You are here
Home > အနုပညာ > .ထိုင်းရဲတွေရဲ့သရုပ်မှန်ကို ချပြလိုက်တဲ့ နော်ကြယ်စင် (ခေါ်) အနော်

.ထိုင်းရဲတွေရဲ့သရုပ်မှန်ကို ချပြလိုက်တဲ့ နော်ကြယ်စင် (ခေါ်) အနော်

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ဝင်း နဲ့ ဇော်တို့ကတော့ သေဒဏ်ချမှတ်တာ ခံရမှုနှင့်ပတ်သက်ပြီး မြန်မာပြည်သူတွေကလည်း တတ်အားသမျှ ၀ိုင်းဝန်းကူညီနေကြပြီး ထိုင်းနိုင်ငံရောက် အွန်လိုင်းဆယ်လီ အနော် (ခ) နော် ကြယ်စင်ကလည်း ခုလိုပဲ ပြောဆိုခဲ့ပါတယ်။

သူမကတော့ ထိုင်းရဲတွေရဲ့ အကျင့်ပျက်ချစားမှုတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ခုလိုပဲ ချပြခဲ့တာဖြစ်ပါတယ်။ အနော်က “အပြစ်မရှိဘဲ အပြစ်ပေးတာတော့ နည်းနည်းတော့များသွားပီး တကယ်ပါ ထိုင်းမှာ အလုပ်လုပ်နေတဲ့ ကျမတို့မြန်မာနိုင်ငံသားတချို့ဟာထိုင်းပလိပ်တွေအတွက် ပိုက်ဆံထုပ်စက်ပါ ပိုက်ဆံလိုနေရင် ကောက်ဖမ်းလိုက်ကြတယ်လေ

အဲ့ရတဲ့ပိုက်ဆံ သားမယားပြန်ကျွေး ပခုံးပေါ်ကြည့်တော့ ကြယ်လေးတပွင့် ထွီးးးကိုယ့်ဒူး နဲ့တောင် မရှာစားနိုင်တဲ့ ထိုင်း ပလိပ်အပြစ်မရှိရင် အပြစ်ရှာတယ်မမှားရင်တောင် အမှားကို ဖန်းတီးယူတယ်၊ ဒီမြန်မာလုပ်သားတွေသာ ထိုင်းမှာမရှိရင် ငတ်ပြတ်သေနေကြလောက်ပြီ တမြို့လုံး” ဆိုပြီးလူမှုကွန်ရက်ပေါ်ကနေရေးသားထားတာပါ။

ဝင်း နဲ့ ဇော် ကိစ္စမှာ ထိုင်းပြည်သူတွေကိုယ်တိုင်က ထိုင်းရဲတွေရဲ့ လုပ်ရပ်ကို မကျေမနပ်ဖြစ်နေကြတာပါ။ အခုလို အကျင့်ပျက်ထိုင်းရဲတွေရဲ့ မကောင်းမှုတွေကို အနော်က ခုလိုပဲ မြန်မာလူမျိုးနှစ်ဦးဘက်က ရဲရဲဝံ့ဝံ့ မှန်ကန်စွာ ရပ်တည်လိုက်တာပဲဖြစ်ပါတယ်။

Top
//meenetiy.com/4/3018672