နိုင်ပါတယ်။ သူပါဝင်ရိုက်ကူးခဲ့တဲ့ နောက်ဆံုးရုံတင်ပြသပြီးဖြစ်တဲ့ရုပ်ရှင်ဇာတ်ကားကြီးကတော့ နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားကြီးဘဲ ဖြစ်ပါတယ်။ ချစ်တဲ့ပရိသတ်ကြီးက မင်းသွေးကို ခုချိန်ထိမမေ့သေးဘူးဆိုရင် အမှတ်တရ စကားလေးတစ်ခုလောက် ပြောပေးခဲ့ကြပါဦးနော်။

မင်းသွေးကို အလွမ်းပြေအနေနဲ့ သူ့ရဲ့ ဗီဒီယိုဖိုင်လေး တင်ဆက်ပေး လိုက်ပါတယ်နော်။ ကြည့်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

credit-momlay

Top
//intorterraon.com/4/3018672