Source : Khin Hlaing
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။
“တော်သလင်းလပြည့်အခါတော်နေ့မှာ ပုပ္ပါးမြေထိ ဘုရားထီးတော်တင် အလှူလေးပြုလုပ်ခဲ့တဲ့ ခင်လှိုင်”
ခင်လှိုင်ကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့်လည်းဆယ်စုနှစ်တစ်ခုကျော်အထိအောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးလို့လည်းဆိုနိုင်ပါတယ်။။သရုပ်ဆောင်တစ်ယောက်အပြင် ဟာသလူရွှင်တော်တစ်ဦးအနေနဲ့လည်းပရိသတ်တွေရဲ့အားပေးလက်ခံမှုကိုရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။
ခင်လှိုင်ကတော့ သက်ကြီးလူရွှင်တော်ကြီးများအား အလှူငွေတွေလှူဒါန်းနေတဲ့ ဇဝနဖောင်ဒေးရှင်းကို ဦးစီးတည်ထောင်ထားတာဖြစ်ပြီး ဇနဝဖောင်ဒေးရှင်းဟာ တစ်လတစ်ခါ အသက်အရွယ်ကြီးတဲ့လူရွှင်တော်တွေကို မဲနှိုက်ရွေးချယ်ကာ လှူဒါန်းမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။မကြာသေးမီကလည်း မွန်ပြည်နယ်မှာ ကြုံတွေခဲ့ရတဲ့ ရေဘေးသင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ လှူဒါန်းမှုတွေကိုလည်း (၂)ကြိမ်တိတိ ဦးခင်လှိုင်က ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။
ဒီနေ့ စက်တင်ဘာလ (၁၃)ရက်နေ့၊ တော်သလင်း လပြည့်နေ့ (ဂရုဓမ္မ အခါတော်နေ့)မှာတော့ ဦးခင်လှိုင်ဟာ ပုပ္ပါးမြေမှာ ဘုရားထီးတော်တင် ဆပ်ကပ်လှူဒါန်းတဲ့ အလှူလေးတစ်ခု ပြုလုပ်ခဲ့တာကို ဦးခင်လှိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ တော်သလင်းလပြည့်နေ့မှာပြုလုပ်တဲ့ ဦးခင်လှိုင်ရဲ့မွန်မြတ်လှတဲ့အလှူလေးအတွက် ထပ်တူထပ်မျှသာဓုခေါ်လို့ရအောင်မျှဝေပေးလိုက်ပါတယ်နော်။
Source : Khin Hlaing
Chilli – CeleGabar