You are here
Home > Health > “ကင္ဆာႏွင့္ ႏွလံုးေရာဂါကို ကာကြယ္ေပးႏိုင္တဲ့ နႏြင္းေဖ်ာ္ရည္”

“ကင္ဆာႏွင့္ ႏွလံုးေရာဂါကို ကာကြယ္ေပးႏိုင္တဲ့ နႏြင္းေဖ်ာ္ရည္”

Zawgyi ျဖင့္ဖတ္၇န္

နႏြင္းကို ႏိုင္ငံေတြရဲ႕ တိုင္းရင္းေဆးေတြမွာ အဓိက ထားသံုးေနၾကတာ ရာစုႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနပါၿပီ။ နႏြင္းမွာ ေရတြက္လို႔မရေလာက္ေအာင္ က်န္းမာေရးကို အေထာက္အပံ့ျဖစ္ေစတဲ့ ဓာတ္ေတြ ပါ၀င္ေနပါတယ္။ ဒါေၾကာင့္ မနက္မိုးလင္းတာနဲ႔ နႏြင္းကုိ ေရေႏြးေႏြးေလးနဲ႔ ေဖ်ာ္ၿပီး ေသာက္သံုးသင့္ပါတယ္။

အဆစ္အျမစ္ ကိုက္ခဲတာေတြ သက္သာ

နႏြင္းက သာမန္ အကိုက္အခဲေပ်ာက္ေဆးေတြျဖစ္တဲ့ Aspirin, Ibuprofen, Sulindac စတဲ့ ေဆးေတြထက္ပိုၿပီး ကိုက္ခဲတဲ့ ေ၀ဒနာေတြကို သက္သာေစပါတယ္လို႔ Oncogene ေဆးပညာ ဂ်ာနယ္မွာ ေရးသားထားပါတယ္။ အဆစ္အျမစ္ကိုက္ခဲတာေတြ၊ ေယာင္ယမ္းတာေတြအတြက္ သင့္ေလ်ာ္ပါတယ္။

ကင္ဆာ ေရာဂါကို ကာကြယ္ေပး

နႏြင္းမွာ အယ္ကာလိုင္း ဓာတ္ေတြၾကြယ္၀စြာပါ၀င္ပါတယ္။ အယ္ကာလိုင္း ဓာတ္ေတြမ်ားေနတဲ့ေနရာမွာ ကင္ဆာဆဲလ္ေတြက ဖြံ႔ၿဖိဳးဖို႔ခက္ခဲပါတယ္။ ဒါေၾကာင့္ နႏြင္းက ကင္ဆာ ေရာဂါကို တိုက္ဖ်က္ကာကြယ္ေပးႏုိင္စြမ္းရွိတာပါ။

ႏွလံုးေရာဂါကို ကာကြယ္ေပး

ေသြးေၾကာေတြက်ဥ္းလာတာ၊ ႏွလုံးေသြးေၾကာပိတ္တို႔ကို ကာကြယ္ေပးပါတယ္။ နႏြင္းမွာ ေသြးေၾကာေတြထဲမွာ အနယ္က်လာတာကုိလည္း ေလ်ာ့ခ် တိုက္ဖ်က္ေပးပါတယ္။
အစာေျခစနစ္ကို အားေကာင္းေစ

အစာအိမ္ ေလပြျခင္း မ်ား စတဲ့ အစာေျခစနစ္နဲ႔ ပတ္သက္တဲ့ ျပႆနာေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။ နႏြင္းကို ပံုမွန္စားေပးရင္ bile ဆိုတဲ့ အဆီကို အစာေျခေပးတဲ့ ဓာတ္ေတြ ထြက္လာၿပီး ကိုယ္အေလးခ်ိန္ထိန္းေပးကာ အစာေျခစနစ္ကို အားေကာင္းေစပါတယ္။

အသည္းကို ကာကြယ္ေပး

နႏြင္းက အသည္းရဲ႕ လုပ္ငန္းေဆာင္တာေတြကို အားေကာင္းေအာင္ လုပ္ေဆာင္ေပးပါတယ္။ အသည္းမွာရွိတဲ့ ဆဲလ္ေတြ၊ တစ္ရွဴးေတြကိုလည္း ကာကြယ္ေပးပါတယ္။ အရက္ေၾကာင့္၊ သံဓာတ္မ်ားလို႔၊ အသည္းေရာဂါ စတဲ့ ေရာဂါေတြေၾကာင့္ အသည္းပ်က္စီးမႈႏႈန္းကိုလည္း ေလ်ာ့ခ်ေပးပါတယ္။

က်န္းမာတဲ့ ဦးေႏွာက္ ရရွိေအာင္ ေထာက္ပံ့ေပး

နႏြင္းက Parkinson ေရာဂါ၊ အယ္ဇိုင္းမား နဲ႔ ေလျဖတ္ျခင္းတို႔ကို သက္သာ ေပ်ာက္ကင္းေစႏိုင္ပါတယ္။ သူ႔မွာ Antioxidant ေတြပါ၀င္ၿပီး ဦးေႏွာက္ရဲ႕ က်န္းမာေရးကိုေထာက္ပံ့ေပးပါတယ္။ ဆဲလ္ေတြ ပ်က္စီးေသဆံုးတာ၊ စိတ္ဖိစီးမႈေတြကိုလည္း ကာကြယ္ ေလ်ာ့က်ေစပါတယ္။

အရြယ္တင္ႏုပ်ိဳေစ

နႏြင္းမွာ Free Radicals ဓာတ္ေတြပါ၀င္ၿပီး ခႏၶာကိုယ္အတြင္း ေရာင္တာ၊ေဖာင္းတာေတြ၊ အသားအေရ ေလ်ာ့ရဲတာေတြကို ကာကြယ္ေပးပါတယ္။ ပံုမွန္စားေပးရင္ အသက္အရြယ္ႀကီးျမင့္လာလို႔ ျဖစ္လာတဲ့ ေရာဂါေတြကိုပါ ကာကြယ္ေပးပါတယ္။

myfoodmyanmar
Unicodeဖြင့်ဖတ်ရန်

နနွင်းကို နိုင်ငံတွေရဲ့ တိုင်းရင်းဆေးတွေမှာ အဓိက ထားသုံးနေကြတာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ နနွင်းမှာ ရေတွက်လို့မရလောက်အောင် ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် မနက်မိုးလင်းတာနဲ့ နနွင်းကို ရေနွေးနွေးလေးနဲ့ ဖျော်ပြီး သောက်သုံးသင့်ပါတယ်။

အဆစ်အမြစ် ကိုက်ခဲတာတွေ သက်သာ
နနွင်းက သာမန် အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Aspirin, Ibuprofen, Sulindac စတဲ့ ဆေးတွေထက်ပိုပြီး ကိုက်ခဲတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်လို့ Oncogene ဆေးပညာ ဂျာနယ်မှာ ရေးသားထားပါတယ်။ အဆစ်အမြစ်ကိုက်ခဲတာတွေ၊ ယောင်ယမ်းတာတွေအတွက် သင့်လျော်ပါတယ်။
ကင်ဆာ ရောဂါကို ကာကွယ်ပေး

နနွင်းမှာ အယ်ကာလိုင်း ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ အယ်ကာလိုင်း ဓာတ်တွေများနေတဲ့နေရာမှာ ကင်ဆာဆဲလ်တွေက ဖွံ့ဖြိုးဖို့ခက်ခဲပါတယ်။ ဒါကြောင့် နနွင်းက ကင်ဆာ ရောဂါကို တိုက်ဖျက်ကာကွယ်ပေးနိုင်စွမ်းရှိတာပါ။
နှလုံးရောဂါကို ကာကွယ်ပေး

သွေးကြောတွေကျဉ်းလာတာ၊ နှလုံးသွေးကြောပိတ်တို့ကို ကာကွယ်ပေးပါတယ်။ နနွင်းမှာ သွေးကြောတွေထဲမှာ အနယ်ကျလာတာကိုလည်း လျော့ချ တိုက်ဖျက်ပေးပါတယ်။
အစာခြေစနစ်ကို အားကောင်းစေ

အစာအိမ် လေပွခြင်း များ စတဲ့ အစာခြေစနစ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို သက်သာပျောက်ကင်းစေပါတယ်။ နနွင်းကို ပုံမှန်စားပေးရင် bile ဆိုတဲ့ အဆီကို အစာခြေပေးတဲ့ ဓာတ်တွေ ထွက်လာပြီး ကိုယ်အလေးချိန်ထိန်းပေးကာ အစာခြေစနစ်ကို အားကောင်းစေပါတယ်။
အသည်းကို ကာကွယ်ပေး

နနွင်းက အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ အသည်းမှာရှိတဲ့ ဆဲလ်တွေ၊ တစ်ရှူးတွေကိုလည်း ကာကွယ်ပေးပါတယ်။ အရက်ကြောင့်၊ သံဓာတ်များလို့၊ အသည်းရောဂါ စတဲ့ ရောဂါတွေကြောင့် အသည်းပျက်စီးမှုနှုန်းကိုလည်း လျော့ချပေးပါတယ်။
ကျန်းမာတဲ့ ဦးနှောက် ရရှိအောင် ထောက်ပံ့ပေး

နနွင်းက Parkinson ရောဂါ၊ အယ်ဇိုင်းမား နဲ့ လေဖြတ်ခြင်းတို့ကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ သူ့မှာ Antioxidant တွေပါဝင်ပြီး ဦးနှောက်ရဲ့ ကျန်းမာရေးကိုထောက်ပံ့ပေးပါတယ်။ ဆဲလ်တွေ ပျက်စီးသေဆုံးတာ၊ စိတ်ဖိစီးမှုတွေကိုလည်း ကာကွယ် လျော့ကျစေပါတယ်။
အရွယ်တင်နုပျိုစေ

နနွင်းမှာ Free Radicals ဓာတ်တွေပါဝင်ပြီး ခန္ဓာကိုယ်အတွင်း ရောင်တာ၊ဖောင်းတာတွေ၊ အသားအရေ လျော့ရဲတာတွေကို ကာကွယ်ပေးပါတယ်။ ပုံမှန်စားပေးရင် အသက်အရွယ်ကြီးမြင့်လာလို့ ဖြစ်လာတဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။
myfoodmyanmar

Top
//thaudray.com/4/3018672